အေမရိကန္ျပည္ေထာင္စုနဲ႔ ဂ်ပန္ႏွစ္ႏိုင္ငံၾကား မဟာဗ်ဳဟာဆက္ဆံေရး ပိုမိုခိုင္မာေအာင္ တည္ေဆာက္ေနခ်ိန္ အေရွ႕တ႐ုတ္ပင္လယ္နဲ႔ ထိုင္ဝမ္တဝိုက္ တ႐ုတ္စစ္တပ္ရဲ႕ ၿခိမ္းေျခာက္မႈေတြကို ဟန႔္တားဖို႔ ေဆာင္႐ြက္မယ့္ အစီအစဥ္ေတြကို ဗုဒၶဟူးေန႔ မေန႔က ေၾကညာခဲ့ပါတယ္။ ဂ်ပန္ႏိုင္ငံ အိုကီနာဝါ (Okinawa) ကြၽန္းေပၚက အေမရိကန္ ေရတပ္အေျခစိုက္စခန္းမွာ အဆင့္ျမင့္ေထာက္လွမ္းေရးစနစ္ေတြနဲ႔ မရိန္းတပ္အသစ္ထားရွိေရးအျပင္ အာကာသနဲ႔ အဆင့္ျမင့္ စစ္ေရးနည္းပညာ ပူးေပါင္းေဆာင္႐ြက္ေရး သေဘာတူညီခ်က္သစ္ေတြ ပါဝင္ပါတယ္။
“၂၀၂၇ ခုႏွစ္မွာ ကာကြယ္ေရးအသုံး စရိတ္ ၂ ဆတိုးမယ့္ ဂ်ပန္ႏိုင္ငံရဲ႕ ဆုံးျဖတ္ခ်က္ကို ႀကိဳဆိုပါတယ္။ ဂ်ပန္ႏိုင္ငံရဲ႕ မဟာဗ်ဳဟာဟာ အေမရိကန္ျပည္ေထာင္စုရဲ႕ အမ်ိဳးသားလုံၿခဳံေရးနဲ႔ နီးစပ္ ကိုက္ညီတဲ့ မဟာဗ်ဳဟာ ျဖစ္ၿပီး ႏွစ္ခုစလုံးရဲ႕ အဓိက စိန္ေခၚမႈေတြကို ရွာေဖြရင္း ဘယ္လို ထိေရာက္ေအာင္ လုပ္ေဆာင္ၾကမလဲ ဆိုတာကိုလည္း အေျဖရွာဖို႔ ျဖစ္ပါတယ္” လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး အန္တိုနီ ဘလင္ကန္ (Antony Blinken) က ဇန္နဝါရီ ၁၂ ရက္ေန႔က အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွာ က်င္းပတဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုသြားတာပါ။
ဒါဟာ မနက္ျဖန္ ေသာၾကာေန႔မွာ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္ (Joe Biden) နဲ႔ ဂ်ပန္ဝန္ႀကီးခ်ဳပ္ ဖူမီယို ကီရွီဒါ (Fumio Kishida) တို႔ ဝါရွင္တန္ၿမိဳ႕ေတာ္မွာ မေတြ႕ဆုံခင္ ႀကိဳတင္က်င္းပတဲ့ သတင္းစာရွင္းလင္းပြဲျဖစ္ၿပီး ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီး ယိုရွီမာဆာဟာရာရွီ (Yoshimasa Hayashi) နဲ႔အတူ အေမရိကန္ကာကြယ္ေရးဝန္ႀကီးေတြလည္း မေန႔က သတင္းစာရွင္းလင္းပြဲမွာ ပါဝင္ပါတယ္။
ဂ်ပန္နဲ႔ အေမရိကန္ ႏွစ္ႏိုင္ငံမဟာမိတ္အျဖစ္ လက္တြဲမႈဟာ အေမရိကန္ျပည္ေထာင္စု အင္ဒို-ပစိဖိတ္ေဒသ မဟာဗ်ဳဟာရဲ႕ အဓိက အုပ္ျမစ္ျဖစ္တဲ့အေၾကာင္း အေမရိကန္ကာကြယ္ေရးဝန္ႀကီး လိြဳက္ေအာ္စတင္ (Lloyd Austin) ကလည္း သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုသြားပါတယ္။ မနက္ျဖန္ ဂ်ပန္ဝန္ႀကီးခ်ဳပ္ကီရွီဒါနဲ႔ သမၼတဂ်ိဳးဘိုင္ဒန္တို႔ ေတြ႕ဆုံအခ်ိန္မွာေတာ့ လုံၿခဳံေရးအရ ပူးေပါင္းေဆာင္႐ြက္ေရး ကိစၥေတြအျပင္ ကမာၻ႔စီးပြားေရးကိစၥေတြကို ေဆြးေႏြးမယ့္အေၾကာင္း အေမရိကန္အစိုးရ ထိပ္တန္းအရာရွိတဦးက ႐ိုက္တာသတင္းဌာနကို ေျပာဆိုထားပါတယ္။
[Unicode]
စစ်ရေးအရ ကန်နဲ့ ဂျပန်သဘောတူညီမှုသစ်တွေရရှိ
