သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တာတိုပစ်လက်နက်သစ် မြောက်ကိုရီးယား စမ်းသပ်ပစ်လွှတ်


တာတိုပစ်လက်နက် စမ်းသပ်ပစ်လွှတ်မှုကို ကြည့်ရှုနေတဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un. (ဧပြီ ၁၆၊ ၂၀၂၂)
တာတိုပစ်လက်နက် စမ်းသပ်ပစ်လွှတ်မှုကို ကြည့်ရှုနေတဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un. (ဧပြီ ၁၆၊ ၂၀၂၂)

(Zawgyi / Unicode)

နျူကလီးယားထိပ်ဖူး သယ်ဆောင်နိုင်တဲ့ နည်းပရိယာယ်ပိုင်းဆိုင်ရာ လက်နက်ပုံစံ အသစ်တရပ်ကို စမ်းသပ်ပစ်လွှတ်ရာမှာ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un က ကြည့်ရှုခဲ့တယ်လို့ မြောက်ကိုရီးယား နိုင်ငံတော်ပိုင် မီဒီယာက တနင်္ဂနွေနေ့မှာ ပြောပါတယ်။

ကမ်းခြေပေါ်မှာ ဒုံးကျည်ပစ်ယာဉ်ကနေ တာတိုပစ်ဖြစ်ဟန်ရှိတဲ့ လက်နက်ကို ပစ်လွှတ်လိုက်တာဖြစ်ပြီး ဓာတ်ပုံကို Rodong Sinmun သတင်းစာက ဖော်ပြထားပါတယ်။

မြောက်ကိုရီးယားရဲ့ နည်းပရိယာယ်ပိုင်းဆိုင်ရာ နျူကလီးယားစစ်ဆင်ရေး ထိရောက်ဖို့နဲ့ ပစ်အားကို မတူကွဲပြား ခွဲဖြန့်နိုင်ဖို့အတွက် အရေးကြီးတယ်လို့ သတင်းက ဆိုပါတယ်။

စနေနေ့ ညနေ ၆ နာရီမှာ ဒုံးကျည် ၂ စင်း ပစ်လွှတ်ခဲ့တာ ဖြစ်တယ်လို့ တောင်ကိုရီးယား စစ်တပ်ကလည်း ပြောပါတယ်။

အမြင့် ၂၅ ကီလိုမီတာအမြင့်က သွားခဲ့ပြီး အကွာအဝေး ကီလို ၁၁၀ မီတာ ရောက်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။ မကြာသေးမီက ပစ်လွှတ်စမ်းသပ်ခဲ့တဲ့ တာတိုပစ် ဒုံးကျည်တွေထက် ပိုပြီး တာတိုနေပါတယ်။

မြောက်ကိုရီးယားမှာ အလားတူ KN 23 နဲ့ KN 24 အမျိုးအစား ဒုံးကျည်တွေ ရှိပြီးသားမို့ ဘာကြောင့် ခုလို တာတိုပစ် လက်နက်ပုံစံအသစ်တရပ်ကို စမ်းသပ်ရသလဲဆိုတာ ရှင်းရှင်းလင်းလင်း မရှိပါဘူးလို့ Carnegie Endowment for International Peace က နျူကလီးယားမူဝါဒ ကျွမ်းကျင်သူ Ankit Panda က ပြောပါတယ်။

မြောက်ကိုရီးယားက ဒီနှစ် ခုအချိန်ထိ ခုလို ပစ်လွှတ်စမ်းသပ်နေတာ ၁၄ သုတ် ရှိသွားပြီ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

----------------------------

(Unicode)









XS
SM
MD
LG