ဂ်ာမနီႏိုင္ငံလုပ္ တင့္ကားေတြကို ယူကရိန္းႏိုင္ငံကို ေပးပို႔ႏိုင္ဖို႔အတြက္ ႏိုင္ငံတကာ ၫြန္႔ေပါင္းအဖြဲ႕တစ္ဖြဲ႕ကို ပိုလန္ႏိုင္ငံက ဖြဲ႕စည္းေနတယ္လို႔ ပိုလန္ ဝန္ႀကီးခ်ဳပ္က တနလၤာေန႔က ေျပာပါတယ္။
အဲဒီ ဂ်ာမန္လုပ္ Leopard 2 တင့္ကားေတြကို ဂ်ာမနီႏိုင္ငံရဲ႕ တရားဝင္ ခြင့္ျပဳခ်က္မရရင္လည္း ပိုလန္ႏိုင္ငံက ယူကရိန္းကို လႊဲေျပာင္း ေပးပို႔ သြားမယ္လို႔ ဆိုပါတယ္။ ပိုလန္ ဝန္ႀကီးခ်ဳပ္ မာေတး႐ုဇ္ ေမာဝီရက္စကီ (Mateusz Morawiecki)က ပိုလန္အေနနဲ႔ ဂ်ာမနီႏိုင္ငံရဲ႕ ခြင့္ျပဳခ်က္ကို ေတာင္းခံသြားမွာ ျဖစ္ေၾကာင္း၊ ဒါေပမယ့္ ဂ်ာမနီရဲ႕ တရားဝင္ ခြင့္ျပဳခ်က္ေပးမႈဟာ အေရးပါမွာ မဟုတ္ေၾကာင္း ေျပာပါတယ္။ တနဂၤေႏြေန႔ကေတာ့ ဂ်ာမနီ ႏိုင္ငံျခားေရးဝန္ႀကီး အာနာလီနာ ဘဲေဘာ့ (Annalena Baerbock) က Leopard 2 တင့္ကားေတြကို ယူကရိန္းကို လႊဲေျပာင္း ေပးပို႔ ဖို႔ ပိုလန္တို႔ ေတာင္းဆိုလာရင္ ဂ်ာမနီႏိုင္ငံ အေနနဲ႔ တားဆီးမွာ မဟုတ္ဘူးလို႔ ျပင္သစ္ တီဗီသတင္းဌာန LCI ကို ေျပာပါတယ္။
အခုလို ဂ်ာမနီ ႏိုင္ငံျခားေရးဝန္ႀကီး Baerbock မေျပာခင္ အခ်ိန္အထိေတာ့ ဂ်ာမနီ အစိုးရက Leopard 2 တင့္ကား ေတြ ယူကရိန္းကို ပို႔ဖို႔ကို ျငင္းဆန္ေနသလို အဲဒီ တင့္ကားေတြကို ဝယ္ယူပိုင္ဆိုင္ထားတဲ့ ႏိုင္ငံေတြ အဲဒီ တင့္ကားေတြကို ယူကရိန္းကို လႊဲေျပာင္းေပးႏိုင္ဖို႔ကိုလည္း ခြင့္ျပဳခ်က္ မေပးဘဲ ေနခဲ့ပါတယ္။ ယူကရိန္းတို႔က ႐ုရွားတို႔ သုံးေနတဲ့ ေခတ္မီ တင့္ကားေတြကို ရင္ဆိုင္တိုက္ခိုက္ႏိုင္ဖို႔ အေနာက္ႏိုင္ငံေတြဆီကေန အႀကီးစား တင့္ကားေတြ ရရွိဖို႔ အခ်ိန္အေတာ္ၾကာ ေတာင္းဆိုေနတာပါ။
ၿပီးခဲ့တဲ့ အပတ္ကေတာ့ ယူကရိန္း ကာကြယ္ေရးဝန္ႀကီး အိုလက္စကီ ရက္ဇ္နီေကာ့ဗ္ (Oleksii Reznikov) က Leopard 2 တင့္ကားေတြ အသုံးျပဳႏိုင္ဖို႔ ယူကရိန္းတပ္ဖြဲ႕ေတြ ပိုလန္ႏိုင္ငံမွာ ေလ့က်င့္ေနၿပီလို႔ ဗီြအိုေအယူကရိန္းဌာနကို ေျပာပါတယ္။
[Unicode]
