သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းအတြက္ ကန္စစ္ေရးအကူအညီ ေဒၚလာ ၂၇၅ သန္း ထပ္ေပးမည္


Russia Ukraine War Military Aid

ယူကရိန္းအတြက္ ေနာက္ထပ္စစ္ေရးအကူအညီအျဖစ္ အေမရိကန္က ေဒၚလာ ၂၇၅ သန္းထပ္မံေပးအပ္မွာ ျဖစ္ေၾကာင္း ပင္တာဂြန္စစ္ဌာနခ်ဳပ္က ေသာၾကာေန႔မွာ ေၾကညာလိုက္ပါတယ္။

ယူကရိန္းအတြက္ ကန္စစ္ေရးအကူအညီ ေဒၚလာ ၂၇၅ သန္း ထပ္ေပးမည္

{{Zawgyi/Unicode}}
ယူကရိန္းအတြက္ ေနာက္ထပ္စစ္ေရးအကူအညီအျဖစ္ အေမရိကန္က ေဒၚလာ ၂၇၅ သန္းထပ္မံေပးအပ္မွာ ျဖစ္ေၾကာင္း ပင္တာဂြန္စစ္ဌာနခ်ဳပ္က ေသာၾကာေန႔မွာ ေၾကညာလိုက္ပါတယ္။

ယူကရိန္းႏိုင္ငံရဲ႕ သိပ္အေရးႀကီးတဲ့ လံုျခံဳေရး အေျခေနနဲ႔ ကာကြယ္ေရး လိုအပ္ခ်က္ေတြ ျပည့္မွီေစဖို႔အတြက္ လံုျခံဳေရးအကူအညီအျဖစ္ ေဒၚလာ ၂၇၅ သန္းကို သမၼတ လုပ္ပိုင္ခြင့္နဲ႔ ၂၄ ႀကိမ္ေျမာက္ ခ်မွတ္ေပးလိုက္ေၾကာင္း ဒါဟာ မႏွစ္က ၾသဂုတ္လကစၿပီး ယူကရိန္းအတြက္ေပးေနတဲ့ ကာကြယ္ေရးဌာနရဲ႕ စစ္သံုးပစၥည္းေတြ ထပ္ေပးဖို႔ ျဖစ္ေၾကာင္း ပင္တာဂြန္ လက္ေထာက္ေျပာခြင့္ရ Sabrina Singh က ေၾကညာလိုက္တာ ျဖစ္ပါတယ္။

အခုေသာၾကာေန႔ အေမရိကန္ကာကြယ္ေရးဌာနက ခ်ထားေပးလိုက္တဲ့ အထဲမွာ အလြယ္တကူေရႊ႕ေျပာင္း ပစ္ခတ္ႏိုင္တဲ့ HIMARS အဆင့္ျမင့္ လက္နက္ပစၥည္းေတြ၊ အဆက္မျပတ္ပစ္ခတ္ႏိုင္တဲ့ ၁၅၅ မမ အေႁမွာက္ေတြ၊ အေဝးထိန္း တင့္ကားဖ်က္မိုင္းေတြ၊ သံခ်ပ္ကာကားေတြနဲ႔ လက္နက္ငယ္ေတြ ပါဝင္တယ္လို႔လည္း ေျပာပါတယ္။

ယူကရိန္းမွာ Mykolaiv ကေန Kherson အထိ က်ယ္ျပန္႔တဲ့ စစ္မ်က္ႏွာေတြမွာ ခုခံစစ္နဲ႔တြန္းလွန္ေနရတဲ့ ယူကရိန္းတပ္သားေတြဟာ စစ္လက္နက္ ပစၥည္း မလံုေလာက္မႈနဲ႔ ရင္ဆိုင္ေနရၿပီး သူတို႔က က်ည္တေတာင့္ပစ္ရင္ ႐ုရွားဘက္က က်ည္ ၅ ေတာင့္နဲ႔ ျပန္ပစ္ေနတာ ျဖစ္ေၾကာင္း ယူကရိန္းတိုက္ခိုက္ေရးသမားတေယာက္က ႐ိုက္တာ သတင္းကို ေျပာပါတယ္။

႐ုရွားတပ္ေတြဟာ Kharkiv, Donetsk, Kherson, နဲ႔ Mikolaiv ေဒသေတြက ေနရာ ၃၀ ေလာက္ကို ေသာၾကာေန႔က တိုက္ခိုက္ခဲ့တယ္လို႔ ယူကရိန္းၾကည္းတပ္ အႀကီးအကဲက ေျပာပါတယ္။

ေသာၾကာေန႔မွာပဲ ႐ုရွားကာကြယ္ေရးဝန္ႀကီး Sergei Shoigu က ယူကရိန္းမွာ တိုက္ခိုက္ဖို႔ ႐ုရွားအရံတပ္သား ၃ သိန္း စုေဆာင္းတာ ျပည့္သြားၿပီျဖစ္ေၾကာင္း ေၾကညာခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

...................................

