သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ုရွားစစ္ေျပးေတြေၾကာင္႔ ေဂ်ာ္ဂ်ီယာ စီးပြါးေရးတိုးတက္


Tbilisi Georgia

ယူကရိန္းမွာျဖစ္ပြါးေနတဲ့ စစ္ေၾကာင့္ဥေရာပတလႊား အခက္ၾကံဳေနရခ်ိန္မွာ ေဂ်ာ္ဂီ်ယာႏိုင္ငံကေတာ့ မေမွ်ာ္လင့္ပဲ စီးပြါးေရးဖြံ႔ၿဖိဳးလာခဲ့ပါတယ္။

Zawgyi

႐ုရွားစစ္ေျပးေတြေၾကာင္႔ ေဂ်ာ္ဂ်ီယာ စီးပြါးေရးတိုးတက္


ယူကရိန္းမွာျဖစ္ပြါးေနတဲ့ စစ္ေၾကာင့္ဥေရာပတလႊား အခက္ၾကံဳေနရခ်ိန္မွာ ေဂ်ာ္ဂီ်ယာႏိုင္ငံကေတာ့ မေမွ်ာ္လင့္ပဲ စီးပြါးေရးဖြံ႔ၿဖိဳးလာခဲ့ပါတယ္။ ယူကရိန္းကို ႐ုရွားဝင္တိုက္ခိုက္တာနဲ႔ ဒီစစ္ပြဲအတြက္ ႐ုရွားသမၼတ Vladimir Putin ရဲ႕ လူသစ္စုေဆာင္းမႈေတြေၾကာင့္ ႐ုရွားႏိုင္ငံသား တသိန္းေက်ာ္ ေဂ်ာ္ဂ်ီယာႏိုင္ငံထဲဝင္ေရာက္ခိုလႈံခဲ့တဲ့ ေနာက္ပိုင္းမွာ ဒီႏွစ္အတြက္ ကမာၻမွာ အျမန္ဆံုးစီးပြါးဖြံ႔ၿဖိဳးတဲ့ ႏိုင္ငံတႏိုင္ငံ ျဖစ္လာခဲ့တာ ျဖစ္ပါတယ္။

ကမာၻ႔ႏိုင္ငံအမ်ားစုမွာ စီးပြါးေရးယိုင္နဲ႔ၿပီး ကပ္ဆိုက္မယ့္ အႏၲရာယ္နဲ႔ ၾကံဳေနရခ်ိန္မွာ လူဦးေရ ၃ သန္းခဲြေက်ာ္ေနထိုင္တဲ့ ေဂ်ာ္ဂ်ီယာမွာေတာ့ ဒီႏွစ္အတြက္ စီးပြါးေရးက ၁၀ % ေလာက္ကို တိုးလာႏိုင္ေျခရွိတယ္လို႔ စီးပြါးေရးေစာင့္ၾကည့္သူ ေတြက ေျပာပါတယ္။ ေဂ်ာ္ဂ်ီယာက အႀကီးဆံုးဘဏ္ျဖစ္တဲ့ TBC ဘဏ္အႀကီးအကဲကလည္း ေဂ်ာ္ဂ်ီယာမွာ အေသးစား စက္မႈလုပ္ငန္းေတြကေန ေကာ္ပိုေရးရွင္းႀကီးေတြ အထိ လုပ္ငန္းေကာင္းမြန္သလို စီးပြါးေရးဘက္မွာ အေတာ္အဆင္ ေျပတာေတြ႕ရတယ္လို႔ ေျပာပါတယ္။

