သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံမွာ ႏိုင္ငံျခားလုပ္ငန္းေတြ ရင္းႏွီးျမႇဳပ္ႏွံဖို႔ စစ္ေကာင္စီအႀကီးအကဲ ဖိတ္ေခၚ


Myanmar junta leader Min Aung Hlaing

[[ ZAWGYI / UNICODE ]]

ျမန္မာႏိုင္ငံမွာ ႏိုင္ငံျခားလုပ္ငန္းေတြ ရင္းႏွီးျမႇဳပ္ႏွံဖို႔ စစ္ေကာင္စီအႀကီးအကဲ ဖိတ္ေခၚ

ျမန္မာႏိုင္ငံမွာ ႏိုင္ငံျခား ရင္းႏွီးျမႇဳပ္ႏွံသူေတြ လာေရာက္ ရင္းႏွီးျမႇဳပ္ႏွံၾကဖို႔၊ အထူးသျဖင့္ ေရနံနဲ႔ သဘာ၀ ဓာတ္ေငြ႕ က႑မွာ ရင္းႏွီးျမႇဳပ္ႏွံၾကဖို႔ ျမန္မာ စစ္ေကာင္စီ အႀကီးအကဲ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က စက္တင္ဘာလ ၇ ရက္ေန႔ ဗုဒၶဟူးေန႔မွာ ဖိတ္ေခၚခဲ့ပါတယ္။ ႐ုရွား သမၼတ Vladimir Putin က က်င္းပတဲ့ အေရွ႕ဖ်ား စီးပြားေရး ဖိုရမ္မွာ စစ္ေကာင္စီ အႀကီးအကဲက ႏိုင္ငံျခား ရင္းႏွီးျမႇဳပ္ႏွံသူေတြကို ဖိတ္ေခၚခဲ့တာ ျဖစ္ပါတယ္။

" အခု စီးပြားေရး ဖိုရမ္ကို တက္ေရာက္လာၾကတဲ့ စီးပြားေရး လုပ္ငန္းရွင္မ်ား အားလုံးကိုလည္း ရင္းႏွီးျမႇဳပ္ႏွံဖို႔ ဖိတ္ေခၚအပ္ပါေၾကာင္းနဲ႔ အျခားျပည္ပ ကုန္သြယ္ေရးမ်ား အတြက္လည္း အခြင့္အလမ္းမ်ား ေပးအပ္လ်က္ ရွိေၾကာင္းလည္း က်ေနာ္ ေျပာၾကားလိုပါတယ္။"

႐ုရွားႏိုင္ငံ ဗလာဒီေဗာ့စေတာ့မွာ က်င္းပတဲ့ အေရွ႕ဖ်ား စီးပြားေရးဖိုရမ္မွာ ျမန္မာ စစ္ေကာင္စီ အႀကီးအကဲ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က မိန႔္ခြန္းေျပာတဲ့ အထဲမွာ ျမန္မာႏိုင္ငံကို ျပည္လာေရာက္ရင္းႏွီးျမႇဳပ္ႏွံၾကဖို႔ ဖိတ္ေခၚခဲ့သလိုဘဲ အေမရိကန္ ေဒၚလာ အစား တ႐ုတ္ ယြမ္ေငြ၊ ႐ုရွား ႐ူဘယ္လ္နဲ႔ အိႏၵိယ ႐ူပီး တို႔နဲ႔ အစားထိုး အသုံးျပဳႏိုင္ေရးလည္း အႀကံျပဳလိုက္ပါတယ္။

ျမန္မာႏိုင္ငံက စိုက္ပ်ိဳး ထုတ္ကုန္ေတြ ႐ုရွားကို တင္ပို႔ေနသလို ႐ုရွားကေနလည္း စြမ္းအင္ ျပန္လည္ တင္သြင္းႏိုင္ဖို႔ လုပ္ေနေၾကာင္းလည္း ျမန္မာ စစ္ေကာင္စီ အႀကီးအကဲက ေျပာဆိုခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

================

{{ UNICODE }}

မြန်မာနိုင်ငံမှာ နိုင်ငံခြားလုပ်ငန်းတွေ ရင်းနှီးမြှုပ်နှံဖို့ စစ်ကောင်စီအကြီးအကဲ ဖိတ်ခေါ်

မြန်မာနိုင်ငံမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေ လာရောက် ရင်းနှီးမြှုပ်နှံကြဖို့၊ အထူးသဖြင့် ရေနံနဲ့ သဘာ၀ ဓာတ်ငွေ့ ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံကြဖို့ မြန်မာ စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စက်တင်ဘာလ ၇ ရက်နေ့ ဗုဒ္ဓဟူးနေ့မှာ ဖိတ်ခေါ်ခဲ့ပါတယ်။ ရုရှား သမ္မတ Vladimir Putin က ကျင်းပတဲ့ အရှေ့ဖျား စီးပွားရေး ဖိုရမ်မှာ စစ်ကောင်စီ အကြီးအကဲက နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေကို ဖိတ်ခေါ်ခဲ့တာ ဖြစ်ပါတယ်။

" အခု စီးပွားရေး ဖိုရမ်ကို တက်ရောက်လာကြတဲ့ စီးပွားရေး လုပ်ငန်းရှင်များ အားလုံးကိုလည်း ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်အပ်ပါကြောင်းနဲ့ အခြားပြည်ပ ကုန်သွယ်ရေးများ အတွက်လည်း အခွင့်အလမ်းများ ပေးအပ်လျက် ရှိကြောင်းလည်း ကျနော် ပြောကြားလိုပါတယ်။"

ရုရှားနိုင်ငံ ဗလာဒီဗော့စတော့မှာ ကျင်းပတဲ့ အရှေ့ဖျား စီးပွားရေးဖိုရမ်မှာ မြန်မာ စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်းပြောတဲ့ အထဲမှာ မြန်မာနိုင်ငံကို ပြည်လာရောက်ရင်းနှီးမြှုပ်နှံကြဖို့ ဖိတ်ခေါ်ခဲ့သလိုဘဲ အမေရိကန် ဒေါ်လာ အစား တရုတ် ယွမ်ငွေ၊ ရုရှား ရူဘယ်လ်နဲ့ အိန္ဒိယ ရူပီး တို့နဲ့ အစားထိုး အသုံးပြုနိုင်ရေးလည်း အကြံပြုလိုက်ပါတယ်။

မြန်မာနိုင်ငံက စိုက်ပျိုး ထုတ်ကုန်တွေ ရုရှားကို တင်ပို့နေသလို ရုရှားကနေလည်း စွမ်းအင် ပြန်လည် တင်သွင်းနိုင်ဖို့ လုပ်နေကြောင်းလည်း မြန်မာ စစ်ကောင်စီ အကြီးအကဲက ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG