သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ုရွားနဲ႔ ျမန္မာ စီးပြားေရး ပူးေပါင္းေဆာင္ရြက္မႈ အလားအလာ


(Zawgyi / Unicode)

ရုရွားနဲ႔ ျမန္မာၾကား စီးပြားေရး ပူးေပါင္းေဆာင္ရြက္မႈေတြဟာဆိုရင္ အေမရိကန္ ေဒၚလာ အေပၚ အားျပဳရမႈ ေလ်ာ့သြားေစေရး စစ္ေကာင္စီရဲ႕ ႀကိဳးပမ္းမႈ အျဖစ္ စီးပြားေရး အသိုင္းအ၀ိုင္းက ရႈျမင္ၾကပါတယ္။ ဒါ႔အျပင္ ျမန္မာႏုိင္ငံ အတြက္ လက္ရွိမွာ လိုအပ္ေနတဲ႔ စက္သံုးဆီနဲ႔ ဓာတ္ေျမၾသဇာလည္း ရုရွားထံက ရႏုိင္ဖြယ္ ရွိတယ္လို႔လည္း သံုးသပ္ၾကပါတယ္။ ဒီသီတင္းပတ္ စီးပြားေရး အစီအစဥ္မွာ မသိဂၤ ီထိုက္ တင္ျပေပးပါမယ္။
စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ျမန္မာ စစ္ေကာင္စီ အႀကီးအကဲရဲ႕ ရုရွား ႏုိင္ငံ ခရီးစဥ္ေတြ ထြက္ေပၚလာၿပီး ရုရွားနဲ႔ စီးပြားေရး ပူးေပါင္းေဆာင္ရြက္မႈေတြ လုပ္ႏုိင္ဖို႔ ႀကိဳးစားလာခဲ႔တာပါ။ ဒါဟာ အေမရိကန္ ေဒၚလာ အေပၚ အားျပဳရမႈ ေလ်ာ့သြားေရး စစ္ေကာင္စီရဲ႕ ႀကိဳးပမ္းမႈ အျဖစ္ စီးပြားေရး ပညာရွင္ ဦးစိန္ေဌးက ယူဆပါတယ္။

“ေဒၚလာ အစား သံုးမွာေပါ့ဗ်ာ။ ယြမ္ သံုးမယ္။ ယြမ္ကမွ ရူဘဲလ္ သြားမယ္။ အဲလိုနဲ႔ တဆင့္ခံနဲ႔ သြားမယ္ သူက ေဒၚလာကို အားျပဳမႈ နည္းေအာင္ လုပ္တာ။ ဒါေပမယ့္ က်ေနာ္တို႔မွာ အဓိက ႏုိင္ငံျခားေငြ ရေပါက္ ရလမ္းက နယ္စပ္ ကုန္သြယ္ေရး ရွိတယ္။ ေနာက္တခါ Gas ေရာင္းရတာ ရွိတယ္။ က်န္တဲ႔ဟာေတြက အေမရိကတို႔ Europe တို႔ က်န္တဲ႔ဟာေတြ ပို႔တာက သူတို႔ အတြက္ ပိတ္ဆို႔သြားၿပီ။ Sanctions ေတြနဲ႔ မိတယ္။”

အေမရိကန္ ေဒၚလာ အစား ရုရွား၊ တရုတ္၊ အိႏၵိယ ေငြေၾကးေတြနဲ႔ အစားထုိး ေဆာင္ရြက္ႏုိင္ေရး အတြက္လည္း စစ္ေကာင္စီ အႀကီးအကဲက ရုရွားႏုိင္ငံ ခရီးစဥ္ အတြင္းမွာ ေျပာခဲ႔တာပါ။ ရုရွားနဲ႔ ျမန္မာ စီးပြားေရး ပူးေပါင္းေဆာင္ရြက္မႈဟာ စိတ္၀င္စားဖြယ္ ျဖစ္တယ္လို႔ ပါေမာကၡ Zach Abuza ကလည္း ေျပာပါတယ္။ အေရွ႕ေတာင္ အာရွ ေဒသတြင္း ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္၊ ပုန္ကန္ေတာ္လွန္မႈ ဆိုင္ရာ ရန္ပံုေငြေထာက္ပံ႔မႈနဲ႔ ေထာက္ပံ႔ပို႔ေဆာင္ေရး၊ ႏိုင္ငံေရးအရ လက္နက္ကိုင္ ေတာ္လွန္မႈ တို႔ကို ႏွစ္ေပါင္း ၃၀ ေက်ာ္ၾကာ ေလ႔လာေနသူ ပါေမာကၡ Zach Abuza က ျမန္မာ့ အေရး Stimson စင္တာ ေဆြးေႏြးပြဲမွာ အခုလို ေျပာခဲ႔တာပါ။

