သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ုရွားနဲ႔ ခ႐ိုင္းမီးယား အဓိက ဆက္သြယ္တံတား ကားဗုံးေၾကာင့္ မီးေလာင္


Crimean Bridge that spans the Kerch Strait

႐ုရွားကို ယူကရိန္းက တန္ျပန္ထိုးစစ္ဆင္ေနခ်ိန္မွာ ႐ုရွားရဲ႕ အဓိက သယ္ယူပို႔ေဆာင္ေရး တံတားႀကီး ဒီေန႔ ကားဗုံးေၾကာင့္ မီးေလာင္ကၽြမ္းသြားပါတယ္။

ယူကရိန္း လက္ေအာက္ကေန ႐ုရွားသိမ္းယူထားတဲ့ ခ႐ိုင္းမီးယားကြၽန္းဆြယ္နဲ႔ ႐ုရွားႏိုင္ငံၾကား ဆက္သြယ္ထားတဲ့ ဒီတံတားႀကီးရဲ႕ ခ႐ိုင္းမီးယား ဘက္ကလာတဲ့အျခမ္းမွာ ဒီေန႔မနက္ ၆ နာရီ ၇ မိနစ္မွာ ကားဗုံးေပါက္ကြဲၿပီး ေလာင္စာဆီတင္ယာဥ္ ၇ စီး မီးေလာင္သြားတယ္လို႔ ႐ုရွားရဲ႕ အၾကမ္းဖက္မႈ တိုက္ဖ်က္ေရးေကာ္မတီက ထုတ္ျပန္ပါတယ္။

႐ုရွားသိမ္းယူထားတဲ့ ယူကရိန္း အေရွ႕ပိုင္းနဲ႔ ေတာင္ပိုင္းေဒသတခ်ိဳ႕ကို ယူကရိန္းဘက္က ျပန္လည္တိုက္ခိုက္ သိမ္းယူေနခ်ိန္မွာ ၂၀၁၄ ခုႏွစ္ကတည္းက ႐ုရွားသိမ္းယူခဲ့တဲ့ ခ႐ိုင္းမီးယားေဒသနဲ႔ ႐ုရွားကို ဆက္သြယ္ထားတဲ့ တခုတည္းေသာ Kerch တံတားႀကီး ဒီေန႔မနက္ ႀကီးႀကီးမားမား ပ်က္စီးသြားတာပါ။

႐ု႐ွားသမၼတ Vladimir Putin အမိန႔္ေအာက္ ၂၀၁၈ ခုႏွစ္က စဖြင့္ခဲ့တဲ့ ဒီတံတားကေန ႐ု႐ွားက ေလာင္စာဆီအပါအဝင္ ကုန္ပစၥည္းေတြ အဓိက တင္ပို႔ခဲ့ၿပီး လက္ရွိမွာေတာ့ ႐ုရွားစစ္ပစၥည္းေတြ ယူကရိန္းကို အဓိက တင္ပို႔တဲ့လမ္းေၾကာင္း ျဖစ္ပါတယ္။

ယူကရိန္းကို က်ဳးေက်ာ္စစ္ဆင္ခ်ိန္ ေတာက္ေလွ်ာက္မွာ ဒီတံတားႀကီးကို လုံလုံၿခဳံၿခဳံထိန္းထားႏိုင္ပါတယ္လို႔ ႐ုရွားဘက္က ေျပာလာခဲ့ၿပီး၊ တကယ္လို႔ ယူကရိန္းက ဒီတံတားကို တိုက္ခိုက္လာရင္ေတာ့ ျပင္းျပင္းထန္ထန္ တုံ႔ျပန္ရလိမ္မယ္လို႔ေတာ့ ၿခိမ္းေျခာက္ထားပါတယ္။

အခုေနာက္ဆုံး ယူကရိန္းရဲ႕ တန္ျပန္ထိုးစစ္ဆင္ သိမ္းပိုက္ႏိုင္မႈေတြေၾကာင့္၊ ႐ုရွားတပ္ေတြ သိမ္းထားတဲ့ အဓိက အေရွ.ပိုင္းက Kharkiv နဲ႔ ေတာင္ပိုင္းက Kherson ေဒသ ေနရာတခ်ဳိ ႔က ျပန္ဆုတ္ေပးေနရခ်ိန္မွာ၊ ရု႐ုားရဲ႕ မဟာဗ်ဴဟာတံတားႀကီး အခုလို ထိခိုက္သြားတာက၊ ေရွ ႔ဆက္တိုက္ပြဲေတြမွာ ႐ုရွားကို ပိုအထိနာေစႏိုင္တယ္လို႔ သုံးသပ္သူေတြက ေထာက္ျပေနပါတယ္။