ယူကရိန်းအတွက် ကန်စစ်ရေးအကူအညီ ဒေါ်လာ ၂၇၅ သန်း ထပ်ပေးမည်

{{Zawgyi/Unicode}}
ယူကရိန်းအတွက် နောက်ထပ်စစ်ရေးအကူအညီအဖြစ် အမေရိကန်က ဒေါ်လာ ၂၇၅ သန်းထပ်မံပေးအပ်မှာ ဖြစ်ကြောင်း ပင်တာဂွန်စစ်ဌာနချုပ်က သောကြာနေ့မှာ ကြေညာလိုက်ပါတယ်။

ယူကရိန်းနိုင်ငံရဲ့ သိပ်အရေးကြီးတဲ့ လုံခြုံရေး အခြေနေနဲ့ ကာကွယ်ရေး လိုအပ်ချက်တွေ ပြည့်မှီစေဖို့အတွက် လုံခြုံရေးအကူအညီအဖြစ် ဒေါ်လာ ၂၇၅ သန်းကို သမ္မတ လုပ်ပိုင်ခွင့်နဲ့ ၂၄ ကြိမ်မြောက် ချမှတ်ပေးလိုက်ကြောင်း ဒါဟာ မနှစ်က သြဂုတ်လကစပြီး ယူကရိန်းအတွက်ပေးနေတဲ့ ကာကွယ်ရေးဌာနရဲ့ စစ်သုံးပစ္စည်းတွေ ထပ်ပေးဖို့ ဖြစ်ကြောင်း ပင်တာဂွန် လက်ထောက်ပြောခွင့်ရ Sabrina Singh က ကြေညာလိုက်တာ ဖြစ်ပါတယ်။

အခုသောကြာနေ့ အမေရိကန်ကာကွယ်ရေးဌာနက ချထားပေးလိုက်တဲ့ အထဲမှာ အလွယ်တကူရွှေ့ပြောင်း ပစ်ခတ်နိုင်တဲ့ HIMARS အဆင့်မြင့် လက်နက်ပစ္စည်းတွေ၊ အဆက်မပြတ်ပစ်ခတ်နိုင်တဲ့ ၁၅၅ မမ အမြှောက်တွေ၊ အဝေးထိန်း တင့်ကားဖျက်မိုင်းတွေ၊ သံချပ်ကာကားတွေနဲ့ လက်နက်ငယ်တွေ ပါဝင်တယ်လို့လည်း ပြောပါတယ်။

ယူကရိန်းမှာ Mykolaiv ကနေ Kherson အထိ ကျယ်ပြန့်တဲ့ စစ်မျက်နှာတွေမှာ ခုခံစစ်နဲ့တွန်းလှန်နေရတဲ့ ယူကရိန်းတပ်သားတွေဟာ စစ်လက်နက် ပစ္စည်း မလုံလောက်မှုနဲ့ ရင်ဆိုင်နေရပြီး သူတို့က ကျည်တတောင့်ပစ်ရင် ရုရှားဘက်က ကျည် ၅ တောင့်နဲ့ ပြန်ပစ်နေတာ ဖြစ်ကြောင်း ယူကရိန်းတိုက်ခိုက်ရေးသမားတယောက်က ရိုက်တာ သတင်းကို ပြောပါတယ်။

ရုရှားတပ်တွေဟာ Kharkiv, Donetsk, Kherson, နဲ့ Mikolaiv ဒေသတွေက နေရာ ၃၀ လောက်ကို သောကြာနေ့က တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းကြည်းတပ် အကြီးအကဲက ပြောပါတယ်။

သောကြာနေ့မှာပဲ ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu က ယူကရိန်းမှာ တိုက်ခိုက်ဖို့ ရုရှားအရံတပ်သား ၃ သိန်း စုဆောင်းတာ ပြည့်သွားပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

XS
SM
MD
LG