ယူကရိန္းနဲ႔ ပတ္သက္ေနသူအားလုံးနဲ႔ ညိႇဳႏိႈင္းေဆြးေႏြးဖို႔ ႐ု႐ွားက အဆင္သင့္႐ွိေၾကာင္း ႐ု႐ွားသမၼတ Vladimir Putin က ေျပာလိုက္ပါတယ္။
“လမ္းေၾကာင္းမွန္အေပၚမွာ ကြၽန္ေတာ္တို႔ လုပ္ေဆာင္ေနၾကတယ္လို႔ ကြၽန္ေတာ္ ယုံၾကည္ပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕ အမ်ိဳးသားအက်ိဳးစီးပြါးကို ကာကြယ္ေနၾကတာပါ။ ႏိုင္ငံသားေတြရဲ႕ အက်ိဳးစီးပြါး ျဖစ္ပါတယ္။ ႏိုင္ငံသားေတြကို ကာကြယ္႐ုံကလြဲၿပီး တျခားေ႐ြးခ်ယ္စရာ ကြၽန္ေတာ္တို႔မွာ မ႐ွိပါဘူး" လို႔ ႐ု႐ွားအစိုးရ ႐ုပ္ျမင္သံၾကား အင္တာဗ်ဴးမွာ ပူတင္က ေျပာခဲ့တာ ျဖစ္ပါတယ္။
“လက္ခံႏိုင္တဲ့ ေျဖ႐ွင္းပုံေတြကို ပတ္သက္ေနသူတိုင္းနဲ႔ ေဆြးေႏြးဖို႔ ကြၽန္ေတာ္တို႔က အဆင္သင့္ ႐ွိပါတယ္။ သူတို႔အေပၚမွာပဲ မူတည္ပါတယ္။ ေဆြးေႏြးဖို႔ ျငင္းဆိုေနသူေတြက ကြၽန္ေတာ္တို႔ မဟုတ္ပါဘူး။ သူတို႔ပါ” လို႔ ႐ု႐ွား သမၼတပူတင္က ေျပာသြားပါတယ္။
တခ်ိန္ထဲမွာဘဲ ယူကရိန္းႏိုင္ငံမွာေတာ့ ကိဗ္ၿမိဳ႕နဲ႔ ႏိုင္ငံတလႊားမွာ တနဂၤေႏြေန႔ မနက္က ေလေၾကာင္းရန္ သတိေပးခ်က္အသံေတြ လႊမ္းသြားခဲ့တယ္လို႔ တာဝန္႐ွိသူေတြက ေျပာပါတယ္။ ဘယ္လာ႐ုစ္ ႏိုင္ငံကေန ႐ု႐ွားဂ်က္ေလယာဥ္ေတြ တက္သြားၿပီးတဲ့ေနာက္ အခုလို အခ်က္ေပးသံေတြ လႊမ္းခဲ့တာ ျဖစ္တယ္လို႔ လူမႈမီဒီယာေတြက ဆိုၾကေပမဲ့ ႐ိုက္တာက သီးျခားအတည္ျပဳလို႔ မရေသးပါဘူး။
==== Unicode =====
ယူကရိန်းနဲ့ ပတ်သက်နေသူအားလုံးနဲ့ ညှိုနှိုင်းဆွေးနွေးဖို့ ရုရှားက အဆင်သင့်ရှိကြောင်း ရုရှားသမ္မတ Vladimir Putin က ပြောလိုက်ပါတယ်။
“လမ်းကြောင်းမှန်အပေါ်မှာ ကျွန်တော်တို့ လုပ်ဆောင်နေကြတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ကျွန်တော်တို့ရဲ့ အမျိုးသားအကျိုးစီးပွါးကို ကာကွယ်နေကြတာပါ။ နိုင်ငံသားတွေရဲ့ အကျိုးစီးပွါး ဖြစ်ပါတယ်။ နိုင်ငံသားတွေကို ကာကွယ်ရုံကလွဲပြီး တခြားရွေးချယ်စရာ ကျွန်တော်တို့မှာ မရှိပါဘူး" လို့ ရုရှားအစိုးရ ရုပ်မြင်သံကြား အင်တာဗျူးမှာ ပူတင်က ပြောခဲ့တာ ဖြစ်ပါတယ်။
“လက်ခံနိုင်တဲ့ ဖြေရှင်းပုံတွေကို ပတ်သက်နေသူတိုင်းနဲ့ ဆွေးနွေးဖို့ ကျွန်တော်တို့က အဆင်သင့် ရှိပါတယ်။ သူတို့အပေါ်မှာပဲ မူတည်ပါတယ်။ ဆွေးနွေးဖို့ ငြင်းဆိုနေသူတွေက ကျွန်တော်တို့ မဟုတ်ပါဘူး။ သူတို့ပါ” လို့ ရုရှား သမ္မတပူတင်က ပြောသွားပါတယ်။
တချိန်ထဲမှာဘဲ ယူကရိန်းနိုင်ငံမှာတော့ ကိဗ်မြို့နဲ့ နိုင်ငံတလွှားမှာ တနင်္ဂနွေနေ့ မနက်က လေကြောင်းရန် သတိပေးချက်အသံတွေ လွှမ်းသွားခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဘယ်လာရုစ် နိုင်ငံကနေ ရုရှားဂျက်လေယာဉ်တွေ တက်သွားပြီးတဲ့နောက် အခုလို အချက်ပေးသံတွေ လွှမ်းခဲ့တာ ဖြစ်တယ်လို့ လူမှုမီဒီယာတွေက ဆိုကြပေမဲ့ ရိုက်တာက သီးခြားအတည်ပြုလို့ မရသေးပါဘူး။