သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းမှာ ယာယီအပစ်အခတ်ရပ်စဲရေး ရုရှားသမ္မတကြေညာ


RUSSIA-POLITICS-ECONOMICS
RUSSIA-POLITICS-ECONOMICS

ရှေးရိုးစွဲ Orthodox ခရစ်ယာန်တွေရဲ့ ခရစ်စမတ် အခါသမယအဖြစ် ယူကရိန်းမှာ ၃၆ နာရီကြာ အပစ်ရပ်စဲဖို့ ရုရှားသမ္မတ Vladimir Putin က ကြာသပတေးနေ့မှာ အမိန့်ထုတ်ပြန်လိုက်ပါတယ်။ ရုရှားသမ္မတရဲ့ ဇန်နဝါရီ ၆ ရက်နဲ့ ၇ ရက်အတွက် အပစ်အခတ်ရပ်စဲရေး ကြေညာချက်အပေါ်မှာတော့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က သံသယနဲ့ တုံ့ပြန်ခဲ့တာပါ။

ယူကရိန်းမှာ ယာယီအပစ်အခတ်ရပ်စဲရေး ရုရှားသမ္မတကြေညာ

{{Zawgyi/Unicode}}

ရှေးရိုးစွဲ Orthodox ခရစ်ယာန်တွေရဲ့ ခရစ်စမတ် အခါသမယအဖြစ် ယူကရိန်းမှာ ၃၆ နာရီကြာ အပစ်ရပ်စဲဖို့ ရုရှားသမ္မတ Vladimir Putin က ကြာသပတေးနေ့မှာ အမိန့်ထုတ်ပြန်လိုက်ပါတယ်။ ရုရှားသမ္မတရဲ့ ဇန်နဝါရီ ၆ ရက်နဲ့ ၇ ရက်အတွက် အပစ်အခတ်ရပ်စဲရေး ကြေညာချက်အပေါ်မှာတော့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က သံသယနဲ့ တုံ့ပြန်ခဲ့တာပါ။

ပူတင်ပြောသမျှကို တုန့်ပြန်ဖို့ ဆန္ဒမရှိပေမယ့် ခရစ်စမတ်နေ့နဲ့ နှစ်သစ်ကူးနေ့ပါမရှောင် ခရစ်ယာန် ဘုရားကျောင်းတွေ၊ ဆေးရုံ၊ ဆေးခန်းတွေကို ဗုံးကျဲတိုက်ခိုက်ဖို့ ဝန်မလေးတဲ့သူက ပြောတာဟာ စိတ်ဝင်စားစရာ ဖြစ်သလို၊ အသက်ရှုပေါက်ရရုံ လုပ်တဲ့သဘောလို့သာ ယူဆကြောင်း သမ္မတဘိုင်ဒင်က သတင်းထောက်တွေကို ပြောခဲ့တာပါ။

ရုရှားသမ္မတက သောကြာနေ့လည် ၁၂ နာရီကစပြီး ၁ ရက်ခွဲတိတိ ရုရှားတပ်တွေ ယူကရိန်းကို မတိုက်ခိုက်ဖို့ အမိန့်ထုတ်ထားတယ်လို့ ရုရှားအစိုးရက ပြောပါတယ်။ ရုရှားနဲ့ ယူကရိန်းမှာ နေထိုင်သူတွေ အပါအဝင် ရှေးရိုးစွဲ Orthodox ခရစ်ယန်ဘာသာဝင် အများအပြားဟာ ဇန်နဝါရီ ၆ ရက်နဲ့ ၇ ရက်တွေမှာ ခရစ်စမတ်ပွဲ ကျင်းပလေ့ရှိပါတယ်။

ရုရှားသမ္မတရဲ့ ယူကရိန်း ကျူးကျော်စစ်ကို ထောက်ခံတဲ့ မော်စကိုက ရုရှား Orthodox ခရစ်ယန်ဘုရားကျောင်း အကြီးအကဲ Patriarch Kirill ကလည်း ယူကရိန်းမှာ တိုက်ခိုက်နေတဲ့ ရုရှားတွေနဲ့ ယူကရိန်းတွေ ခရစ်စမတ်အပစ်ရပ်ဖို့ ကြာသပတေးနေ့မှာ ပန်ကြားထားပါတယ်။

တချိန်တည်းမှာပဲ၊ ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ် အတွက် ညှိနှိုင်းဆွေးနွေးဖို့ တဘက်သတ် အပစ်ရပ်ပေးသင့်တယ်လို့ ရုရှားသမ္မတ Putin နဲ့ ကြာသပတေးနေ့က တယ်လီဖုန်းဆက် ဆွေးနွေးရာမှာ တူရကီသမ္မတ Recep Tayyip Erdogan ကလည်း ပြောကြားထားပါတယ်။

တိုက်ရိုက် လင့်ခ်

ယူကရိနျးမှာ ယာယီအပဈအခတျရပျစဲရေး ရုရှားသမ်မတကွညော

{{Zawgyi/Unicode}}






XS
SM
MD
LG