ေဖေဖၚဝါရီ ၂၄ ရက္ ယူကရိန္းကို ႐ုရွားဝင္တိုက္ခဲ့တဲ့ေနာက္ ေဂ်ာ္ဂ်ီယာႏိုင္ငံထဲကို ပထမအႀကိမ္အျဖစ္ ႐ုရွားႏိုင္ငံသား ၄ ေသာင္းေက်ာ္ေရာက္လာတဲ့အျပင္ မၾကာေသးခင္က ႐ုရွားသမၼတ Putin ရဲ႕ တပ္သားသစ္စုေဆာင္းမႈေတြေၾကာင့္ ဒုတိယအခ်ီ အစုလိုက္ေရာက္လာတာ ျဖစ္ပီး ဒီႏွစ္ထဲ ေဂ်ာ္ဂ်ီယာကို ဝင္လာတဲ့ ႐ုရွားႏိုင္ငံသားစုစုေပါင္းက အနည္းဆံုး ၁သိန္း ၁ေသာင္း ေက်ာ္ ရွိေနတယ္လို႔ နယ္စပ္ေက်ာ္ျဖတ္တဲ့ စာရင္းေတြမွာ ေဖၚျပပါတယ္။

အခုလို ဝင္ေရာက္လာသူေတြနဲ႔အတူ သူတို႔ရဲ႕ ေငြေတြပါ ေဂ်ာ္ဂ်ီယာကို ေရာက္လာတာျဖစ္ၿပီး ဧၿပီလကေန စက္တင္ဘာ အတြင္း ႐ုရွားကေန ေဂ်ာ္ဂ်ီယာဘဏ္ေတြထဲ လႊဲတဲ့ေငြက ေဒၚလာ သန္း ၁၀၀၀ ေက်ာ္ ဘိုးရွိေနၿပီး ဒါဟာ ၂၀၂၁ ခုႏွစ္ ဧၿပီကေန စက္တင္ဘာ တုန္းကထက္ ၅ ဆ ပိုမ်ားလာတာျဖစ္ေၾကာင္း ေဂ်ာ္ဂ်ီယာဗဟိုဘဏ္က ေျပာပါတယ္။

အရင္ဆိုဗီယက္ျပည္ေထာင္စုမွာ ပါဝင္ခဲ့တဲ့ ေဂ်ာ္ဂ်ီယာရဲ႕စီးပြါးေရးဟာ ထြက္ကုန္တင္ပို႔မႈနဲ႔ ခရီးသြားလုပ္ငန္းေတြမွာ ႐ုရွားနဲ႔ နီးကပ္တဲ့ ဆက္စပ္မႈရွိေနတာေၾကာင့္ အခုျဖစ္ပြါးေနတဲ့ စစ္ပြဲကေန ဆိုးဝါးတဲ့ အက်ိဳးဆက္ၾကံဳရႏိုင္တာကို သိေနတဲ့ စီးပြါးေရးပညာရွင္ အမ်ားအျပားကေတာ့ ဒီေဂ်ာ္ဂ်ီယာႏိုင္ငံရဲ႕ စီးပြါးေရးတိုးတက္ေနမႈ ေရရွည္ခံပါ့မလားလို႔ ေဝခြဲမရျဖစ္ေစတာပါ။

##

တိုက္႐ိုက္ လင့္ခ္

Unicode

ရုရှားစစ်ပြေးတွေကြောင့် ဂျော်ဂျီယာ စီးပွါးရေးတိုးတက်


ယူကရိန်းမှာဖြစ်ပွါးနေတဲ့ စစ်ကြောင့်ဥရောပတလွှား အခက်ကြုံနေရချိန်မှာ ဂျော်ဂျီယာနိုင်ငံကတော့ မမျှော်လင့်ပဲ စီးပွါးရေးဖွံ့ဖြိုးလာခဲ့ပါတယ်။ ယူကရိန်းကို ရုရှားဝင်တိုက်ခိုက်တာနဲ့ ဒီစစ်ပွဲအတွက် ရုရှားသမ္မတ Vladimir Putin ရဲ့ လူသစ်စုဆောင်းမှုတွေကြောင့် ရုရှားနိုင်ငံသား တသိန်းကျော် ဂျော်ဂျီယာနိုင်ငံထဲဝင်ရောက်ခိုလှုံခဲ့တဲ့ နောက်ပိုင်းမှာ ဒီနှစ်အတွက် ကမ္ဘာမှာ အမြန်ဆုံးစီးပွါးဖွံ့ဖြိုးတဲ့ နိုင်ငံတနိုင်ငံ ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာ့နိုင်ငံအများစုမှာ စီးပွါးရေးယိုင်နဲ့ပြီး ကပ်ဆိုက်မယ့် အန္တရာယ်နဲ့ ကြုံနေရချိန်မှာ လူဦးရေ ၃ သန်းခွဲကျော်နေထိုင်တဲ့ ဂျော်ဂျီယာမှာတော့ ဒီနှစ်အတွက် စီးပွါးရေးက ၁၀ % လောက်ကို တိုးလာနိုင်ခြေရှိတယ်လို့ စီးပွါးရေးစောင့်ကြည့်သူ တွေက ပြောပါတယ်။ ဂျော်ဂျီယာက အကြီးဆုံးဘဏ်ဖြစ်တဲ့ TBC ဘဏ်အကြီးအကဲကလည်း ဂျော်ဂျီယာမှာ အသေးစား စက်မှုလုပ်ငန်းတွေကနေ ကော်ပိုရေးရှင်းကြီးတွေ အထိ လုပ်ငန်းကောင်းမွန်သလို စီးပွါးရေးဘက်မှာ အတော်အဆင် ပြေတာတွေ့ရတယ်လို့ ပြောပါတယ်။