ဂျာမနီလုပ်တင့်ကားတွေ ယူကရိန်းကိုပို့နိုင်ရေး ပိုလန်နိုင်ငံ စီစဉ်နေ
ဂျာမနီနိုင်ငံလုပ် တင့်ကားတွေကို ယူကရိန်းနိုင်ငံကို ပေးပို့နိုင်ဖို့အတွက် နိုင်ငံတကာ ညွန့်ပေါင်းအဖွဲ့တစ်ဖွဲ့ကို ပိုလန်နိုင်ငံက ဖွဲ့စည်းနေတယ်လို့ ပိုလန် ဝန်ကြီးချုပ်က တနင်္လာနေ့က ပြောပါတယ်။
အဲဒီ ဂျာမန်လုပ် Leopard 2 တင့်ကားတွေကို ဂျာမနီနိုင်ငံရဲ့ တရားဝင် ခွင့်ပြုချက်မရရင်လည်း ပိုလန်နိုင်ငံက ယူကရိန်းကို လွှဲပြောင်း ပေးပို့ သွားမယ်လို့ ဆိုပါတယ်။ ပိုလန် ဝန်ကြီးချုပ် မာတေးရုဇ် မောဝီရက်စကီ (Mateusz Morawiecki)က ပိုလန်အနေနဲ့ ဂျာမနီနိုင်ငံရဲ့ ခွင့်ပြုချက်ကို တောင်းခံသွားမှာ ဖြစ်ကြောင်း၊ ဒါပေမယ့် ဂျာမနီရဲ့ တရားဝင် ခွင့်ပြုချက်ပေးမှုဟာ အရေးပါမှာ မဟုတ်ကြောင်း ပြောပါတယ်။ တနင်္ဂနွေနေ့ကတော့ ဂျာမနီ နိုင်ငံခြားရေးဝန်ကြီး အာနာလီနာ ဘဲဘော့ (Annalena Baerbock) က Leopard 2 တင့်ကားတွေကို ယူကရိန်းကို လွှဲပြောင်း ပေးပို့ ဖို့ ပိုလန်တို့ တောင်းဆိုလာရင် ဂျာမနီနိုင်ငံ အနေနဲ့ တားဆီးမှာ မဟုတ်ဘူးလို့ ပြင်သစ် တီဗီသတင်းဌာန LCI ကို ပြောပါတယ်။
အခုလို ဂျာမနီ နိုင်ငံခြားရေးဝန်ကြီး Baerbock မပြောခင် အချိန်အထိတော့ ဂျာမနီ အစိုးရက Leopard 2 တင့်ကား တွေ ယူကရိန်းကို ပို့ဖို့ကို ငြင်းဆန်နေသလို အဲဒီ တင့်ကားတွေကို ဝယ်ယူပိုင်ဆိုင်ထားတဲ့ နိုင်ငံတွေ အဲဒီ တင့်ကားတွေကို ယူကရိန်းကို လွှဲပြောင်းပေးနိုင်ဖို့ကိုလည်း ခွင့်ပြုချက် မပေးဘဲ နေခဲ့ပါတယ်။ ယူကရိန်းတို့က ရုရှားတို့ သုံးနေတဲ့ ခေတ်မီ တင့်ကားတွေကို ရင်ဆိုင်တိုက်ခိုက်နိုင်ဖို့ အနောက်နိုင်ငံတွေဆီကနေ အကြီးစား တင့်ကားတွေ ရရှိဖို့ အချိန်အတော်ကြာ တောင်းဆိုနေတာပါ။
ပြီးခဲ့တဲ့ အပတ်ကတော့ ယူကရိန်း ကာကွယ်ရေးဝန်ကြီး အိုလက်စကီ ရက်ဇ်နီကော့ဗ် (Oleksii Reznikov) က Leopard 2 တင့်ကားတွေ အသုံးပြုနိုင်ဖို့ ယူကရိန်းတပ်ဖွဲ့တွေ ပိုလန်နိုင်ငံမှာ လေ့ကျင့်နေပြီလို့ ဗွီအိုအေယူကရိန်းဌာနကို ပြောပါတယ်။