သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဥေရာပမွာ HIMARS ဒုံးစနစ္ သင္တန္းဖြင့္ဖုိ႔ အေမရိကန္ ျပင္ဆင္


FILE PHOTO: A HIMARS takes part in a military exercise near Liepaja

အေမရိကန္ အေနနဲ႔ HIMARS ဟိုင္းမားစ္ ေခၚတဲ့ ေ႐ြ႕လ်ားႏိုင္စြမ္းျမင့္မားတဲ့ တာလတ္ပစ္ ဒုံးက်ည္စနစ္ကို ကိုင္တြယ္အသုံးျပဳႏိုင္ဖို႔ ေလ့က်င့္သင္ၾကားေပးမယ့္ စင္တာတခုကို ေျမာက္အတၱလန္တိတ္ စစ္ေရးမဟာမိတ္ ေနတိုးအဖြဲ႔ဝင္ႏိုင္ငံေတြအတြက္ ဥေရာပတိုက္မွာ တည္ေဆာက္ဖို႔ ရွိတယ္လို႔ အေမရိကန္စစ္ဗိုလ္ခ်ဳပ္တစ္ဦးက ေျပာပါတယ္။

=== [[ ZAWGYI ]] ===

ဥေရာပမွာ HIMARS ဒုံးစနစ္ သင္တန္းဖြင့္ဖုိ႔ အေမရိကန္ ျပင္ဆင္

အေမရိကန္ အေနနဲ႔ High Mobility Artillery Rocket System (HIMARS) ဟိုင္းမားစ္လို႔ ေခၚတဲ့ ေ႐ြ႕လ်ားႏိုင္စြမ္းျမင့္မားတဲ့ တာလတ္ပစ္ ဒုံးက်ည္စနစ္ကို ကိုင္တြယ္အသုံးျပဳႏိုင္ဖို႔ ေလ့က်င့္သင္ၾကားေပးမယ့္ စင္တာတခုကို ေျမာက္အတၱလန္တိတ္ သေဘာတူစာခ်ဳပ္ စစ္ေရးမဟာမိတ္ (NATO) ေနတိုးအဖြဲ႕ဝင္ ႏိုင္ငံေတြအတြက္ ဥေရာပတိုက္မွာ တည္ေဆာက္သြားဖို႔ ရွိတယ္လို႔ ထိပ္တန္း အေမရိကန္ စစ္ဗိုလ္ခ်ဳပ္တစ္ဦးက ဗြီအိုေအကို သီးသန္႔ ေျပာလိုက္ပါတယ္။ ဒီ ဟိုင္းမားစ္ ဒုံးက်ည္စနစ္ ယူကရိန္း စစ္ေျမျပင္မွာ ေအာင္ေအာင္ျမင္ျမင္ အသုံးျပဳၿပီးေနာက္ပိုင္း ဒါကို အေရွ႕ဥေရာပႏိုင္ငံေတြက ေတာင္းဆိုလာတဲ့ အခ်ိန္မွာပဲ အခုလို ေျပာလာတာလည္း ျဖစ္ပါတယ္။

“ကနဦး အဆင့္ေတြမွာပဲ ရွိပါေသးတယ္၊ ေနရာေဒသတခုမွာ ႏိုင္ငံအမ်ားအျပားကို စုစည္းၿပီး အေကာင္အထည္ေဖာ္ဖို႔ ျဖစ္လာႏိုင္ပါတယ္” လို႔ V တပ္ဖြဲ႕ေတြရဲ႕တပ္မႉး ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ဂြၽန္ကိုလက္ရွက္စကီး (John Kolasheski)က ေျပာပါတယ္။ ေနတိုးရဲ႕ အေရွ႕ဘက္ျခမ္းက အေမရိကန္တပ္ဖြဲ႕ေတြရဲ႕ စစ္ဆင္ေရးေတြအတြက္ တာဝန္ရွိတဲ့ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီးက ၿပီးခဲ့တဲ့ အဂၤါေန႔ ေႏွာင္းပိုင္းက ဗြီအိုေအနဲ႔ သီးသန္႔ေမးျမန္းခန္းမွာ ေျပာသြားတာပါ။

ပိုလန္ကို ဟိုင္းမားစ္ေလာင္ခ်ာ ၁၈ ခု ေရာင္းခ်ႏိုင္မယ့္ အစီအစဥ္ကို အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက အဂၤါေန႔မွာ သေဘာတူလိုက္ၿပီးေနာက္မွာ အခုလို သတင္းထြက္ေပၚလာတာလည္း ျဖစ္ပါတယ္။ အေမရိကန္က ေရာင္းေပးဖို႔ရွိတဲ့ အထဲမွာ တႀကိမ္တည္း အခ်က္ေပါင္းမ်ားစြာ ပစ္ခတ္ႏိုင္တဲ့ Guided Multiple Launch Rocket System စနစ္သုံး ပဲ့ထိန္းတပ္ ဒုံးက်ည္လက္နက္ ရာခ်ီပါဝင္သလို ေျခလ်င္တပ္သုံး ဗ်ဴဟာေျမာက္ ဒုံးက်ည္ (Army Tactical Missile Systems) စနစ္သုံး ဒုံးက်ည္ ဒါဇင္နဲ႔ခ်ီလည္း ပါဝင္ပါတယ္။ ပိုလန္အစိုးရက အေမရိကန္ေဒၚလာ ၁၀ ဘီလီယံဖိုး တန္ေၾကးရွိတဲ့ စစ္လက္နက္ပစၥည္းေတြ ဝယ္ယူႏိုင္ေရး အေမရိကန္ကို ေတာင္းဆိုထားတာပါ။