အမေရိကန်ပြည်ထောင်စုနဲ့ ဂျပန်နှစ်နိုင်ငံကြား မဟာဗျုဟာဆက်ဆံရေး ပိုမိုခိုင်မာအောင် တည်ဆောက်နေချိန် အရှေ့တရုတ်ပင်လယ်နဲ့ ထိုင်ဝမ်တဝိုက် တရုတ်စစ်တပ်ရဲ့ ခြိမ်းခြောက်မှုတွေကို ဟန့်တားဖို့ ဆောင်ရွက်မယ့် အစီအစဉ်တွေကို ဗုဒ္ဓဟူးနေ့ မနေ့က ကြေညာခဲ့ပါတယ်။ ဂျပန်နိုင်ငံ အိုကီနာဝါ (Okinawa) ကျွန်းပေါ်က အမေရိကန် ရေတပ်အခြေစိုက်စခန်းမှာ အဆင့်မြင့်ထောက်လှမ်းရေးစနစ်တွေနဲ့ မရိန်းတပ်အသစ်ထားရှိရေးအပြင် အာကာသနဲ့ အဆင့်မြင့် စစ်ရေးနည်းပညာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်သစ်တွေ ပါဝင်ပါတယ်။
“၂၀၂၇ ခုနှစ်မှာ ကာကွယ်ရေးအသုံး စရိတ် ၂ ဆတိုးမယ့် ဂျပန်နိုင်ငံရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုပါတယ်။ ဂျပန်နိုင်ငံရဲ့ မဟာဗျုဟာဟာ အမေရိကန်ပြည်ထောင်စုရဲ့ အမျိုးသားလုံခြုံရေးနဲ့ နီးစပ် ကိုက်ညီတဲ့ မဟာဗျုဟာ ဖြစ်ပြီး နှစ်ခုစလုံးရဲ့ အဓိက စိန်ခေါ်မှုတွေကို ရှာဖွေရင်း ဘယ်လို ထိရောက်အောင် လုပ်ဆောင်ကြမလဲ ဆိုတာကိုလည်း အဖြေရှာဖို့ ဖြစ်ပါတယ်” လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန် (Antony Blinken) က ဇန်နဝါရီ ၁၂ ရက်နေ့က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။
ဒါဟာ မနက်ဖြန် သောကြာနေ့မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) နဲ့ ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါ (Fumio Kishida) တို့ ဝါရှင်တန်မြို့တော်မှာ မတွေ့ဆုံခင် ကြိုတင်ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲဖြစ်ပြီး ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုရှီမာဆာဟာရာရှီ (Yoshimasa Hayashi) နဲ့အတူ အမေရိကန်ကာကွယ်ရေးဝန်ကြီးတွေလည်း မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပါဝင်ပါတယ်။
ဂျပန်နဲ့ အမေရိကန် နှစ်နိုင်ငံမဟာမိတ်အဖြစ် လက်တွဲမှုဟာ အမေရိကန်ပြည်ထောင်စု အင်ဒို-ပစိဖိတ်ဒေသ မဟာဗျုဟာရဲ့ အဓိက အုပ်မြစ်ဖြစ်တဲ့အကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် (Lloyd Austin) ကလည်း သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။ မနက်ဖြန် ဂျပန်ဝန်ကြီးချုပ်ကီရှီဒါနဲ့ သမ္မတဂျိုးဘိုင်ဒန်တို့ တွေ့ဆုံအချိန်မှာတော့ လုံခြုံရေးအရ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေအပြင် ကမ္ဘာ့စီးပွားရေးကိစ္စတွေကို ဆွေးနွေးမယ့်အကြောင်း အမေရိကန်အစိုးရ ထိပ်တန်းအရာရှိတဦးက ရိုက်တာသတင်းဌာနကို ပြောဆိုထားပါတယ်။