သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ုရွားတပ္ေတြ လက္ေအာက္က အဓိကနယ္ေျမတခု ယူကရိန္းျပန္လည္သိမ္းပိုက္


(Zawgyi / Ukraine)

ယူကရိန္း ႏိုင္ငံ အေရွ႕ပိုင္းက ေထာက္ပံ႔ပို႔ေဆာင္ေရး အခ်က္အခ်ာ က်တဲ႔ Lyman ၿမိဳ႕ကို အျပည့္အ၀ ထိန္းခ်ဳပ္လိုက္ေၾကာင္း ယူကရိန္းက တနဂၤေႏြေန႔မွာ ေျပာပါတယ္။ ဒီေဒသဟာဆိုရင္ ၿပီးခဲ႔ဲတဲ႔ သီတင္းပတ္ အတြင္း ႐ုရွား သမၼတ Vladimir Putin က ႐ုရွားရဲ႕ ပိုင္နက္အျဖစ္ ေၾကညာခဲ့တဲ့ အထဲမွာ တစိတ္တပိုင္းအျဖစ္ ပါ၀င္ပါတယ္။

Lyman ဟာ အျပည့္အ၀ ရွင္းလင္းၿပီး ျဖစ္ေၾကာင္း ယူကရိန္း သမၼတ Volodymyr Zelenskyy က သူ႔ရဲ႕ တယ္လီဂရမ္ မွာ တင္ထားတဲ႔ ဗြီဒီယို အတိုထဲမွာ ေၾကညာထားပါတယ္။ Lyman ၿမိဳ႕ရဲ႕ အေျခအေနနဲ႔ ပတ္သက္လို႔ေတာ့ ႐ုရွားဘက္က တနဂၤေႏြေန႔မွာ တစံုတရာ မေျပာပါဘူး။ ဒါေပမယ့္ ယူကရိန္း တပ္ေတြ အဝိုင္းခံရမွာ စိုးရိမ္တာေၾကာင့္ အဲဒီ ေဒသတြင္းက ႐ုရွားတပ္ေတြ ဆုတ္ခြာထားေၾကာင္း စေနေန႔မွာ ႐ုရွားဘက္က ေျပာဆိုထားပါတယ္။

Lyman ၿမိဳ႕ကို ႐ုရွားတို႔က ေမလ အတြင္းမွာ သိမ္းယူခဲ႔တာ ျဖစ္ၿပီး Donetsk ေဒသ ေျမာက္ပိုင္း စစ္ဆင္ေရး အတြက္ သယ္ယူပို႔ေဆာင္ေရးနဲ႔ ေထာက္ပံ႔ ပို႔ေဆာင္ေရး အခ်က္အခ်ာ အျဖစ္ အသံုးျပဳခဲ႔တာပါ။ ၿပီးခဲ႔တဲ႔ လ အတြင္း ယူကရိန္း တပ္ဖြဲ႔ေတြက ႏိုင္ငံ အေရွ႕ေျမာက္ပိုင္း Kharkiv ေဒသတ၀န္း တိုက္ခိုက္ေနၿပီး ႐ုရွား တပ္ဖြဲ႔ေတြကို သူတို႔ နယ္စပ္ထိ တိုက္ထုတ္ေနၿပီးေနာက္ပိုင္း အခု Lyman ၿမိဳ႕ကို ႐ုရွားတို႔ လက္လႊတ္ရမႈဟာ အႀကီးဆံုး ဆံုးရံႈးမႈလည္း ျဖစ္ပါတယ္။

စစ္ေျမျပင္မွာ Putin ဆက္ၿပီး ရံွဴးနိမ့္သြားလိမ့္မယ္လို႔ အေမရိကန္ ဗဟိုေထာက္လွမ္းေရးဌာန CIA ရဲ႕ ၫႊန္ၾကားေရးမွဴးေဟာင္း David Petraeus က ABC ႐ုပ္သံရဲ႕ This Week အစီအစဥ္မွာ ေျပာပါတယ္။ ေမးစရာ ေမးခြန္း တခုကေတာ့ ႐ုရွား တပ္ဖြဲ႔ေတြ ဘယ္အခ်ိန္မွာ စၿပီး လက္နက္ ခ်မလဲ ဆိုတာ ျဖစ္တယ္လို႔လည္း သူက ေျပာပါတယ္။ ယူကရိန္းကို ႏ်ဴးကလီးယား လက္နက္ေတြနဲ႔ တိုက္ခိုက္ဖို႔ Putin ရဲ႕ ၿခိမ္းေျခာက္မႈကလည္း ဒီအေျခအေနကို ေျပာင္းလဲသြားမွာ မဟုတ္ဘူးလို႔လည္း သူက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ရုရှားတပ်တွေလက်အောက်က အဓိကနယ်မြေတခု ယူကရိန်းပြန်လည်သိမ်းပိုက်

