သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အၾကမ္းဖက္မႈေတြ ရပ္တန႔္ဖို႔ သမၼတပူတင္ကို ပုပ္ရဟန္းမင္းႀကီး ေမတၱာရပ္ခံ


ပုပ္ရဟန္မင္းႀကီးနဲ႔ ရုရွားသမၼတ ပူတင္တို႔ ဗာတီကန္ၿမိဳ ႔မွာ ၂၀၁၅ ဇြန္လ ၁၀ ရက္ေန႔ ေတြ႔ဆံုခဲ့စဥ္ (ဓါတ္ပံု Gregorio Borgia, Pool)

အၾကမ္းဖက္မႈကို ရတန္႔ဖို႔ ပုပ္ရဟန္းမင္းႀကီး Francis က ႐ုရွားသမၼတပူတင္ကို တနဂၤေႏြေန႔က ေမတၱာရပ္ခံလိုက္ၿပီး၊ အဓိပၸါယ္မဲ့ န်ဴကလီးယာ စစ္အႏၲရာယ္ကို ရႈတ္ခ်လိုက္ပါတယ္။

“႐ုရွားဖက္ဒေရးရွင္း သမၼတကို ကြၽန္ေတာ္ ေမတၱာရပ္ခံလိုပါတယ္။ အၾကမ္ဖက္မႈနဲ႔ အေသအေပ်ာက္ သံသရာကို ရပ္ၿပီး၊ ျပည္သူေတြအေပၚ ေမတၱာထားဖို႔ ကြၽန္ေတာ္ေျပာလိုပါတယ္။” လို႔ ပုပ္ရဟန္းမင္းႀကီးက ေျပာသြားတာပါ။

ဒီစစ္ပြဲဟာ အမွားနဲ႔ ထိတ္လန႔္တုန္လႈပ္စရာ ျဖစ္တယ္လို႔လည္း ပုပ္ရဟန္းမင္းႀကီးက ဗာတီကန္က စိန႔္ပီတာ ရင္ျပင္မွာ ေျပာပါတယ္။

ဒီလေတြအတြင္း ေသြးနဲ႔ မ်က္ရည္ ျမစ္လွ်ံေနခဲ့တဲ့အတြက္ သူ စိတ္ပင္ပန္းဆင္းရဲခဲ့ရတယ္လို႔ ပုပ္ရဟန္းမင္းႀကီးက ဆိုပါတယ္။

အထူးသျဖင့္ ကေလးေတြ အထိအခိုက္မ်ားခဲ့တာကို ပုပ္ရဟန္းမင္းႀကီးက အေလးေပး ေျပာသြားခဲ့ပါတယ္။ ယူကရိန္း သမၼတ Volodymyr Zelenskyy ကိုလည္း ေလးေလးနက္နက္ ကမ္းလွမ္းလာတဲ့ ၿငိမ္းခ်မ္းေရး အဆိုျပဳခ်က္ေတြကို ဖြင့္စဥ္းစားဖို႔လည္း သူက တိုက္တြန္းသြားပါတယ္။ လူတိုင္းရဲ႕ ႏွလုံးသားတိုင္းမွာ လူသားခ်င္းစိတ္ဓာတ္ ကိန္းေအာင္းၾကပါေစလို႔လည္း ပုပ္ရဟန္းမင္းႀကီးက ဆုေတာင္းသြားပါတယ္။

Donetsk ေဒသ က Lyman ၿမိဳ႕ကေန ဆုတ္ခြါသြားတဲ့ ႐ုရွားတပ္ေတြဟာ အက်အဆုံးမ်ားခဲ့ပုံရတယ္လို႔ ၿဗိတိန္ကာကြယ္ေရးဝန္ႀကီးဌာနက သူ႔ရဲ႕ တြစ္တာ လူမႈစာမ်က္ႏွာမွာ တနဂၤေႏြေန႔က ေရးလိုက္ပါတယ္။

==== Unicode ===

အကြမ်းဖက်မှုကို ရတန့်ဖို့ ပုပ်ရဟန်းမင်းကြီး Francis က ရုရှားသမ္မတပူတင်ကို တနင်္ဂနွေနေ့က မေတ္တာရပ်ခံလိုက်ပြီး၊ အဓိပ္ပါယ်မဲ့ နျူကလီးယာ စစ်အန္တရာယ်ကို ရှုတ်ချလိုက်ပါတယ်။

“ရုရှားဖက်ဒရေးရှင်း သမ္မတကို ကျွန်တော် မေတ္တာရပ်ခံလိုပါတယ်။ အကြမ်ဖက်မှုနဲ့ အသေအပျောက် သံသရာကို ရပ်ပြီး၊ ပြည်သူတွေအပေါ် မေတ္တာထားဖို့ ကျွန်တော်ပြောလိုပါတယ်။” လို့ ပုပ်ရဟန်းမင်းကြီးက ပြောသွားတာပါ။

ဒီစစ်ပွဲဟာ အမှားနဲ့ ထိတ်လန့်တုန်လှုပ်စရာ ဖြစ်တယ်လို့လည်း ပုပ်ရဟန်းမင်းကြီးက ဗာတီကန်က စိန့်ပီတာ ရင်ပြင်မှာ ပြောပါတယ်။

ဒီလတွေအတွင်း သွေးနဲ့ မျက်ရည် မြစ်လျှံနေခဲ့တဲ့အတွက် သူ စိတ်ပင်ပန်းဆင်းရဲခဲ့ရတယ်လို့ ပုပ်ရဟန်းမင်းကြီးက ဆိုပါတယ်။

အထူးသဖြင့် ကလေးတွေ အထိအခိုက်များခဲ့တာကို ပုပ်ရဟန်းမင်းကြီးက အလေးပေး ပြောသွားခဲ့ပါတယ်။ ယူကရိန်း သမ္မတ Volodymyr Zelenskyy ကိုလည်း လေးလေးနက်နက် ကမ်းလှမ်းလာတဲ့ ငြိမ်းချမ်းရေး အဆိုပြုချက်တွေကို ဖွင့်စဉ်းစားဖို့လည်း သူက တိုက်တွန်းသွားပါတယ်။ လူတိုင်းရဲ့ နှလုံးသားတိုင်းမှာ လူသားချင်းစိတ်ဓာတ် ကိန်းအောင်းကြပါစေလို့လည်း ပုပ်ရဟန်းမင်းကြီးက ဆုတောင်းသွားပါတယ်။

Donetsk ဒေသ က Lyman မြို့ကနေ ဆုတ်ခွါသွားတဲ့ ရုရှားတပ်တွေဟာ အကျအဆုံးများခဲ့ပုံရတယ်လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက သူ့ရဲ့ တွစ်တာ လူမှုစာမျက်နှာမှာ တနင်္ဂနွေနေ့က ရေးလိုက်ပါတယ်။

XS
SM
MD
LG