သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ုရွားရဲ႕ က်ဴးေက်ာ္စစ္အတြင္း ယူကရိန္းက ယဥ္ေက်းမႈအေမြအႏွစ္ေတြပါ ခိုးယူခံေနရ


ယူကရိန္း ယဥ္ေက်းမႈအေမြအႏွစ္

ယူကရိန္းစစ္ပြဲအတြင္း ႐ုရွားဘက္က စစ္ရာဇဝတ္မႈေတြ က်ဴးလြန္တဲ့ေနရာမွာ ယူကရိန္းရဲ႕ ယဥ္ေက်းမႈ အေမြအႏွစ္ေတြလည္း စစ္ရာဇဝတ္မႈေတြ က်ဴးလြန္ခံေနရတယ္လို႔ ယူကရိန္းဘက္က ေျပာလိုက္ပါတယ္။ လြန္ခဲ့တဲ့ ႏွစ္ ၁၅၀၀ ခန႔္က ဟန္နစ္အင္ပါယာကို အုပ္ခ်ဳပ္ခဲ့တဲ့ Attila ဘုရင္ရဲ႕ သရဖူဟာ ယူကရိန္းႏိုင္ငံရဲ႕ ျပတိုက္ကေန ေပ်ာက္သြားခဲ့ပါတယ္။

႐ုရွားတပ္ေတြက Melitopol ၿမိဳ႕ကို ၿပိးခဲ့တဲ့ ေဖေဖာ္ဝါရီလက သိမ္းယူခဲ့ၿပီးတဲ့ေနာက္ အဲဒီသရဖူနဲ႔ တျခားအဖိုးတန္ရတနာေတြကို ႐ုရွားတပ္ေတြက ယူေဆာင္သြားတယ္လို႔ ျပတိုက္တာဝန္ရွိသူေတြက ေျပာပါတယ္။

အခုဆိုရင္ ယူကရိန္းႏိုင္ငံကို ႐ုရွားကို က်ဴးေက်ာ္တိုက္ခိုက္ခဲ့တာဟာ ၈ လထဲ ေရာက္ေနၿပီျဖစ္ၿပီး၊ အဲဒီကာလအတြင္း ယူကရိန္းႏိုင္ငံရဲ႕ သမိုင္းဝင္ေနရာေတြနဲ႔ သမိုင္းဝင္ပစၥည္းေတြဟာ အႀကီးအက်ယ္ ပ်က္စီးဆုံးရႈံးတာေတြ၊ လုယက္ဖ်က္ဆီးတာေတြ ခံခဲ့ရတယ္လို႔ ယူကရိန္းအာဏာပိုင္ေတြက ေျပာလိုက္ပါတယ္။

႐ုရွားစစ္သားေတြဟာ ယူကရိန္းျပတိုက္ ၄၀ ေလာက္နီးနီးက၊ ေရွးေဟာင္း အသုံးအေဆာင္ပစၥည္းေတြကို ယူေဆာင္သြားၾကတယ္လို႔ ယူကရိန္း ယဥ္ေက်းမႈဝန္ႀကီးက AP သတင္းဌာနနဲ႔ ေတြ႔ဆုံေမးျမန္းခန္းမွာ စြပ္စြဲလိုက္ပါတယ္။ အခုလို ယူကရိန္း ယဥ္ေက်းမႈအေမြအႏွစ္ ျပတိုက္ေတြကေန လုယူဖ်က္ဆီးမႈေတြေၾကာင့္ ဆုံးရႈံးမႈပမာဏတန္ဖိုးဟာ ယူ႐ိုသန္းရာနဲ႔ခ်ီ ရွိတယ္လို႔ ယူကရိန္းယဥ္ေက်းမႈဝန္ႀကီး Oleksandr Tkachenko က ေျပာလိုက္ပါတယ္။ ယူကရိန္းယဥ္ေက်းမႈ အေမြအႏွစ္ေတြအေပၚမွာ ႐ုရွားတပ္ဖြဲ႔ေတြရဲ႕ သေဘာထားေတြက စစ္ရာဇဝတ္မႈ ေျမာက္တယ္လို႔လည္း သူက ေျပာလိုက္ပါတယ္

==== Unicode =====

ယူကရိန်းစစ်ပွဲအတွင်း ရုရှားဘက်က စစ်ရာဇဝတ်မှုတွေ ကျူးလွန်တဲ့နေရာမှာ ယူကရိန်းရဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေလည်း စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခံနေရတယ်လို့ ယူကရိန်းဘက်က ပြောလိုက်ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၁၅၀၀ ခန့်က ဟန်နစ်အင်ပါယာကို အုပ်ချုပ်ခဲ့တဲ့ Attila ဘုရင်ရဲ့ သရဖူဟာ ယူကရိန်းနိုင်ငံရဲ့ ပြတိုက်ကနေ ပျောက်သွားခဲ့ပါတယ်။

ရုရှားတပ်တွေက Melitopol မြို့ကို ပြိးခဲ့တဲ့ ဖေဖော်ဝါရီလက သိမ်းယူခဲ့ပြီးတဲ့နောက် အဲဒီသရဖူနဲ့ တခြားအဖိုးတန်ရတနာတွေကို ရုရှားတပ်တွေက ယူဆောင်သွားတယ်လို့ ပြတိုက်တာဝန်ရှိသူတွေက ပြောပါတယ်။

အခုဆိုရင် ယူကရိန်းနိုင်ငံကို ရုရှားကို ကျူးကျော်တိုက်ခိုက်ခဲ့တာဟာ ၈ လထဲ ရောက်နေပြီဖြစ်ပြီး၊ အဲဒီကာလအတွင်း ယူကရိန်းနိုင်ငံရဲ့ သမိုင်းဝင်နေရာတွေနဲ့ သမိုင်းဝင်ပစ္စည်းတွေဟာ အကြီးအကျယ် ပျက်စီးဆုံးရှုံးတာတွေ၊ လုယက်ဖျက်ဆီးတာတွေ ခံခဲ့ရတယ်လို့ ယူကရိန်းအာဏာပိုင်တွေက ပြောလိုက်ပါတယ်။

ရုရှားစစ်သားတွေဟာ ယူကရိန်းပြတိုက် ၄၀ လောက်နီးနီးက၊ ရှေးဟောင်း အသုံးအဆောင်ပစ္စည်းတွေကို ယူဆောင်သွားကြတယ်လို့ ယူကရိန်း ယဉ်ကျေးမှုဝန်ကြီးက AP သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ စွပ်စွဲလိုက်ပါတယ်။ အခုလို ယူကရိန်း ယဉ်ကျေးမှုအမွေအနှစ် ပြတိုက်တွေကနေ လုယူဖျက်ဆီးမှုတွေကြောင့် ဆုံးရှုံးမှုပမာဏတန်ဖိုးဟာ ယူရိုသန်းရာနဲ့ချီ ရှိတယ်လို့ ယူကရိန်းယဉ်ကျေးမှုဝန်ကြီး Oleksandr Tkachenko က ပြောလိုက်ပါတယ်။ ယူကရိန်းယဉ်ကျေးမှု အမွေအနှစ်တွေအပေါ်မှာ ရုရှားတပ်ဖွဲ့တွေရဲ့ သဘောထားတွေက စစ်ရာဇဝတ်မှု မြောက်တယ်လို့လည်း သူက ပြောလိုက်ပါတယ်။

XS
SM
MD
LG