“စီးပြားေရး ပူးေပါင္းေဆာင္ရြက္မႈက ပိုၿပီး စိတ္၀င္စားဖို႔ ေကာင္းပါတယ္။ ျမန္မာႏုိင္ငံမွာ လက္ရွိ တကယ္ကို လိုအပ္ေနတဲ႔ ဓာတ္ေျမၾသဇာ ေရာင္းခ်ေပးတာမ်ိဳး၊ ေလာင္စာဆီကို ေလွ်ာ့ေစ်းနဲ႔ ေရာင္းခ်ေပးတာမ်ိဳးပါ။ ေနာက္ၿပီး ဒါေတြ အားလံုးကို အေမရိကန္ ေဒၚလာနဲ႔ မဟုတ္ဘဲ ေရာင္းခ်တာမ်ိဳးလည္း ျဖစ္ႏုိုင္ပါတယ္။ ရုရွားမွာ ျမန္မာဘဏ္ေတြ ရံုးဖြင့္ေနၾကတာ က်ေနာ္တို႔ ေတြ႔ေနရပါၿပီ။ ႏွစ္ႏုိင္ငံ စလံုးက ျပင္းျပင္းထန္ထန္ ဒဏ္ခတ္ပိတ္ဆို႔ခံေနရတာေၾကာင့္ သူတို႔ အေနနဲ႔ အေမရိကန္ ေဒၚလာကို ေရွာင္ရွားႏုိင္ေရး အတြက္ ရူဘဲလ္နဲ႔ ဒါမွမဟုတ္လည္း က်ပ္နဲ႔ ဒါမွမဟုတ္လည္း တျခားနည္းတခ်ိဳ႕နဲ႔ ဖလွယ္ႏုိင္ေရး ႀကိဳးစားေနၾကတာပါ။ ”

တခ်ိန္တည္းမွာဘဲ ျမန္မာ ဗဟိုဘဏ္က စက္သံုးဆီ တင္သြင္းမႈကို တရုတ္ ယြမ္ေငြနဲ႔ ေပးေခ်ခြင့္ ျပဳမယ့္ အေၾကာင္း စက္တင္ဘာလ ၃၀ ရက္ေန႔ ေသာၾကာေန႔က ေၾကညာတဲ႔ အေၾကာင္း ျပည္တြင္း လုပ္ငန္းရွင္ေတြက ေျပာပါတယ္။ စီးပြားေရး လုပ္ငန္းရွင္ ေဒါက္တာ စိုးထြန္းကေတာ့ အခုလို မွတ္ခ်က္ေပးပါတယ္။

Dollarization ကို ေလွ်ာ့ခ်တဲ႔ သေဘာပါ။ တရုတ္ျပည္ကို ဆန္တို႔ ဆန္ကြဲတို႔ တင္ပို႔ရင္ တရုတ္ ယြမ္ေငြ ရရွိတာ ျဖစ္ၿပီး အဲဒီ ယြမ္ေငြကိုလည္း နယ္စပ္က တင္သြင္းတဲ႔ ပစၥည္းကိုဘဲ ေပးေခ်ခြင့္ ျပဳထားတာ ျဖစ္ပါတယ္။ နယ္စပ္က တင္သြင္းတာ နည္းတာေၾကာင့္ ျပည္ပ တင္ပို႔မႈက ရလာတဲ႔ ယြမ္ေငြကို အသံုးျပဳမႈ နည္းပါးတယ္။ နည္းေတာ့ ယြမ္ေစ်း သိပ္မရတဲ႔ သေဘာ ရွိတယ္။ အခုေတာ့ ဆီသမားကို ေပးေခ်ခြင့္ ျပဳလုိက္တယ္ဆိုရင္ေတာ့ ဘာဘဲ ျဖစ္ျဖစ္ အခု က်ေနာ္တို႔က တရုတ္ႏုိင္ငံကို Export ပို႔တဲ႔လူေတြ အတြက္ကေတာ့ နယ္စပ္က ပို႔တဲ႔သူေတြ အတြက္ကေတာ့ ပိုၿပီး အားသာသြားတယ္ေပါ့ေနာ္။ သူတို႔ အတြက္ ေစ်းေကာင္း ျပန္ရႏုိင္တဲ႔ အေနအထား ေတြ႔တယ္။

