သုံးရလွယ်ကူစေသည့် Link များ

မြောက်ကိုရီးယားနိုင်ငံ နောက်ထပ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်


ဆိုးလ်မြို့ ဘူတာရုံမှာ မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ်မှု သတင်းထုတ်လွှင့်ချက်ကို ကြည့်ရှုနေသူများ။ (မတ် ၁၆၊ ၂၀၂၂)
ဆိုးလ်မြို့ ဘူတာရုံမှာ မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ်မှု သတင်းထုတ်လွှင့်ချက်ကို ကြည့်ရှုနေသူများ။ (မတ် ၁၆၊ ၂၀၂၂)

(Zawgyi / Unicode)

မြောက်ကိုရီးယားနိုင်ငံဟာ ဒုံးကျည်အမြောက်အမြား ပစ်နိုင်တဲ့ ပစ်စင်ကိုသုံးပြီး ဒုံးကျည်တစင်း ပစ်လွှတ်လိုက်တယ်လို့ တောင်ကိုရီးယားစစ်တပ်က တနင်္ဂနွေနေ့မှာ ပြောပါတယ်။

ဒါပေမယ့် ဒုံးကျည်အမျိုးအစား၊ ရောက်ခဲ့တဲ့ အကွာအဝေး၊ လားရာတွေကိုတော့ တောင်ကိုရီးယားစစ်တပ်က အသေးစိတ် မကြေညာပါဘူး။ ဒါပေမယ့် အခြေအနေကို အနီးကပ် စောင့်ကြည့်နေတယ်လို့ ကြေညာချက်မှာ ပြောထားပါတယ်။

တောင်ပြုံယမ်းပြည်နယ်ကနေ တနာရီအတွင်းမှာ ဒုံးကျည်လေးစင်း ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယား သတင်းဌာန Yonhap က ဆိုပါတယ်။

ခုလို ပစ်လွှတ်ခဲ့ပြီးတဲ့နောက် တောင်ကိုရီးယား အမျိုးသားလုံခြုံရေးကောင်စီ အစည်းအဝေးကို အရေးပေါ် ဆင့်ခေါ်ခဲ့ပါတယ်။ အရင်အပတ်တုန်းကလည်း ဒုံးကျည်တစင်း ပစ်လွှတ်ခဲ့ပေမယ့် လေထဲမှာ ပေါက်ကွဲသွားခဲ့တာကြောင့် အပျက်အစီး အပိုင်းအစတွေဟာ ပြုံယမ်းအနီးမှာ ကျလာခဲ့ပါသေးတယ်။

ခုအချိန်အထိ မြောက်ကိုရီးယားဟာ ဒီနှစ်အတွင်းမှာ ၁၁ ကြိမ်အထိ ပစ်လွှတ်ခဲ့ပြီးပါပြီ။ မကြာမီ တိုက်ချင်းပစ် ပဲ့ထိန်းတပ်ဒုံးကျည်ကို စမ်းသပ်ပစ်လွှတ်လိမ့်မယ်လို့ အမေရိကန် တာဝန်ရှိသူတွေက သတိပေးထားပါတယ်။

အခုစမ်းသပ်တဲ့ ဒုံးကျည်ဟာ တာဝေးပစ် ဒုံးကျည်တွေလောက် အန္တရာယ် မကြီးမားပေမယ့် တောင်ကိုရီးယားကိုတော့ အဓိက ခြိမ်းခြောက်နိုင်တဲ့ လက်နက်မျိုး ဖြစ်ပါတယ်။

---------------------------

(Unicode)








XS
SM
MD
LG