သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မစ္ဇိုင္းဒံုးနဲ႔ စစ္ေလယာဥ္ေတြ အျမန္ရရွိေရး အေနာက္ႏိုင္ငံေတြနဲ႔ ယူကရိန္းေဆြးေႏြး 


FILE - An M1A2 Abrams battle tank of the US army that will be used for military exercises by the 2nd Armored Brigade Combat Team, is unloaded at the Baltic Container Terminal in Gdynia, Poland, Dec. 3, 2022.

႐ုရွားရဲ႔ က်ဴးေက်ာ္မႈကို ခံေနရတဲ့ ယူကရိန္းကို တာေ၀းပစ္ မစ္ဇိုင္းဒုံးေတြနဲ႔ စစ္သုံးေလယာဥ္ေတြ တပ္ဆင္ေပး ဖို႔ ယူကရိန္း တာ၀န္ရွိသူေတြနဲ႔ အေနာက္တိုင္း မဟာမိတ္ႏိုင္ငံေတြ အျမန္ဆုံး အေျဖထြက္ေအာင္ ေဆြးေႏြးခဲ့ၾကတယ္လို႔ ယူကရိန္း သမၼတ ရဲ႔ အၾကံေပး အရာရွိက စေနေန႔ က ေျပာပါတယ္။  

မစ္ဇိုင္းဒံုးနဲ႔ စစ္ေလယာဥ္ေတြ အျမန္ရရွိေရး အေနာက္ႏိုင္ငံေတြနဲ႔ ယူကရိန္းေဆြးေႏြး

{{Zawgyi/Unicode}}
႐ုရွားရဲ႔ က်ဴးေက်ာ္မႈကို ခံေနရတဲ့ ယူကရိန္းကို တာေ၀းပစ္ မစ္ဇိုင္းဒုံးေတြနဲ႔ စစ္သုံးေလယာဥ္ေတြ တပ္ဆင္ေပး ဖို႔ ယူကရိန္း တာ၀န္ရွိသူေတြနဲ႔ အေနာက္တိုင္း မဟာမိတ္ႏိုင္ငံေတြ အျမန္ဆုံး အေျဖထြက္ေအာင္ ေဆြးေႏြးခဲ့ၾကတယ္လို႔ ယူကရိန္း သမၼတ ရဲ႔ အၾကံေပး အရာရွိက စေနေန႔ က ေျပာပါတယ္။

ယူကရိန္းကို ေထာက္ခံကူညီေနတဲ့ အေနာက္ႏိုင္ငံေတြအေနနဲ႔ စစ္ပဲြရဲ႔ အေျခအေနကို သိရွိပါတယ္။ ဒီလအေစာပိုင္းက အေမရိကန္နဲ႔ ဂ်ာမဏီက ေပးမယ္လို႔ ကတိျပဳ႔ထားတဲ့ တင့္ကားေတြနဲ႔ တဲြဖက္အသုံးျပဳႏိုင္မယ့္ ေလယာဥ္ေတြလို အပ္ပါတယ္လို႔ သမၼတ ဇာလင္းစကီးရဲ႔ အၾကံေပး Mykhailo Podolyak က ေျပာပါတယ္။

ၿပီးခဲ့တဲ့ရက္သတၱပတ္အတြင္း အေမရိကန္နဲ႔ ဂ်ာမဏီက ယူကရိန္းကို ေခတ္မီ တင့္ကားေတြ ေပးမယ္လို႔ ေၾကညာခဲ့ပါတယ္။

ဒါေပမယ့္လည္း တခ်ိဳ႔ႏိုင္ငံေတြကေတာ့ ေရွး႐ိုးစဲြအျမင္ေတြရွိေနၾကၿပီး ႏိုင္ငံတကာ အခင္းက်င္းေတြေျပာင္းလဲသြားမွာ စိုးရိမ္ေနၾကတယ္လို႔လည္း အၾကံေရးအရာရွိ Podolyak က Freedom အင္တာနက္သတင္း ဌာနကို ေျပာပါတယ္။ ဒါေပမယ့္ ဘယ္ႏိုင္ငံဆိုတာကိုေတာ့ ထုတ္ေဖၚေျပာဆိုခဲ့ျခင္းမရွိပါဘူး။ အေနာက္ႏိုင္ငံေတြအေနနဲ႔ ယူကရိန္းစစ္ပဲြမွာ တိုက္႐ိုက္၀င္ပါေနၿပီး ေခတ္မီ စစ္လက္နက္ပစၥည္းေတြေထာက္ပံ့ၿပီး စစ္ပဲြပိုမိုၾကာရွည္ေအာင္လုပ္ေနတယ္လို႔ ႐ုရွားနဲ႔ ေျမာက္ကိုရီးယား စြပ္စဲြထားပါတယ္။

