သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းမွာတိုက္ဖို႔ အီရန္လုပ္ဒ႐ုန္းပို႔တဲ့ ကုမၸဏီေတြကို EU အေရးယူမည္


UKRAINE-CRISIS/IRAN-DRONES

ယူကရိန္းကို ႐ုရွားတိုက္ခိုက္ရာမွာ အသံုးျပဳခဲ့တဲ့ အီရန္လုပ္ ဒ႐ုန္းေတြ ေပးပို႔တဲ့ အဖြဲ႔အစည္းေတြကို ဒဏ္ခတ္အေရးယူဖို႔ အီးယူ ဥေရာပသမဂၢက ၾကာသပေတးေန႔မွာ သေဘာတူလိုက္ပါၿပီ။

Zawgyi

ယူကရိန္းကို ႐ုရွားတိုက္ခိုက္ရာမွာ အသံုးျပဳခဲ့တဲ့ အီရန္လုပ္ ဒ႐ုန္းေတြ ေပးပို႔တဲ့ အဖြဲ႔အစည္းေတြကို ဒဏ္ခတ္အေရးယူဖို႔ အီးယူ ဥေရာပသမဂၢက ၾကာသပေတးေန႔မွာ သေဘာတူလိုက္ပါၿပီ။

အီးယူသံအမတ္ေတြရဲ႕ ၃ ရက္ၾကာေဆြးေႏြးမႈအၿပီးမွာ ၾကာသပေတးေန႔ ေန႔လည္မွာ စတင္အသက္ဝင္မယ့္ သေဘာတူညီခ်က္ကို ရခဲ့ၿပီျဖစ္ေၾကာင္း အီးယူဥေရာသမဂၢရဲ႕ အလွည့္က်ဥကၠဌ ခ်က္သမၼတႏိုင္ငံက ၾကာသပေတးေန႔မွာ တြစ္တာကေနေၾကညာပါတယ္။

ဒီဒ႐ုန္းေတြ ေပးပို႔ရာမွာ တာဝန္ရွိတဲ့ အဖြဲ႔အစည္း တခုနဲ႔ လူပုဂၢိဳလ္ ၃ ဦး တို႔ရဲ႕ ပိုင္ဆိုင္မႈေတြကို အီးယူက ထိန္းခ်ဳပ္လိုက္တာ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။ ဒါ့အျပင္ အရင္တုန္းက ဒဏ္ခတ္ထားတဲ့ အီရန္ကုမၸဏီ ၄ ခု ကိုလည္း ဒဏ္ခတ္မႈသက္တမ္းတိုးဖို႔ အီးယူက ျပင္ဆင္ေနတယ္ လို႔လည္း ေျပာပါတယ္။

႐ုရွားတပ္ေတြဟာ ၿပီးခဲ့တဲ့ သီတင္းပတ္ထဲ ယူကရိန္းကို ေလေၾကာင္းကေန ျပင္းျပင္းထန္ထန္ တိုက္ခိုက္ခဲ့ရာမွာ သူတို႔သတ္မွတ္တဲ့ ပစ္မွတ္ေတြကို ေဖါက္ခြဲေရးပစၥည္းေတြ သယ္လာတဲ့ အီရန္လုပ္ ဒ႐ုန္းေတြနဲ႔ တိုက္ခိုက္ဖ်က္ဆီးခဲ့ေၾကာင္း ယူကရိန္းအရာရွိေတြက ေဖၚထုတ္ႏိုင္ခဲ့တာပါ။

အီရန္ကေတာ့ သူတို႔ ႐ုရွားကို ဒ႐ုန္းေတြ ေပးပို႔တာ မရွိဘူးလို႔ ျငင္းဆိုသလို ႐ုရွားကလည္း ယူကရိန္းမွာ ဒီလို ဒ႐ုန္းသံုး တိုက္ခိုက္တာမရွိဘူးလို႔ ျငင္းဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္

Unicode

ယူကရိန်းကို ရုရှားတိုက်ခိုက်ရာမှာ အသုံးပြုခဲ့တဲ့ အီရန်လုပ် ဒရုန်းတွေ ပေးပို့တဲ့ အဖွဲ့အစည်းတွေကို ဒဏ်ခတ်အရေးယူဖို့ အီးယူ ဥရောပသမဂ္ဂက ကြာသပတေးနေ့မှာ သဘောတူလိုက်ပါပြီ။

အီးယူသံအမတ်တွေရဲ့ ၃ ရက်ကြာဆွေးနွေးမှုအပြီးမှာ ကြာသပတေးနေ့ နေ့လည်မှာ စတင်အသက်ဝင်မယ့် သဘောတူညီချက်ကို ရခဲ့ပြီဖြစ်ကြောင်း အီးယူဥရောသမဂ္ဂရဲ့ အလှည့်ကျဥက္ကဌ ချက်သမ္မတနိုင်ငံက ကြာသပတေးနေ့မှာ တွစ်တာကနေကြေညာပါတယ်။

ဒီဒရုန်းတွေ ပေးပို့ရာမှာ တာဝန်ရှိတဲ့ အဖွဲ့အစည်း တခုနဲ့ လူပုဂ္ဂိုလ် ၃ ဦး တို့ရဲ့ ပိုင်ဆိုင်မှုတွေကို အီးယူက ထိန်းချုပ်လိုက်တာ ဖြစ်ကြောင်းလည်း ပြောပါတယ်။ ဒါ့အပြင် အရင်တုန်းက ဒဏ်ခတ်ထားတဲ့ အီရန်ကုမ္ပဏီ ၄ ခု ကိုလည်း ဒဏ်ခတ်မှုသက်တမ်းတိုးဖို့ အီးယူက ပြင်ဆင်နေတယ် လို့လည်း ပြောပါတယ်။

ရုရှားတပ်တွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ယူကရိန်းကို လေကြောင်းကနေ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ရာမှာ သူတို့သတ်မှတ်တဲ့ ပစ်မှတ်တွေကို ဖေါက်ခွဲရေးပစ္စည်းတွေ သယ်လာတဲ့ အီရန်လုပ် ဒရုန်းတွေနဲ့ တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း ယူကရိန်းအရာရှိတွေက ဖေါ်ထုတ်နိုင်ခဲ့တာပါ။

အီရန်ကတော့ သူတို့ ရုရှားကို ဒရုန်းတွေ ပေးပို့တာ မရှိဘူးလို့ ငြင်းဆိုသလို ရုရှားကလည်း ယူကရိန်းမှာ ဒီလို ဒရုန်းသုံး တိုက်ခိုက်တာမရှိဘူးလို့ ငြင်းဆိုပါတယ်။

XS
SM
MD
LG