သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလ ညှိနှိုင်းပေးထားတဲ့ ယူကရိန်းနဲ့ သီးနှံတင်ပို့ရေးသဘောတူညီချက် ရုရှားဖျက်သိမ်း


A crew member prepares a grain analysis onboard a ship coming from Ukraine loaded with grain and anchored in Istanbul, on Oct. 11, 2022.
A crew member prepares a grain analysis onboard a ship coming from Ukraine loaded with grain and anchored in Istanbul, on Oct. 11, 2022.

ကုလသမဂ္ဂက ကြားဝင်ညှိုနှိုင်းပေးတဲ့ သီးနှံတင်ပို့မှု သဘောတူညီချက်ကို ရုရှားက ရပ်ဆိုင်းလိုက်ပါတယ်။ အဲဒီ သဘောတူညီချက်ကြောင့် ယူကရိန်းက သီးနှံ ၉ တန်ကျော် တင်ပို့နိုင်ခဲ့ပြီး၊ ကမ္ဘာ့ဈေးကွက်မှာ သီးနှံဈေးကျဖို့ အထောက်အကူ ဖြစ်ခဲ့ပါတယ်။

“ယူကရိန်း လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ လုပ်ရပ်နဲ့ဆက်စပ်ပြီး၊ သဘောတူညီချက်အရ အရပ်ဘက် ကုန်တင်သင်္ဘောတွေရဲ့ လုံခြုံရေးကို ရုရှားက အာမမခံနိုင်တော့ဘူးလို့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာချက်မှာ ပြောထားပြီး၊ စနေနေ့ကစပြီး ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်ပါတယ်။ ယူကရိန်းကတော့ သူတို့ တိုက်ခိုက်တာ မဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။ ရုရှားနဲ့ ယူကရိန်းကို သီးနှံကိစ္စ ထပ်မံညှိုနှိုင်းဆွေးနွေးကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က တိုက်တွန်းလိုက်ပြီး တစ်ရက်အကြာမှာ ရုရှားက အခုလို ရပ်ဆိုင်းလိုက်တာ ဖြစ်ပါတယ်။

အာရှနဲ့ အာဖရိကမှာ အတိုင်းအဆ ကြီးကြီးမားမား အငတ်ဘေး ကြုံရအောင် ရုရှားက ခြိမ်းခြောက်လာတာကို မြင်သာပါတယ်လို့ ယူကရိန်း သမ္မတ Zelenskyy က သူ့ရဲ့ ညစဉ် ဗွီဒီယိုအစီအစဉ်ကနေ စနေနေ့ညက ပြောပါတယ်။ သင်္ဘော ၂၇၆ စင်း ဟာ သီးနှံတန်ချိန်ပေါင်း ၂ သန်းကျော် ကို တင်ဆောင်ထားကြပြီး ပင်လယ်နက်ထဲမှာ စောင့်နေကြရတယ်လို့ Zelenskyy က ဆိုပါတယ်။

စနေနေ့က တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး လုံခြုံရေးကောင်စီ အစည်းအဝေးကို တနင်္လာနေ့မှာ ခေါ်ပေးဖို့ ရုရှားက ကုလသမဂ္ဂကို တောင်းဆိုလိုက်ပါတယ်။ အခုလို ရပ်ဆိုင်းလိုက်ခြင်းအားဖြင့် သူစခဲ့တဲ့ ယူကရိန်းစစ်ပွဲမှာ စားနပ်ရိက္ခာကို လက်နက်တစ်ခုအဖြစ် ရုရှားက ထပ်မံအသုံးပြုလိုက်တာဖြစ်ပြီး၊ ဝင်ငွေနည်းနဲ့ အလယ်အလတ် ဝင်ငွေရှိ တိုင်းပြည်တွေနဲ့ ကမ္ဘာ့စားနပ်ရိက္ခာ ဈေးနှုန်းတွေအပေါ် တိုက်ရိုက်သက်ရောက်မှာ ဖြစ်ပြီး၊ ရင်ဆိုင်နေရပြီးဖြစ်တဲ့ လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းနဲ့ စားနပ်ရိက္ခာ မလုံခြုံမှုကို ပိုပြီးဆိုးဝါးစေမှာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က ပြောပါတယ်။

=== Unicode ====





XS
SM
MD
LG