==== Unicode ====

ရုရှားကို ယူကရိန်းက တန်ပြန်ထိုးစစ်ဆင်နေချိန်မှာ ရုရှားရဲ့ အဓိက သယ်ယူပို့ဆောင်ရေး တံတားကြီး ဒီနေ့ ကားဗုံးကြောင့် မီးလောင်ကျွမ်းသွားပါတယ်။

ယူကရိန်း လက်အောက်ကနေ ရုရှားသိမ်းယူထားတဲ့ ခရိုင်းမီးယားကျွန်းဆွယ်နဲ့ ရုရှားနိုင်ငံကြား ဆက်သွယ်ထားတဲ့ ဒီတံတားကြီးရဲ့ ခရိုင်းမီးယား ဘက်ကလာတဲ့အခြမ်းမှာ ဒီနေ့မနက် ၆ နာရီ ၇ မိနစ်မှာ ကားဗုံးပေါက်ကွဲပြီး လောင်စာဆီတင်ယာဉ် ၇ စီး မီးလောင်သွားတယ်လို့ ရုရှားရဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးကော်မတီက ထုတ်ပြန်ပါတယ်။

ရုရှားသိမ်းယူထားတဲ့ ယူကရိန်း အရှေ့ပိုင်းနဲ့ တောင်ပိုင်းဒေသတချို့ကို ယူကရိန်းဘက်က ပြန်လည်တိုက်ခိုက် သိမ်းယူနေချိန်မှာ ၂၀၁၄ ခုနှစ်ကတည်းက ရုရှားသိမ်းယူခဲ့တဲ့ ခရိုင်းမီးယားဒေသနဲ့ ရုရှားကို ဆက်သွယ်ထားတဲ့ တခုတည်းသော Kerch တံတားကြီး ဒီနေ့မနက် ကြီးကြီးမားမား ပျက်စီးသွားတာပါ။

ရုရှားသမ္မတ Vladimir Putin အမိန့်အောက် ၂၀၁၈ ခုနှစ်က စဖွင့်ခဲ့တဲ့ ဒီတံတားကနေ ရုရှားက လောင်စာဆီအပါအဝင် ကုန်ပစ္စည်းတွေ အဓိက တင်ပို့ခဲ့ပြီး လက်ရှိမှာတော့ ရုရှားစစ်ပစ္စည်းတွေ ယူကရိန်းကို အဓိက တင်ပို့တဲ့လမ်းကြောင်း ဖြစ်ပါတယ်။

ယူကရိန်းကို ကျုးကျော်စစ်ဆင်ချိန် တောက်လျှောက်မှာ ဒီတံတားကြီးကို လုံလုံခြုံခြုံထိန်းထားနိုင်ပါတယ်လို့ ရုရှားဘက်က ပြောလာခဲ့ပြီး၊ တကယ်လို့ ယူကရိန်းက ဒီတံတားကို တိုက်ခိုက်လာရင်တော့ ပြင်းပြင်းထန်ထန် တုံ့ပြန်ရလိမ်မယ်လို့တော့ ခြိမ်းခြောက်ထားပါတယ်။

အခုနောက်ဆုံး ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်ဆင် သိမ်းပိုက်နိုင်မှုတွေကြောင့်၊ ရုရှားတပ်တွေ သိမ်းထားတဲ့ အဓိက အရှေ.ပိုင်းက Kharkiv နဲ့ တောင်ပိုင်းက Kherson ဒေသ နေရာတချို့က ပြန်ဆုတ်ပေးနေရချိန်မှာ၊ ရုရုားရဲ့ မဟာဗျူဟာတံတားကြီး အခုလို ထိခိုက်သွားတာက၊ ရှေ့ဆက်တိုက်ပွဲတွေမှာ ရုရှားကို ပိုအထိနာစေနိုင်တယ်လို့ သုံးသပ်သူတွေက ထောက်ပြနေပါတယ်။

XS
SM
MD
LG