ျပည္တြင္းေစ်းကြက္မွာလည္း ေရႊေစ်း ေဒၚလာေစ်း စက္သံုးဆီေစ်း အနည္းငယ္ က်လာေပမယ့္ တျခားကုန္စည္ေတြကေတာ့ ေစ်းသိပ္မက်ေသးပါဘူး။ ဆန္ေစ်း ကေတာ့ စေနေန႔တုန္းက ဒိုင္ေစ်းက်ခဲ႔ပါတယ္။

ရုရွားကေန ေလာင္စာဆီ ၀ယ္ယူမယ္ဆိုတာကိုေတာ့ စစ္ေကာင္စီဘက္က ေျပာဆိုထားပါတယ္။ ဒါေပမယ့္လည္း ဘယ္လို ႏႈန္းထားနဲ႔ ၀ယ္ယူသလဲ ဘယ္ေလာက္ ပမာဏ ၀ယ္ယူသလဲ ဆိုတာကိုေတာ့ ရွင္းရွင္းလင္းလင္း ထုတ္ျပန္ မထားပါဘူး။ ပံုမွန္အားျဖင့္ေတာ့ ျမန္မာႏုိင္ငံဟာ စကာၤပူ၊ ေနာက္ တရုတ္ရဲ႕ Petro China တို႔ကေန ရန္ကုန္ ဆိပ္ကမ္းအေရာက္ ႏႈန္းနဲ႔ ၀ယ္ယူေနတာ ျဖစ္ပါတယ္။
ဒါ႔အျပင္ ရုရွားထံက ဓာတ္ေျမၾသဇာ ၀ယ္ယူ ရရွိေရးလည္း ျဖစ္ႏုိင္တယ္လို႔ ေဒါက္တာ စိုးထြန္းက ယူဆပါတယ္။

“ဓာတ္ေျမၾသဇာလည္း ၿပီးခဲ႔တဲ႔ လေတြတုန္းက ၀ယ္ဖို႔ ခက္သြားတာေပါ့ေနာ္။ တရုတ္ျပည္က အရင္တုန္းက ယူရီးယား ေျမၾသဇာ ၀ယ္တယ္။ ဒါေပမယ့္ တရုတ္ႏုိင္ငံက Export ban တဲ႔ အတြက္ ၀ယ္ဖို႔ ခက္သြားတာေပါ့ေနာ္။ ”

“ တကယ္ေတာ့ ယူရီးယားက ၀ယ္ဖို႔ ပိုခက္တယ္။ ဓာတ္ဆီ ဒီဇယ္ကေတာင္ ၀ယ္ဖို႔ ပိုလြယ္တယ္။ နကစ အေနနဲ႔ကေတာ့ အဓိက သူေပးခ်င္တာကေတာ့ ယူရီးယား ေျမၾသဇာကို အေျခခံတယ္လို႔ ထင္တယ္။ ”

“ထုတ္ျပန္တဲ႔ အထဲမွာေတာ့ ေႏြစပါး ဧက ၈ သိန္း စိုက္ဖို႔ အတြက္ကို ၄၀၀ ဘီလ်ံ အစိုးရကေန ေထာက္ပံ႔မယ္ဆိုၿပီး ေျပာတာေပါ့။ Covid ရန္ပံုေငြကေန။ အဲဒီလို ေထာက္ပံ႔တဲ႔ အထဲမွာ ေငြကို မေထာက္ပံ႔ဘဲနဲ႔ ေျမၾသဇာ ေထာက္ပံ႔မယ္လို႔ ေျပာထားတယ္။ က်ေနာ္ ထင္တာကေတာ့ ဒီ ယူရီးယားေျမၾသဇာကို ရုရွားကေန ရတဲ႔ သေဘာလို႔ က်ေနာ္ ထင္တယ္။ ”

