ယူကရိန္းစစ္ပြဲ အေရးႀကီးခ်ိန္ ေရာက္ေနၿပီလို႔ အေမရိကန္သမၼတက ေျပာဆိုၿပီး ယူကရိန္းကို အဆင့္ျမင့္ သံခ်ပ္ကာကား အပါအဝင္ ေဒၚလာ ဘီလ်ံခ်ီ မၾကဳံစဖူး အမ်ားဆုံး စစ္ေရးအကူအညီေတြ ေပးသြားမယ့္အေၾကာင္း ေၾကညာပါတယ္။
တိုက္ခိုက္ေရးစစ္သည္ေတြပါ သယ္ပို႔ႏိုင္ၿပီး တင့္ကားဖ်က္ မစ္ဇိုင္းဒုံး ပါတဲ့ Bradley အမည္႐ွိ တင့္ကားေခ်မႈန္းေရး သံခ်ပ္ကာကား အစီး ၅၀ ကို ပထမဆုံး အႀကိမ္အျဖစ္ ပို႔ေပးဖို႔ အိမ္ျဖဴေတာ္က မေန႔က ေၾကညာလိုက္ၿပီး ယူကရိန္းကို ေနာက္တဆင့္ျမႇင့္ ကူညီလိုက္တာ ျဖစ္တယ္လို႔ အိမ္ျဖဴေတာ္ ေျပာခြင့္ရ Jean Pierre က ေျပာပါတယ္။
ယူကရိန္းအေနနဲ႔ ကိုယ္ပိုင္ခုခံကာကြယ္ႏိုင္စြမ္း ႐ွိေစဖို႔အတြက္ အေမရိကန္က ေရ႐ွည္သႏၷိဌာန္ထား ကူညီသြားမယ္ဆိုတာကို ျပသတဲ့အေနနဲ႔ သိပ္မၾကာခင္က ေပးခဲ့တဲ့ ေဒၚလာ ၂.၈ ဘီလ်ံ အကူအညီ အပါအဝင္ ယူကရိန္းအတြက္ စစ္ေရးအကူအညီသစ္ ေဒၚလာ ၃ ဘီလ်ံေက်ာ္ ေပးသြားမွာျဖစ္ၿပီး အခုခ်ိန္ထိ အမ်ားဆုံးပမာဏပါပဲလို႔ အိမ္ျဖဴေတာ္ ေျပာခြင့္ရ Jean Pierre က မေန႔က ေျပာခဲ့ပါတယ္။
ရုရွားသမၼတ ပူတင္က ရုရွား Orthodox ခရစၥမတ္ ၃၆ နာရီ အပစ္ရပ္ေရး ၿပီးခဲ့တဲ့ ၾကာသပေတးေန႔က ကမ္းလွမ္းခဲ့တာကို ယူကရိန္းဘက္က ပယ္ခ်ခဲ့အၿပီး အေမရိကန္က အခုလို အကူအညီသစ္ေတြ ထပ္တိုး ေပးလိုက္တာပါ။ ရုရွားရဲ႕ ကမ္းလွမ္းမႈဟာ ယုံၾကည္ဖို႔ ခက္တယ္လို႔ သမၼတ ဘိုင္ဒန္က သူ႔အစိုးရအဖြဲ႔ဝန္ႀကီးေတြကို ေျပာဆိုခဲ့ပါတယ္။ အခုခ်ိန္မွာ ယူကရိန္းစစ္ အထြဋ္အထိပ္ကို ေရာက္ေနတာမို႔ ႐ု႐ွားကိုခုခံႏိုင္ေအာင္ ယူကရိန္းကို တတ္ႏိုင္တာ အကုန္လုပ္ေပးသြားမယ္လို႔လည္း သမၼတဘိုင္ဒန္က ကတိျပဳခဲ့ပါတယ္။
ဂ်ာမနီႏိုင္ငံကလည္း ယူကရိန္းကို Patriot ဒုံးက်ည္ပစ္စင္ေတြ ေပးပို႔ဖို႔ စီစဥ္ေနတယ္လို႔ အေမရိကန္အိမ္ျဖဴေတာ္ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။ အခု အေမရိကန္က ေပးမယ့္အထဲမွာ ယူကရိန္းကို စစ္ေရးကူေပးေနတဲ့ အိမ္နီးခ်င္းနဲ႔ ဥေရာပတပ္ေတြအတြက္ အေမရိကန္ေဒၚလာ ၆၈၂ သန္း ထည့္သြင္းထားတယ္လို႔လည္း ေဖာ္ျပထားပါတယ္။
==== Unicode =====
