သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းကို ဂ်ာမနီက တင့္ကား ၁၄ စီး ပို႔မည္


ဂ်ာမနီႏိုင္ငံ ဘာလင္ၿမိဳ႕ေတာ္က ေအာက္လႊတ္ေတာ္အစည္းအေဝးမွာ ေတြ႔ရတဲ့ ဂ်ာမနီဝန္ႀကီးခ်ဳပ္အိုလပ္ဖ္ေရွာ့ဇ္ (ယာ) (ဇန္နဝါရီ ၂၃၊ ၂၀၂၃)

ဒီကေန႔ မနက္မွာပဲ ဂ်ာမန္ဝန္ႀကီးခ်ဳပ္ေရွာ့ဖ္က Leopard 2 A6 တင့္ကား ၁၄ စီး ယူကရိန္းကို ပို႔မယ့္အေၾကာင္း အစိုးရ အဖြဲ႕အစည္းအေဝးမွာ ေျပာခဲ့တာကို ဂ်ာမန္အစိုးရက အတည္ျပဳလိုက္ပါတယ္။ တျခားတိုင္းျပည္ေတြက အဲဒီလို တင့္ကားေတြပို႔ခြင့္်တာင္းဆိုခ်က္ကိုလည္း သေဘာတူလိုက္ပါတယ္။ ရည္႐ြယ္ခ်က္က တျခားတိုင္းျပည္ေတြနဲ႔ အတူ၊ ယူကရိန္းကို တင့္ကားတပ္ဖြဲ႕ ၂ ဖြဲ႕ အေရအတြက္ တင့္ကားေတြ ပို႔ေပးေရး ျဖစ္တယ္လို႔ ဆိုပါတယ္။

အေမရိကန္ကလည္း အလြန္အဆင့္ျမင့္ တိုက္ပြဲဝင္တင့္ကားေတြ ယူကရိန္းကိုပို႔မယ့္ အေနအထားမွာ ရွိေနၿပီး ဒီေန႔ မၾကာမီမွာပဲ အစိုးရ ေၾကညာလိမ့္မယ္လို႔ အေမရိကန္မီဒီယာေတြက ေမွ်ာ္လင့္ေနၾကပါတယ္။ M1 Abrams တင့္ကားေတြ ယူကရိန္းကို ပို႔ေရးဟာ ဂ်ာမနီနဲ႔ အေမရိကန္ၾကား နားလည္မႈတစ္ရပ္ ျဖစ္တယ္လို႔ The Wall Street Journal က ပထမဆုံး တင္ျပခဲ့တာပါ။ တင့္ကား ၃၀ ေက်ာ္ကို ပို႔မယ္လို႔ တာဝန္ရွိသူတစ္ေယာက္ကို ကိုးကားၿပီး ဒီသတင္းထဲက ဆိုပါတယ္။

ဂ်ာမနီလုပ္ Leopard 2 တင့္ကားေတြကိုပို႔ဖို႔ ဂ်ာမနီက ဆုံးျဖတ္ၿပီးၿပီလို႔ ဂ်ာမန္မီဒီယာေတြက ေဖာ္ျပလာၿပီးတဲ့ေနာက္ အေမရိကန္ရဲ႕ သေဘာထား ေျပာင္းသြားတာျဖစ္တယ္လို႔ ဒီသတင္းက ဆိုပါတယ္။

ယူကရိန္းကို ဂ်ာမနီက တင့္ကား ၁၄ စီး ပို႔မည္
please wait

No media source currently available

0:00 0:00:54 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode]

ယူကရိန်းကို ဂျာမနီက တင့်ကား ၁၄ စီး ပို့မည်

ဒီကနေ့ မနက်မှာပဲ ဂျာမန်ဝန်ကြီးချုပ်ရှော့ဖ်က Leopard 2 A6 တင့်ကား ၁၄ စီး ယူကရိန်းကို ပို့မယ့်အကြောင်း အစိုးရ အဖွဲ့အစည်းအဝေးမှာ ပြောခဲ့တာကို ဂျာမန်အစိုးရက အတည်ပြုလိုက်ပါတယ်။ တခြားတိုင်းပြည်တွေက အဲဒီလို တင့်ကားတွေပို့ခွင့်ျတာင်းဆိုချက်ကိုလည်း သဘောတူလိုက်ပါတယ်။ ရည်ရွယ်ချက်က တခြားတိုင်းပြည်တွေနဲ့ အတူ၊ ယူကရိန်းကို တင့်ကားတပ်ဖွဲ့ ၂ ဖွဲ့ အရေအတွက် တင့်ကားတွေ ပို့ပေးရေး ဖြစ်တယ်လို့ ဆိုပါတယ်။

အမေရိကန်ကလည်း အလွန်အဆင့်မြင့် တိုက်ပွဲဝင်တင့်ကားတွေ ယူကရိန်းကိုပို့မယ့် အနေအထားမှာ ရှိနေပြီး ဒီနေ့ မကြာမီမှာပဲ အစိုးရ ကြေညာလိမ့်မယ်လို့ အမေရိကန်မီဒီယာတွေက မျှော်လင့်နေကြပါတယ်။ M1 Abrams တင့်ကားတွေ ယူကရိန်းကို ပို့ရေးဟာ ဂျာမနီနဲ့ အမေရိကန်ကြား နားလည်မှုတစ်ရပ် ဖြစ်တယ်လို့ The Wall Street Journal က ပထမဆုံး တင်ပြခဲ့တာပါ။ တင့်ကား ၃၀ ကျော်ကို ပို့မယ်လို့ တာဝန်ရှိသူတစ်ယောက်ကို ကိုးကားပြီး ဒီသတင်းထဲက ဆိုပါတယ်။

ဂျာမနီလုပ် Leopard 2 တင့်ကားတွေကိုပို့ဖို့ ဂျာမနီက ဆုံးဖြတ်ပြီးပြီလို့ ဂျာမန်မီဒီယာတွေက ဖော်ပြလာပြီးတဲ့နောက် အမေရိကန်ရဲ့ သဘောထား ပြောင်းသွားတာဖြစ်တယ်လို့ ဒီသတင်းက ဆိုပါတယ်။

XS
SM
MD
LG