ဖေဖေါ်ဝါရီ ၂၄ ရက် ယူကရိန်းကို ရုရှားဝင်တိုက်ခဲ့တဲ့နောက် ဂျော်ဂျီယာနိုင်ငံထဲကို ပထမအကြိမ်အဖြစ် ရုရှားနိုင်ငံသား ၄ သောင်းကျော်ရောက်လာတဲ့အပြင် မကြာသေးခင်က ရုရှားသမ္မတ Putin ရဲ့ တပ်သားသစ်စုဆောင်းမှုတွေကြောင့် ဒုတိယအချီ အစုလိုက်ရောက်လာတာ ဖြစ်ပီး ဒီနှစ်ထဲ ဂျော်ဂျီယာကို ဝင်လာတဲ့ ရုရှားနိုင်ငံသားစုစုပေါင်းက အနည်းဆုံး ၁သိန်း ၁သောင်း ကျော် ရှိနေတယ်လို့ နယ်စပ်ကျော်ဖြတ်တဲ့ စာရင်းတွေမှာ ဖေါ်ပြပါတယ်။

အခုလို ဝင်ရောက်လာသူတွေနဲ့အတူ သူတို့ရဲ့ ငွေတွေပါ ဂျော်ဂျီယာကို ရောက်လာတာဖြစ်ပြီး ဧပြီလကနေ စက်တင်ဘာ အတွင်း ရုရှားကနေ ဂျော်ဂျီယာဘဏ်တွေထဲ လွှဲတဲ့ငွေက ဒေါ်လာ သန်း ၁၀၀၀ ကျော် ဘိုးရှိနေပြီး ဒါဟာ ၂၀၂၁ ခုနှစ် ဧပြီကနေ စက်တင်ဘာ တုန်းကထက် ၅ ဆ ပိုများလာတာဖြစ်ကြောင်း ဂျော်ဂျီယာဗဟိုဘဏ်က ပြောပါတယ်။

အရင်ဆိုဗီယက်ပြည်ထောင်စုမှာ ပါဝင်ခဲ့တဲ့ ဂျော်ဂျီယာရဲ့စီးပွါးရေးဟာ ထွက်ကုန်တင်ပို့မှုနဲ့ ခရီးသွားလုပ်ငန်းတွေမှာ ရုရှားနဲ့ နီးကပ်တဲ့ ဆက်စပ်မှုရှိနေတာကြောင့် အခုဖြစ်ပွါးနေတဲ့ စစ်ပွဲကနေ ဆိုးဝါးတဲ့ အကျိုးဆက်ကြုံရနိုင်တာကို သိနေတဲ့ စီးပွါးရေးပညာရှင် အများအပြားကတော့ ဒီဂျော်ဂျီယာနိုင်ငံရဲ့ စီးပွါးရေးတိုးတက်နေမှု ရေရှည်ခံပါ့မလားလို့ ဝေခွဲမရဖြစ်စေတာပါ။

XS
SM
MD
LG