ယူကရိန်းစစ်ပွဲ အရေးကြီးချိန် ရောက်နေပြီလို့ အမေရိကန်သမ္မတက ပြောဆိုပြီး ယူကရိန်းကို အဆင့်မြင့် သံချပ်ကာကား အပါအဝင် ဒေါ်လာ ဘီလျံချီ မကြုံစဖူး အများဆုံး စစ်ရေးအကူအညီတွေ ပေးသွားမယ့်အကြောင်း ကြေညာပါတယ်။
တိုက်ခိုက်ရေးစစ်သည်တွေပါ သယ်ပို့နိုင်ပြီး တင့်ကားဖျက် မစ်ဇိုင်းဒုံး ပါတဲ့ Bradley အမည်ရှိ တင့်ကားချေမှုန်းရေး သံချပ်ကာကား အစီး ၅၀ ကို ပထမဆုံး အကြိမ်အဖြစ် ပို့ပေးဖို့ အိမ်ဖြူတော်က မနေ့က ကြေညာလိုက်ပြီး ယူကရိန်းကို နောက်တဆင့်မြှင့် ကူညီလိုက်တာ ဖြစ်တယ်လို့ အိမ်ဖြူတော် ပြောခွင့်ရ Jean Pierre က ပြောပါတယ်။
ယူကရိန်းအနေနဲ့ ကိုယ်ပိုင်ခုခံကာကွယ်နိုင်စွမ်း ရှိစေဖို့အတွက် အမေရိကန်က ရေရှည်သန္နိဌာန်ထား ကူညီသွားမယ်ဆိုတာကို ပြသတဲ့အနေနဲ့ သိပ်မကြာခင်က ပေးခဲ့တဲ့ ဒေါ်လာ ၂.၈ ဘီလျံ အကူအညီ အပါအဝင် ယူကရိန်းအတွက် စစ်ရေးအကူအညီသစ် ဒေါ်လာ ၃ ဘီလျံကျော် ပေးသွားမှာဖြစ်ပြီး အခုချိန်ထိ အများဆုံးပမာဏပါပဲလို့ အိမ်ဖြူတော် ပြောခွင့်ရ Jean Pierre က မနေ့က ပြောခဲ့ပါတယ်။
ရုရှားသမ္မတ ပူတင်က ရုရှား Orthodox ခရစ္စမတ် ၃၆ နာရီ အပစ်ရပ်ရေး ပြီးခဲ့တဲ့ ကြာသပတေးနေ့က ကမ်းလှမ်းခဲ့တာကို ယူကရိန်းဘက်က ပယ်ချခဲ့အပြီး အမေရိကန်က အခုလို အကူအညီသစ်တွေ ထပ်တိုး ပေးလိုက်တာပါ။ ရုရှားရဲ့ ကမ်းလှမ်းမှုဟာ ယုံကြည်ဖို့ ခက်တယ်လို့ သမ္မတ ဘိုင်ဒန်က သူ့အစိုးရအဖွဲ့ဝန်ကြီးတွေကို ပြောဆိုခဲ့ပါတယ်။ အခုချိန်မှာ ယူကရိန်းစစ် အထွဋ်အထိပ်ကို ရောက်နေတာမို့ ရုရှားကိုခုခံနိုင်အောင် ယူကရိန်းကို တတ်နိုင်တာ အကုန်လုပ်ပေးသွားမယ်လို့လည်း သမ္မတဘိုင်ဒန်က ကတိပြုခဲ့ပါတယ်။
ဂျာမနီနိုင်ငံကလည်း ယူကရိန်းကို Patriot ဒုံးကျည်ပစ်စင်တွေ ပေးပို့ဖို့ စီစဉ်နေတယ်လို့ အမေရိကန်အိမ်ဖြူတော် ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အခု အမေရိကန်က ပေးမယ့်အထဲမှာ ယူကရိန်းကို စစ်ရေးကူပေးနေတဲ့ အိမ်နီးချင်းနဲ့ ဥရောပတပ်တွေအတွက် အမေရိကန်ဒေါ်လာ ၆၈၂ သန်း ထည့်သွင်းထားတယ်လို့လည်း ဖော်ပြထားပါတယ်။