သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားက ယူကရိန်းရဲ့ လျှပ်စစ်ဓါတ်အားပေးစနစ်ကို တိုက်ခိုက်နေ (ယူကရိန်းအရာရှိ)


Kharkiv မြို့မှာ စက်တင်ဘာ ၁၁ ရက်နေ့က ရုရှားရဲ့ဒုံးကျည်ထိမှန်မီးလောင်နေတဲ့ ဓာတ်အားပေးစက်ရုံကို မီးငြိမ်းသတ်နေတဲ့မြင်ကွင်း၊ (Reuters)
Kharkiv မြို့မှာ စက်တင်ဘာ ၁၁ ရက်နေ့က ရုရှားရဲ့ဒုံးကျည်ထိမှန်မီးလောင်နေတဲ့ ဓာတ်အားပေးစက်ရုံကို မီးငြိမ်းသတ်နေတဲ့မြင်ကွင်း၊ (Reuters)

[[Zawgyi/Unicode]]

ယူကရိန်းတပ်တွေက အရှေ့မြောက်ဒေသမှာ ပြန်လည်ထိုးစစ်ဆင်ပြီး နယ်မြေအချို့ကိုသိမ်းပိုက်ခဲ့ပြီးတဲ့နောက် ရုရှားက ယူကရိန်း ရဲ့ လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးမှုစနစ်ကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ယူကရိန်းတာဝန်ရှိသူတွေက စွပ်စွဲလိုက်ပါတယ်။

Kharkiv နဲ့ Donetsk ဒေသမှာ လျှပ်စစ်မီးပြတ်တောက်နေသလို Zaporizhzhia၊ Dnipropetrovsk နဲ့ Sumy ‌ဒေသနေရာတချို့ မှာလည်း လျှပ်စစ်မီးမရဘူးလို့ ယူကရိန်းသမ္မတ Volodymyr Zelenskyy က တနင်္ဂနွေနေ့နှောင်းပိုင်း လူမှုကွန်ယက်မီဒီယာကနေရေးတာပါ။

ရုရှားတပ်တွေရဲ့ ဒေသဆိုင်ရာဌာနချုပ်နဲ့ ထောက်ပံ့ရေးအချက်အခြာနေရာဖြစ်တဲ့ Izyum (အစ်ဇရွန်) မြို့ အပါအဝင် နေရာတော်တော်များများကို ယူကရိန်းက မကြာမီရက်တွေတုန်းက ပြန်ပြီး သိမ်းပိုက်နိုင်ခဲ့ပါတယ်။ စက်တင်ဘာလဆန်းကတည်းကဆိုရင် စတုရန်း ကီလိုမီတာ ၃,၀၀၀ လောက်ကို ယူကရိန်းတပ်တွေက ပြန်သိမ်းနိုင်ခဲ့တယ်လို့ ယူကရိန်းစစ်တပ်အကြီးအကဲ Valerii Zaluzhnyi (ဗယ်လာရီ ဇလူရှနီ) က ပြောပါတယ်။

ယူကရိန်းတပ်တွေဟာ ရုရှားနယ်စပ်နဲ့ ကီလိုမီတာ ၅၀ အကွာမှာ ရောက်နေပြီလို့လည်း သူက ပြောပါတယ်။ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနကတော့ ရုရှားတပ်တွေ Izyum မြို့ နဲ့ Kharkiv ဒေသရဲ့ တခြားနေရာတွေက ဆုတ်ခွါတာဟာ Donetsk ဒေသနဲ့ တောင်ပိုင်းကို အားဖြည့်ဖို့ရည်ရွယ်တာဖြစ်တယ်လို့ စနေနေ့က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

==============

[[Unicode]]






XS
SM
MD
LG