ဒါ႔အျပင္ ရုရွားနဲ႔ ျမန္မာၾကား ေရလုပ္ငန္း ပူးေပါင္းေဆာင္ရြက္ေရး နားလည္မႈ စာခြ်န္လႊာ ေရးထိုးထားတာလည္း ေတြ႔ရေၾကာင္း ေဒါက္တာ စိုးထြန္းက ေျပာပါတယ္။
အိႏၵိယကလည္း ျမန္မာျပည္က ကုန္စည္ကို ရူပီးနဲ႔ ၀ယ္ယူဖို႔ ႏွစ္ဘက္ ေဆြးေႏြးေနၾကဆဲ ျဖစ္ၿပီး လက္ေတြ႔ ေဆာင္ရြက္ႏုိင္ျခင္းေတာ့ မရွိေသးပါဘူး။ လက္ရွိမွာေတာ့ ထုိင္းနယ္စပ္မွာ ထိုင္းဘဏ္ေတြနဲ႔ ဘတ္ေငြ ၊ ယြမ္ေငြတို႔ အသံုးျပဳ ေဆာင္ရြက္ႏုိင္တာ ရွိပါတယ္။ ဒါေပမယ့္ ရုရွားနဲ႔ အိႏၵိယ ေငြေၾကးေတြနဲ႔ေတာ့ ကုန္သြယ္ေရး မလုပ္ႏုိင္ေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ရုရှားနဲ့ မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အလားအလာ


ရုရှားနဲ့ မြန်မာကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေဟာဆိုရင် အမေရိကန် ဒေါ်လာ အပေါ် အားပြုရမှု လျော့သွားစေရေး စစ်ကောင်စီရဲ့ ကြိုးပမ်းမှု အဖြစ် စီးပွားရေး အသိုင်းအဝိုင်းက ရှုမြင်ကြပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ အတွက် လက်ရှိမှာ လိုအပ်နေတဲ့ စက်သုံးဆီနဲ့ ဓာတ်မြေသြဇာလည်း ရုရှားထံက ရနိုင်ဖွယ် ရှိတယ်လို့လည်း သုံးသပ်ကြပါတယ်။ ဒီသီတင်းပတ် စီးပွားရေး အစီအစဉ်မှာ မသိင်္ဂ ီထိုက် တင်ပြပေးပါမယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ စစ်ကောင်စီ အကြီးအကဲရဲ့ ရုရှား နိုင်ငံ ခရီးစဉ်တွေ ထွက်ပေါ်လာပြီး ရုရှားနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်နိုင်ဖို့ ကြိုးစားလာခဲ့တာပါ။ ဒါဟာ အမေရိကန် ဒေါ်လာ အပေါ် အားပြုရမှု လျော့သွားရေး စစ်ကောင်စီရဲ့ ကြိုးပမ်းမှု အဖြစ် စီးပွားရေး ပညာရှင် ဦးစိန်ဌေးက ယူဆပါတယ်။

“ဒေါ်လာ အစား သုံးမှာပေါ့ဗျာ။ ယွမ် သုံးမယ်။ ယွမ်ကမှ ရူဘဲလ် သွားမယ်။ အဲလိုနဲ့ တဆင့်ခံနဲ့ သွားမယ် သူက ဒေါ်လာကို အားပြုမှု နည်းအောင် လုပ်တာ။ ဒါပေမယ့် ကျနော်တို့မှာ အဓိက နိုင်ငံခြားငွေ ရပေါက် ရလမ်းက နယ်စပ် ကုန်သွယ်ရေး ရှိတယ်။ နောက်တခါ Gas ရောင်းရတာ ရှိတယ်။ ကျန်တဲ့ဟာတွေက အမေရိကတို့ Europe တို့ ကျန်တဲ့ဟာတွေ ပို့တာက သူတို့ အတွက် ပိတ်ဆို့သွားပြီ။ Sanctions တွေနဲ့ မိတယ်။”

အမေရိကန် ဒေါ်လာ အစား ရုရှား၊ တရုတ်၊ အိန္ဒိယ ငွေကြေးတွေနဲ့ အစားထိုး ဆောင်ရွက်နိုင်ရေး အတွက်လည်း စစ်ကောင်စီ အကြီးအကဲက ရုရှားနိုင်ငံ ခရီးစဉ် အတွင်းမှာ ပြောခဲ့တာပါ။ ရုရှားနဲ့ မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဟာ စိတ်ဝင်စားဖွယ် ဖြစ်တယ်လို့ ပါမောက္ခ Zach Abuza ကလည်း ပြောပါတယ်။ အရှေ့တောင် အာရှ ဒေသတွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ ပုန်ကန်တော်လှန်မှု ဆိုင်ရာ ရန်ပုံငွေထောက်ပံ့မှုနဲ့ ထောက်ပံ့ပို့ဆောင်ရေး၊ နိုင်ငံရေးအရ လက်နက်ကိုင် တော်လှန်မှု တို့ကို နှစ်ပေါင်း ၃၀ ကျော်ကြာ လေ့လာနေသူ ပါမောက္ခ Zach Abuza က မြန်မာ့ အရေး Stimson စင်တာ ဆွေးနွေးပွဲမှာ အခုလို ပြောခဲ့တာပါ။

“စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုက ပိုပြီး စိတ်ဝင်စားဖို့ ကောင်းပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိ တကယ်ကို လိုအပ်နေတဲ့ ဓာတ်မြေသြဇာ ရောင်းချပေးတာမျိုး၊ လောင်စာဆီကို လျှော့ဈေးနဲ့ ရောင်းချပေးတာမျိုးပါ။ နောက်ပြီး ဒါတွေ အားလုံးကို အမေရိကန် ဒေါ်လာနဲ့ မဟုတ်ဘဲ ရောင်းချတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ရုရှားမှာ မြန်မာဘဏ်တွေ ရုံးဖွင့်နေကြတာ ကျနော်တို့ တွေ့နေရပါပြီ။ နှစ်နိုင်ငံ စလုံးက ပြင်းပြင်းထန်ထန် ဒဏ်ခတ်ပိတ်ဆို့ခံနေရတာကြောင့် သူတို့ အနေနဲ့ အမေရိကန် ဒေါ်လာကို ရှောင်ရှားနိုင်ရေး အတွက် ရူဘဲလ်နဲ့ ဒါမှမဟုတ်လည်း ကျပ်နဲ့ ဒါမှမဟုတ်လည်း တခြားနည်းတချို့နဲ့ ဖလှယ်နိုင်ရေး ကြိုးစားနေကြတာပါ။ ”

တချိန်တည်းမှာဘဲ မြန်မာ ဗဟိုဘဏ်က စက်သုံးဆီ တင်သွင်းမှုကို တရုတ် ယွမ်ငွေနဲ့ ပေးချေခွင့် ပြုမယ့် အကြောင်း စက်တင်ဘာလ ၃၀ ရက်နေ့ သောကြာနေ့က ကြေညာတဲ့ အကြောင်း ပြည်တွင်း လုပ်ငန်းရှင်တွေက ပြောပါတယ်။ စီးပွားရေး လုပ်ငန်းရှင် ဒေါက်တာ စိုးထွန်းကတော့ အခုလို မှတ်ချက်ပေးပါတယ်။

Dollarization ကို လျှော့ချတဲ့ သဘောပါ။ တရုတ်ပြည်ကို ဆန်တို့ ဆန်ကွဲတို့ တင်ပို့ရင် တရုတ် ယွမ်ငွေ ရရှိတာ ဖြစ်ပြီး အဲဒီ ယွမ်ငွေကိုလည်း နယ်စပ်က တင်သွင်းတဲ့ ပစ္စည်းကိုဘဲ ပေးချေခွင့် ပြုထားတာ ဖြစ်ပါတယ်။ နယ်စပ်က တင်သွင်းတာ နည်းတာကြောင့် ပြည်ပ တင်ပို့မှုက ရလာတဲ့ ယွမ်ငွေကို အသုံးပြုမှု နည်းပါးတယ်။ နည်းတော့ ယွမ်ဈေး သိပ်မရတဲ့ သဘော ရှိတယ်။ အခုတော့ ဆီသမားကို ပေးချေခွင့် ပြုလိုက်တယ်ဆိုရင်တော့ ဘာဘဲ ဖြစ်ဖြစ် အခု ကျနော်တို့က တရုတ်နိုင်ငံကို Export ပို့တဲ့လူတွေ အတွက်ကတော့ နယ်စပ်က ပို့တဲ့သူတွေ အတွက်ကတော့ ပိုပြီး အားသာသွားတယ်ပေါ့နော်။ သူတို့ အတွက် ဈေးကောင်း ပြန်ရနိုင်တဲ့ အနေအထား တွေ့တယ်။