ဟန္ေဂရီ၀န္ႀကီးခ်ဳပ္ Viktor Orban ကေတာ့ ယူကရိန္းကို စစ္လက္နက္စၥည္းနဲ႔ ေငြေၾကးေတြေထာက္ပ့ံရင္း အေနာက္တိုင္း ႏိုင္ငံေတြဟာ စစ္ပဲြအတြင္း တျဖည္းျဖည္းပါလာရတယ္လို႔ ျပီးခဲ့တဲ့ ေသာၾကာေန႔က ေျပာပါတယ္။ ဟန္ေဂရီအေနနဲ႔ အိမ္နီးျခင္း ယူကရိန္းကို စစ္လက္နက္ပစၥည္းနဲ႔ အကူအညီေတြေပးဖို ျငင္းဆန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

မစ်ဇိုင်းဒုံးနဲ့ စစ်လေယာဉ်တွေ အမြန်ရရှိရေး အနောက်နိုင်ငံတွေနဲ့ ယူကရိန်းဆွေးနွေး

{{Zawgyi/Unicode}}
ရုရှားရဲ့ ကျူးကျော်မှုကို ခံနေရတဲ့ ယူကရိန်းကို တာဝေးပစ် မစ်ဇိုင်းဒုံးတွေနဲ့ စစ်သုံးလေယာဉ်တွေ တပ်ဆင်ပေး ဖို့ ယူကရိန်း တာဝန်ရှိသူတွေနဲ့ အနောက်တိုင်း မဟာမိတ်နိုင်ငံတွေ အမြန်ဆုံး အဖြေထွက်အောင် ဆွေးနွေးခဲ့ကြတယ်လို့ ယူကရိန်း သမ္မတ ရဲ့ အကြံပေး အရာရှိက စနေနေ့ က ပြောပါတယ်။

ယူကရိန်းကို ထောက်ခံကူညီနေတဲ့ အနောက်နိုင်ငံတွေအနေနဲ့ စစ်ပွဲရဲ့ အခြေအနေကို သိရှိပါတယ်။ ဒီလအစောပိုင်းက အမေရိကန်နဲ့ ဂျာမဏီက ပေးမယ်လို့ ကတိပြု့ထားတဲ့ တင့်ကားတွေနဲ့ တွဲဖက်အသုံးပြုနိုင်မယ့် လေယာဉ်တွေလို အပ်ပါတယ်လို့ သမ္မတ ဇာလင်းစကီးရဲ့ အကြံပေး Mykhailo Podolyak က ပြောပါတယ်။

ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း အမေရိကန်နဲ့ ဂျာမဏီက ယူကရိန်းကို ခေတ်မီ တင့်ကားတွေ ပေးမယ်လို့ ကြေညာခဲ့ပါတယ်။

ဒါပေမယ့်လည်း တချို့နိုင်ငံတွေကတော့ ရှေးရိုးစွဲအမြင်တွေရှိနေကြပြီး နိုင်ငံတကာ အခင်းကျင်းတွေပြောင်းလဲသွားမှာ စိုးရိမ်နေကြတယ်လို့လည်း အကြံရေးအရာရှိ Podolyak က Freedom အင်တာနက်သတင်း ဌာနကို ပြောပါတယ်။ ဒါပေမယ့် ဘယ်နိုင်ငံဆိုတာကိုတော့ ထုတ်ဖေါ်ပြောဆိုခဲ့ခြင်းမရှိပါဘူး။ အနောက်နိုင်ငံတွေအနေနဲ့ ယူကရိန်းစစ်ပွဲမှာ တိုက်ရိုက်ဝင်ပါနေပြီး ခေတ်မီ စစ်လက်နက်ပစ္စည်းတွေထောက်ပံ့ပြီး စစ်ပွဲပိုမိုကြာရှည်အောင်လုပ်နေတယ်လို့ ရုရှားနဲ့ မြောက်ကိုရီးယား စွပ်စွဲထားပါတယ်။

ဟန်ဂေရီဝန်ကြီးချုပ် Viktor Orban ကတော့ ယူကရိန်းကို စစ်လက်နက်စ္စည်းနဲ့ ငွေကြေးတွေထောက်ပံ့ရင်း အနောက်တိုင်း နိုင်ငံတွေဟာ စစ်ပွဲအတွင်း တဖြည်းဖြည်းပါလာရတယ်လို့ ပြီးခဲ့တဲ့ သောကြာနေ့က ပြောပါတယ်။ ဟန်ဂေရီအနေနဲ့ အိမ်နီးခြင်း ယူကရိန်းကို စစ်လက်နက်ပစ္စည်းနဲ့ အကူအညီတွေပေးဖို ငြင်းဆန်ထားပါတယ်။

XS
SM
MD
LG