သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းစစ္ပဲြ သံတမန္နည္း ျဖင္႔သာ အဆံုးသတ္ႏိုင္မည္ (The Elders)


The Elders Interview

ယူကရိန္းစစ္ပဲြမွာ တဘက္ဘက္ေန အျပတ္အသတ္အႏိုင္ရဖို႔ဆိုတာမျဖစ္ႏိုင္ေၾကာင္းနဲ႔ သံတမန္ေရးနည္းအရ ေဆြးေႏြး ေျဖရွင္းတဲ့နည္းနဲ႔သာလ်င္စစ္ပဲြကိုအဆုံးသတ္ႏိုင္မွာျဖစ္တယ္လို႔ နယ္ဆင္မန္ဒဲလားဦးေဆာင္ဖဲြ႕စည္းခဲ့တဲ့ကမ႓ာ့အထင္ ကရေခါင္းေဆာင္ႀကီးမ်ားအဖဲြ႕က ေသာၾကာေန႔တုန္းကေျပာဆိုခဲ့ပါတယ္။

Zawgyi

ယူကရိန္းစစ္ပဲြ သံတမန္နည္း ျဖင္႔သာ အဆံုးသတ္ႏိုင္မည္ (The Elders)

ယူကရိန္းစစ္ပဲြမွာ တဘက္ဘက္ေန အျပတ္အသတ္အႏိုင္ရဖို႔ဆိုတာမျဖစ္ႏိုင္ေၾကာင္းနဲ႔ သံတမန္ေရးနည္းအရ ေဆြးေႏြး ေျဖရွင္းတဲ့နည္းနဲ႔သာလ်င္စစ္ပဲြကိုအဆုံးသတ္ႏိုင္မွာျဖစ္တယ္လို႔ နယ္ဆင္မန္ဒဲလားဦးေဆာင္ဖဲြ႕စည္းခဲ့တဲ့ကမ႓ာ့အထင္ ကရေခါင္းေဆာင္ႀကီးမ်ားအဖဲြ႕က ေသာၾကာေန႔တုန္းကေျပာဆိုခဲ့ပါတယ္။


ဒီကိစၥကို ယူကရိန္းသမၼတ Zelenskyy ထံကိုအေၾကာင္းၾကားခဲ့တယ္လို႔၊ အဖဲြ႕ရဲ႔လက္ရွိဥကၠဌ အိုင္ယာလန္ သမၼတေဟာ င္း Mary Robinson က AP သတင္းဌာနကိုေျပာဆိုခဲ့ပါတယ္။


Act: “ ယူကရိန္းျပည္သူေတြကို ထိခိုက္ေသေၾကပ်က္စီးေစတဲ့ဒီစစ္ပဲြမွာ ႏွစ္ဘက္လုံးကို လက္ႏွက္ခဲယမ္းေတြတိုးၿပီး ျဖည့္တင္းေပးေနတာကိုဆန္႔က်င္တဲ့အတြက္၊ စစ္ပဲြကိုဘယ္လိုအဆုံးသတ္ႏိုင္မလဲဆိုတဲ့ စိတ္ကူးအၾကံဉာဏ္ေတြရရွိ လာေအာင္အားေပးဖို႔လိုပါတယ္။” လို႔ သမတေဟာင္း Mary Robinson ကေျပာဆိုသြာတာပါ။


ကုလသမဂၢလူအခြင့္ေရးမဟာမင္းႀကီးေဟာင္း Zeid Raad al Hussein ကလည္း ေဆြးေႏြးအေျဖရွာေရးကို သေဘာတူပါ တယ္။ ဒါေပမယ့္ ဒီလိုေျပာတာဟာ ႐ုရွားရဲ႔ရန္လိုက်ဴးေက်ာ္မႈကိုခံရတဲ့ ယူကရိန္းကို သူ႔ရဲ႔အခ်ဳပ္အျခာကို အေလ်ာ့ေပးဖို႔ ေတာင္းဆိုတာမဟုတ္ပါဘူးလို႔သူကေျပာဆိုပါတယ္။


အထင္ကရကမ႓ာ့ေခါင္းေဆာင္ႀကီးမ်ားအဖဲြ႕က ႐ုရွားကယူကရိန္းကိုက်ဴးေက်ာ္တဲ့အေပၚ ျပစ္တင္ရံႈခ်ထားၿပီး၊ ဒီက်ဴးေ က်ာ္မႈဟာ ကုလသမဂၢပဋိညာဥ္ စာတမ္းကိုခ်ိဳးေဖါက္ရာက်ေၾကာင္းနဲ႔၊ ကမ႓ာ့တည္ၿငိမ္ေရးနဲ႔ၿငိမ္းခ်မ္းေရးကိုပ်က္ျပားေစ တယ္လို႔ေျပာဆိုထားပါတယ္။