ပြည်တွင်းဈေးကွက်မှာလည်း ရွှေဈေး ဒေါ်လာဈေး စက်သုံးဆီဈေး အနည်းငယ် ကျလာပေမယ့် တခြားကုန်စည်တွေကတော့ ဈေးသိပ်မကျသေးပါဘူး။ ဆန်ဈေး ကတော့ စနေနေ့တုန်းက ဒိုင်ဈေးကျခဲ့ပါတယ်။

ရုရှားကနေ လောင်စာဆီ ဝယ်ယူမယ်ဆိုတာကိုတော့ စစ်ကောင်စီဘက်က ပြောဆိုထားပါတယ်။ ဒါပေမယ့်လည်း ဘယ်လို နှုန်းထားနဲ့ ဝယ်ယူသလဲ ဘယ်လောက် ပမာဏ ဝယ်ယူသလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း ထုတ်ပြန် မထားပါဘူး။ ပုံမှန်အားဖြင့်တော့ မြန်မာနိုင်ငံဟာ စကာၤပူ၊ နောက် တရုတ်ရဲ့ Petro China တို့ကနေ ရန်ကုန် ဆိပ်ကမ်းအရောက် နှုန်းနဲ့ ဝယ်ယူနေတာ ဖြစ်ပါတယ်။
ဒါ့အပြင် ရုရှားထံက ဓာတ်မြေသြဇာ ဝယ်ယူ ရရှိရေးလည်း ဖြစ်နိုင်တယ်လို့ ဒေါက်တာ စိုးထွန်းက ယူဆပါတယ်။

“ဓာတ်မြေသြဇာလည်း ပြီးခဲ့တဲ့ လတွေတုန်းက ဝယ်ဖို့ ခက်သွားတာပေါ့နော်။ တရုတ်ပြည်က အရင်တုန်းက ယူရီးယား မြေသြဇာ ဝယ်တယ်။ ဒါပေမယ့် တရုတ်နိုင်ငံက Export ban တဲ့ အတွက် ဝယ်ဖို့ ခက်သွားတာပေါ့နော်။ ”
“ တကယ်တော့ ယူရီးယားက ဝယ်ဖို့ ပိုခက်တယ်။ ဓာတ်ဆီ ဒီဇယ်ကတောင် ဝယ်ဖို့ ပိုလွယ်တယ်။ နကစ အနေနဲ့ကတော့ အဓိက သူပေးချင်တာကတော့ ယူရီးယား မြေသြဇာကို အခြေခံတယ်လို့ ထင်တယ်။ ”
“ထုတ်ပြန်တဲ့ အထဲမှာတော့ နွေစပါး ဧက ၈ သိန်း စိုက်ဖို့ အတွက်ကို ၄၀၀ ဘီလျံ အစိုးရကနေ ထောက်ပံ့မယ်ဆိုပြီး ပြောတာပေါ့။ Covid ရန်ပုံငွေကနေ။ အဲဒီလို ထောက်ပံ့တဲ့ အထဲမှာ ငွေကို မထောက်ပံ့ဘဲနဲ့ မြေသြဇာ ထောက်ပံ့မယ်လို့ ပြောထားတယ်။ ကျနော် ထင်တာကတော့ ဒီ ယူရီးယားမြေသြဇာကို ရုရှားကနေ ရတဲ့ သဘောလို့ ကျနော် ထင်တယ်။ ”

ဒါ့အပြင် ရုရှားနဲ့ မြန်မာကြား ရေလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ ရေးထိုးထားတာလည်း တွေ့ရကြောင်း ဒေါက်တာ စိုးထွန်းက ပြောပါတယ်။
အိန္ဒိယကလည်း မြန်မာပြည်က ကုန်စည်ကို ရူပီးနဲ့ ဝယ်ယူဖို့ နှစ်ဘက် ဆွေးနွေးနေကြဆဲ ဖြစ်ပြီး လက်တွေ့ ဆောင်ရွက်နိုင်ခြင်းတော့ မရှိသေးပါဘူး။ လက်ရှိမှာတော့ ထိုင်းနယ်စပ်မှာ ထိုင်းဘဏ်တွေနဲ့ ဘတ်ငွေ ၊ ယွမ်ငွေတို့ အသုံးပြု ဆောင်ရွက်နိုင်တာ ရှိပါတယ်။ ဒါပေမယ့် ရုရှားနဲ့ အိန္ဒိယ ငွေကြေးတွေနဲ့တော့ ကုန်သွယ်ရေး မလုပ်နိုင်သေးပါဘူး။

XS
SM
MD
LG