သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား ထောက်လှမ်းရေးဂြိုဟ်တု စမ်းသပ်


ဆိုးလ်မြို့ ဘူတာရုံမှာ မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ်မှု သတင်းထုတ်လွှင့်ချက် ကြည့်ရှုနေသူအချို့။ (မတ် ၅၊ ၂၀၂၂)
ဆိုးလ်မြို့ ဘူတာရုံမှာ မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ်မှု သတင်းထုတ်လွှင့်ချက် ကြည့်ရှုနေသူအချို့။ (မတ် ၅၊ ၂၀၂၂)

(Zawgyi / Unicode)

မြောက်ကိုရီးယားနိုင်ငံဟာ အရေးကြီးတဲ့ ထောက်လှမ်းရေးဂြိုဟ်တု နောက်တလုံး စမ်းသပ်လိုက်တယ်လို့ နိုင်ငံပိုင် KRT ရုပ်သံက တနင်္ဂနွေနေ့မှာ ကြေညာပါတယ်။

ဒါဟာဆိုရင် တပတ်အတွင်း ပဲ့ထိန်းတပ်ဒုံးကျည် ၂ လုံး ပစ်လွှတ်ခဲ့တယ်လို့ ဒေသ စစ်ဘက်ဆိုင်ရာ အာဏာပိုင်တွေ ပြောကြားခဲ့ပြီး နောက်တနေ့မှာပဲ NADA ခေါ် မြောက်ကိုရီးယား အာကာသနည်းပညာ ဖွံ့ဖြိုးရေးနဲ့ ကာကွယ်ရေး သိပ္ပံဌာနတို့က ထောက်လှမ်းရေးဂြိုဟ်တု စွမ်းရည်မြှင့်တင်ရေး စီမံကိန်းအရ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

အခုစမ်းသပ်မှုကတဆင့် ဒီဂြိုဟ်တုရဲ့ အချက်အလက် ထုတ်လွှင့်မှုနဲ့ ဖမ်းယူရရှိမှုစနစ် တိကျခိုင်မာကြောင်း၊ ထိန်းချုပ် အမိန့်ပေးစနစ်နဲ့ မြေပြင်ထိန်းသိမ်းရေးစနစ်တွေ ခိုင်မာမှုရှိကြောင်း အတည်ပြုနိုင်ခဲ့တယ်လို့ NADA က ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့တုန်းက စမ်းသပ်မှုလိုပဲ အခုဂြိုဟ်တုကိုလည်း ဘယ်လိုဒုံးကျည်မျိုးနဲ့ ပစ်လွှတ်ခဲ့တယ်ဆိုတာ မြောက်ကိုရီးယားဘက်က ဖော်ပြမထားပေမယ့် တောင်ကိုရီးယားဘက်ကတော့ ဒါဟာ ပဲ့ထိန်းတပ်ဒုံးကျည်နဲ့ ပြုံယမ်းမြို့အနီးရှိ နိုင်ငံတကာလေဆိပ် တည်ရှိရာနေရာက ပစ်လွှတ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

--------------------------

(Unicode)






XS
SM
MD
LG