ယူကရိန်း နိုင်ငံ အရှေ့ပိုင်းက ထောက်ပံ့ပို့ဆောင်ရေး အချက်အချာ ကျတဲ့ Lyman မြို့ကို အပြည့်အ၀ ထိန်းချုပ်လိုက်ကြောင်း ယူကရိန်းက တနင်္ဂနွေနေ့မှာ ပြောပါတယ်။ ဒီဒေသဟာဆိုရင် ပြီးခဲ့ဲတဲ့ သီတင်းပတ် အတွင်း ရုရှား သမ္မတ Vladimir Putin က ရုရှားရဲ့ ပိုင်နက်အဖြစ် ကြေညာခဲ့တဲ့ အထဲမှာ တစိတ်တပိုင်းအဖြစ် ပါဝင်ပါတယ်။

Lyman ဟာ အပြည့်အ၀ ရှင်းလင်းပြီး ဖြစ်ကြောင်း ယူကရိန်း သမ္မတ Volodymyr Zelenskyy က သူ့ရဲ့ တယ်လီဂရမ် မှာ တင်ထားတဲ့ ဗွီဒီယို အတိုထဲမှာ ကြေညာထားပါတယ်။ Lyman မြို့ရဲ့ အခြေအနေနဲ့ ပတ်သက်လို့တော့ ရုရှားဘက်က တနင်္ဂနွေနေ့မှာ တစုံတရာ မပြောပါဘူး။ ဒါပေမယ့် ယူကရိန်း တပ်တွေ အဝိုင်းခံရမှာ စိုးရိမ်တာကြောင့် အဲဒီ ဒေသတွင်းက ရုရှားတပ်တွေ ဆုတ်ခွာထားကြောင်း စနေနေ့မှာ ရုရှားဘက်က ပြောဆိုထားပါတယ်။

Lyman မြို့ကို ရုရှားတို့က မေလ အတွင်းမှာ သိမ်းယူခဲ့တာ ဖြစ်ပြီး Donetsk ဒေသ မြောက်ပိုင်း စစ်ဆင်ရေး အတွက် သယ်ယူပို့ဆောင်ရေးနဲ့ ထောက်ပံ့ ပို့ဆောင်ရေး အချက်အချာ အဖြစ် အသုံးပြုခဲ့တာပါ။ ပြီးခဲ့တဲ့ လ အတွင်း ယူကရိန်း တပ်ဖွဲ့တွေက နိုင်ငံ အရှေ့မြောက်ပိုင်း Kharkiv ဒေသတဝန်း တိုက်ခိုက်နေပြီး ရုရှား တပ်ဖွဲ့တွေကို သူတို့ နယ်စပ်ထိ တိုက်ထုတ်နေပြီးနောက်ပိုင်း အခု Lyman မြို့ကို ရုရှားတို့ လက်လွှတ်ရမှုဟာ အကြီးဆုံး ဆုံးရှုံးမှုလည်း ဖြစ်ပါတယ်။

စစ်မြေပြင်မှာ Putin ဆက်ပြီး ရံှူးနိမ့်သွားလိမ့်မယ်လို့ အမေရိကန် ဗဟိုထောက်လှမ်းရေးဌာန CIA ရဲ့ ညွှန်ကြားရေးမှူးဟောင်း David Petraeus က ABC ရုပ်သံရဲ့ This Week အစီအစဉ်မှာ ပြောပါတယ်။ မေးစရာ မေးခွန်း တခုကတော့ ရုရှား တပ်ဖွဲ့တွေ ဘယ်အချိန်မှာ စပြီး လက်နက် ချမလဲ ဆိုတာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။ ယူကရိန်းကို နျူးကလီးယား လက်နက်တွေနဲ့ တိုက်ခိုက်ဖို့ Putin ရဲ့ ခြိမ်းခြောက်မှုကလည်း ဒီအခြေအနေကို ပြောင်းလဲသွားမှာ မဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။

XS
SM
MD
LG