သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားခြိမ်းခြောက်မှု ကန်နဲ့ မဟာမိတ်နှစ်နိုင်ငံ ဆွေးနွေး


Honolulu မှာ ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်နေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken၊ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Chung Eui-yong နဲ့ ဂျပန် နိုင်ငံခြားရေးဝန်ကြီး Yoshimasa Hayashi. (ဖေဖော်ဝါရီ ၁၂၊ ၂၀၂၂)
Honolulu မှာ ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်နေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken၊ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Chung Eui-yong နဲ့ ဂျပန် နိုင်ငံခြားရေးဝန်ကြီး Yoshimasa Hayashi. (ဖေဖော်ဝါရီ ၁၂၊ ၂၀၂၂)

(Zawgyi / Unicode)

မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်နိုင်မှု အန္တရာယ်နဲ့ ပတ်သက်ပြီး အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့ဟာ ဟာဝိုင်ယီမှာ တွေ့ဆုံခဲ့ကြပါတယ်။

မြောက်ကိုရီးယားဟာ တမင်တကာ ဆွနေတဲ့အဆင့်မှာ ရှိတယ်လို့ စနေနေ့ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြောပါတယ်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး Yoshimasa Hayashi နဲ့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Chung Eui-yong တို့နဲ့ စကားပြောအပြီးမှာ သုံးနိုင်ငံဟာ လုံးဝဥဿုံ ညီညွတ်နေတယ်လို့ Blinken က ပြောပါတယ်။ မြောက်ကိုရီးယားနဲ့ ပတ်သက်ပြီး ရှေ့ဆက်ဆောင်ရွက်ရမယ့် ခြေလှမ်းတွေကိုလည်း သုံးနိုင်ငံဟာ ရင်းရင်းနှီးနှီး တိုင်ပင်နှီးနှောကြတယ်လို့ သူကဆိုပါတယ်။

မြောက်ကိုရီးယားကို တွေ့ဆုံဆွေးနွေးဖို့နဲ့ ဥပဒေမဲ့လုပ်ရပ်တွေ ရပ်ဖို့ သုံးနိုင်ငံ ကြေညာချက်မှာ တောင်းဆိုထားသလို မြောက်ကိုရီးယားအပေါ် ရန်လိုတဲ့သဘောထား မရှိဘဲ ဘယ်လို ကြိုတင်သတ်မှတ်ချက် မထားဘဲ ဆွေးနွေးလိုကြောင်းလည်း ကမ်းလှမ်းထားပါတယ်။

အမေရိကန်က ပိတ်ဆို့အရေးယူထားတာတွေကို လျှော့လာအောင် ဒုံးကျည်တွေကို စမ်းသပ်နေတာ ဖြစ်တယ်လို့ သုံးသပ်သူတွေက ပြောကြပါတယ်။ အမေရိကန်ကလည်း အဲဒီလို ပိတ်ဆို့ထားတာတွေကို နျူကလီးယားလက်နက်နဲ့ ပတ်သက်ပြီး လျှော့ချ ဖြတ်တောက်ပေးတဲ့ သဘောတူညီချက် မရဘဲ ဖြေလျှော့မပေးလိုပါဘူး။

အမေရိကန်ရဲ့ ရန်လိုတဲ့ လုပ်ရပ်တွေကို မရပ်ဘဲ သူ့ရဲ့ နျူကလီးယား စမ်းသပ်ချက်တွေကို ရပ်မပေးဘူးလို့ မြောက်ကိုရီးယားကလည်း ပြောထားပါတယ်။

အိုလံပစ်ပွဲအပြီးမှာ စမ်းသပ်မှုတွေကို မြောက်ကိုရီးယားက တိုးလုပ်လာဦးမယ်လို့ သုံးသပ်သူတွေက ခန့်မှန်းထားကြပါတယ်။

မြောက်ကိုရီးယားခြိမ်းခြောက်မှု ကန်နဲ့ မဟာမိတ်နှစ်နိုင်ငံ ဆွေးနွေး
please wait

No media source currently available

0:00 0:01:25 0:00
တိုက်ရိုက် လင့်ခ်

---------------------------

(Unicode)









XS
SM
MD
LG