သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားသိမ်းပိုက်ခံ ခါဆွန်ဒေသ ရေနဲ့ လျှပ်စစ်မီးပြတ်တောက်


Local resident Alexander stands on the ruins of a house destroyed by recent shelling in the course of Russia-Ukraine conflict in Donetsk, Russian-controlled Ukraine, Nov. 6, 2022.
Local resident Alexander stands on the ruins of a house destroyed by recent shelling in the course of Russia-Ukraine conflict in Donetsk, Russian-controlled Ukraine, Nov. 6, 2022.

ရုရှားသိမ်းပိုက်ခံ ခါဆွန်ဒေသ ရေနဲ့ လျှပ်စစ်မီးပြတ်တောက်

{{Zawgyi/Unicode}}
ရုရှား သိမ်းပိုက်ထားတဲ့ ယူကရိန်းမြို့ဖြစ်တဲ့ Kherson မြို့ နဲ့ အနီးဝန်ကျင်ဒေသမှာ ရေ နဲ့ လျှပ်စစ်မီးတွေ ပြတ်တောက်နေပြီး၊ ရုရှားကတော့ ယူကရိန်းရဲ့ အဖျက်အမှောင့် လုပ်ရပ်တွေကြောင့် ဓာတ်အားပေးလိုင်း ၃ ခု ပျက်စီးသွားတယ်လို့ စွပ်စွဲထားပါတယ်။ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး ရုရှားဖက်က တစုံတရာ သက်သေပြတာမျိုးတော့ မရှိပါဘူး။

ရုရှားတွေရဲ့ လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် ယူကရိန်းနိုင်ငံရဲ့ ရေ နဲ့ စွမ်းအင်ဆိုင်ရာ အခြေခံ အဆောက်အအုံတွေ ၃ဝ ရာခိုင်နှုန်းကနေ ၄ဝ ရာခိုင်နှုန်းအကြား ပျက်စီးခဲ့ရကြောင်းလည်း သတင်းတွေက ဖော်ပြနေကြတာပါ။

အလားတူ ယူကရိန်းနိုင်ငံ မြို့တော် Kyiv နဲ့ ဒေသအများအပြားမှာလည်းပဲ တဖြေးဖြေး နဲ့ မီးပျက်တာတွေ ကြုံရနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။

ဒီတောအတွင်းမှာ ရုရှားဖက်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် ဓါတ်အားလိုင်းတွေ ပျက်စီးသွားပြီးနောက် ရက်အတော်ကြာမှာ နျူကလီးယား ဓါတ်အားပေးစက်ရုံ Zaporizhzhia ကို ဓါတ်အားလိုင်းတွေ ပြန်လည်ပြင်ဆင် ချိတ်ဆက်ပေးခဲ့ကြောင်း နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ IAEA က ပြောပါတယ်။ အနုမြူ လုံခြုံရေး၊ ဘေးကင်းရေးဇုံတခုကို Zaporizhzhia နျူကလီးယား ဓါတ်အားပေး စက်ရုံအနီးမှာ သတ်မှတ်ဖို့လည်း IAEA ညွှန်ကြားရေးမှူး Rafael Mariano Grossi က ထပ်မံပြီး တောင်းဆိုလိုက်ပါတယ်။ အီဂျစ်နိုင်ငံမှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာ နိုင်ငံတကာ ညီလာခံ COP 27 မတိုင်မီ တရက်အလိုမှာ ပြောကြားလိုက်တာပါ။

COP 27 အလှည့်ကျ သဘာပတိ အီဂျစ် နိုင်ငံခြားရေးဝန်ကြီး Sameh Shoukry ကလည်း ရုရှားကျူးကျော်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ယူကရိန်းနိုင်ငံက အကြပ်အတည်းတွေအပေါ် စိုးရိမ်ကြောင်းနဲ့ ဒီကိစ္စကြောင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ကြိုးပမ်းမှုတွေ လမ်းကြောင်းလွဲ မသွားသင့်ဘူးလို့လည်း တနင်္ဂနွေနေ့က သတိပေးပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

....................................................


{{Zawgyi/Unicode}}





XS
SM
MD
LG