မကၠဆီကိုသမၼတေဟာင္း Ernesto Zedillo ကေတာ့ ႐ုရွားကို အေမရိကန္နဲ႔ဥေရာပက ပိတ္ဆို႔အေရးယူတာေတြလုပ္ ထားေပမယ့္လည္း ေရနံကရတဲ့၀င္ေငြေတြအပါအ၀င္ စစ္ပဲြအတြက္လိုအပ္တဲ့ေငြေၾကး ေတြက ဆက္လက္စီးဆင္းေနဆဲျဖစ္တယ္လို႔ေျပာဆိုပါတယ္။ ႐ုရွားက လူမ်ိဳးတုန္းေအာင္လုပ္ေဆာင္မႈ၊ စစ္ရာဇ၀တ္မႈ၊ လူသားေတြကိုဆန္႔က်င္တဲ့ရာ ဇ၀တ္မႈေတြကိုက်ဴးလြန္တယ္လို႔လည္းသူကစြပ္စဲြေျပာဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္

##

Unicode

ယူကရိန်းစစ်ပွဲ သံတမန်နည်း ဖြင့်သာ အဆုံးသတ်နိုင်မည် (The Elders)

ယူကရိန်းစစ်ပွဲမှာ တဘက်ဘက်နေ အပြတ်အသတ်အနိုင်ရဖို့ဆိုတာမဖြစ်နိုင်ကြောင်းနဲ့ သံတမန်ရေးနည်းအရ ဆွေးနွေး ဖြေရှင်းတဲ့နည်းနဲ့သာလျင်စစ်ပွဲကိုအဆုံးသတ်နိုင်မှာဖြစ်တယ်လို့ နယ်ဆင်မန်ဒဲလားဦးဆောင်ဖွဲ့စည်းခဲ့တဲ့ကမ္ဘာ့အထင် ကရခေါင်းဆောင်ကြီးများအဖွဲ့က သောကြာနေ့တုန်းကပြောဆိုခဲ့ပါတယ်။


ဒီကိစ္စကို ယူကရိန်းသမ္မတ Zelenskyy ထံကိုအကြောင်းကြားခဲ့တယ်လို့၊ အဖွဲ့ရဲ့လက်ရှိဥက္ကဌ အိုင်ယာလန် သမ္မတဟော င်း Mary Robinson က AP သတင်းဌာနကိုပြောဆိုခဲ့ပါတယ်။


Act: “ ယူကရိန်းပြည်သူတွေကို ထိခိုက်သေကြေပျက်စီးစေတဲ့ဒီစစ်ပွဲမှာ နှစ်ဘက်လုံးကို လက်နှက်ခဲယမ်းတွေတိုးပြီး ဖြည့်တင်းပေးနေတာကိုဆန့်ကျင်တဲ့အတွက်၊ စစ်ပွဲကိုဘယ်လိုအဆုံးသတ်နိုင်မလဲဆိုတဲ့ စိတ်ကူးအကြံဉာဏ်တွေရရှိ လာအောင်အားပေးဖို့လိုပါတယ်။” လို့ သမတဟောင်း Mary Robinson ကပြောဆိုသွာတာပါ။


ကုလသမဂ္ဂလူအခွင့်ရေးမဟာမင်းကြီးဟောင်း Zeid Raad al Hussein ကလည်း ဆွေးနွေးအဖြေရှာရေးကို သဘောတူပါ တယ်။ ဒါပေမယ့် ဒီလိုပြောတာဟာ ရုရှားရဲ့ရန်လိုကျူးကျော်မှုကိုခံရတဲ့ ယူကရိန်းကို သူ့ရဲ့အချုပ်အခြာကို အလျော့ပေးဖို့ တောင်းဆိုတာမဟုတ်ပါဘူးလို့သူကပြောဆိုပါတယ်။


အထင်ကရကမ္ဘာ့ခေါင်းဆောင်ကြီးများအဖွဲ့က ရုရှားကယူကရိန်းကိုကျူးကျော်တဲ့အပေါ် ပြစ်တင်ရှုံချထားပြီး၊ ဒီကျူးေ ကျာ်မှုဟာ ကုလသမဂ္ဂပဋိညာဉ် စာတမ်းကိုချိုးဖေါက်ရာကျကြောင်းနဲ့၊ ကမ္ဘာ့တည်ငြိမ်ရေးနဲ့ငြိမ်းချမ်းရေးကိုပျက်ပြားစေ တယ်လို့ပြောဆိုထားပါတယ်။

မက္ကဆီကိုသမ္မတဟောင်း Ernesto Zedillo ကတော့ ရုရှားကို အမေရိကန်နဲ့ဥရောပက ပိတ်ဆို့အရေးယူတာတွေလုပ် ထားပေမယ့်လည်း ရေနံကရတဲ့ဝင်ငွေတွေအပါအဝင် စစ်ပွဲအတွက်လိုအပ်တဲ့ငွေကြေး တွေက ဆက်လက်စီးဆင်းနေဆဲဖြစ်တယ်လို့ပြောဆိုပါတယ်။ ရုရှားက လူမျိုးတုန်းအောင်လုပ်ဆောင်မှု၊ စစ်ရာဇဝတ်မှု၊ လူသားတွေကိုဆန့်ကျင်တဲ့ရာ ဇဝတ်မှုတွေကိုကျူးလွန်တယ်လို့လည်းသူကစွပ်စွဲပြောဆိုပါတယ်။

XS
SM
MD
LG