ဟိုင္းမားစ္ ဒုံးက်ည္စနစ္ ေလ့က်င့္ေပးဖို႔ အဆိုျပဳ စဥ္းစားခ်က္မွာ ပါဝင္ႏိုင္မယ့္ ႏိုင္ငံေတြကေတာ့ ေနတိုးအဖြဲ႕ဝင္ ႏိုင္ငံေတြထဲက အေမရိကန္အေနနဲ႔ တာေဝးပစ္ အေျမာက္ေတြ ေရာင္းခ်ဖို႔ ခြင့္ျပဳထားၿပီးသား ႏိုင္ငံေတြ ျဖစ္ပါတယ္။ အဲဒီထဲမွာ ေနတိုး အေရွ႕ျခမ္းထဲက အက္စ္တိုးနီးယား၊ ပိုလန္နဲ႔ ႐ိုေမးနီးယားတို႔ ပါဝင္ပါတယ္။

“ယူကရိန္းမွာ ျဖစ္ပ်က္ေနတဲ့ ၾကမ္းၾကဳပ္ရက္စက္မႈေတြကို သူတို႔ (ေနတိုးအဖြဲ႕ဝင္ႏိုင္ငံေတြ) မ်က္ျမင္ေတြ႕သိထားပါတယ္၊ ဒါက အေရးတႀကီးသေဘာေဆာင္သလို ရည္႐ြယ္ခ်က္လည္း ရွိပါတယ္၊ ေနတိုးအဖြဲ႕ဝင္ ႏိုင္ငံေတြရဲ႕ နယ္ေျမကို ထိထိေရာက္ေရာက္ ကာကြယ္ေရးအတြက္ အဖြဲ႕ဝင္ႏိုင္ငံေပါင္း ၃၀ စလုံးက စည္းစည္းလုံးလုံး ညီညီၫြတ္ၫြတ္နဲ႔ လက္တြဲေဆာင္႐ြက္သြားရမွာပါ” လို႔ ကိုလက္ရွက္စကီးက ေျပာပါတယ္။

“ယူကရိန္း စစ္ပြဲက ေပးတဲ့ အေရးႀကီးဆုံးသင္ခန္းစာ တခုကေတာ့ ‘တာေဝးပစ္ခတ္ႏိုင္ဖို႔က အလြန္႔အလြန္ကို အေရးႀကီးတယ္’ ဆိုတာပါ” လို႔ အက္စတိုးနီးယား ကာကြယ္ေရးဝန္ႀကီး ဟာႏို ပက္ဗ္ကာ (Hanno Pevkur)က အခု သီတင္းပတ္ အေစာပိုင္းတုန္းက ဗြီအိုေအကို ေျပာပါတယ္။ ႐ုရွား ယူကရိန္း က်ဴးေက်ာ္ စစ္ပြဲရဲ႕ အရွိန္အဟုန္ကို ဟိုင္းမားစ္ ဒုံးက်ည္ေတြက ေျပာင္းလဲပစ္ေစႏိုင္ခဲ့တယ္လို႔ အသိအမွတ္ျပဳခံထားရပါတယ္။

အက္စတိုးနီးယားက ဟိုင္းမားစ္ ဒုံးစနစ္ ၆ ခု ဝယ္ထားၿပီး ဒါကို လာမယ့္ ၂၀၂၄-၂၀၂၅ မွာ ရရွိႏိုင္ဖို႔ ေမွ်ာ္လင့္ရပါတယ္။ အက္စ္တိုးနီးယား၊ လတ္ဗီးယားနဲ႔ လစ္သူေအးနီးယား ေတြပါဝင္တဲ့ ေဘာ္လ္တစ္ပင္လယ္ အေရွ႕ကမ္း႐ိုးတန္းက ေဘာ္လ္တစ္ေဒသမွာ အေမရိကန္ ဟိုင္းမားစ္ တပ္စု တစုက ထပ္ေဆာင္း ကာကြယ္ေရး စြမ္းရည္ေတြကို ေလ့က်င့္သင္ၾကားေပးေနပါတယ္။ ဒီတပ္စုအေနနဲ႔ “ဒီေန႔” က စတင္ၿပီး အက္စ္တိုးနီးယား တပ္ဖြဲ႕ဝင္ေတြကို ဒုံးက်ည္စနစ္ သင္ၾကားေပးဖို႔ ခြင့္ျပဳထားလို႔ (ဒုံးက်ည္ေတြ ရလာရင္) သူတို႔အေနနဲ႔ “ပထမဆုံး ရက္” က စတင္ၿပီး ဒုံးက်ည္ေတြ သုံးလာႏိုင္မွာ ျဖစ္တယ္လို႔ ဝန္ႀကီး ပက္ဗ္ကာက ဆိုပါတယ္။

- ပိုလန္က ေအဗရန္စ္ တင့္ကား ေလ့က်င့္ေရး အကယ္ဒမီ -

ဟိုင္းမားစ္ ဒုံးစနစ္ အကယ္ဒမီသင္တန္းေက်ာင္းက ပိုလန္ႏိုင္ငံ ပန္႔ဇနန္ (Poznan) ၿမိဳ႕မွာ မႏွစ္က စတင္ဖြင့္လွစ္ခဲ့တဲ့ ေအဗရန္စ္ (Abrams) တင့္ကား ေလ့က်င့္ေရး ေက်ာင္းလို “အလားတူ တည္ေဆာက္ဖြဲ႕စည္းပုံ” ျဖစ္လာလိမ့္မယ္လို႔ ဒုဗိုလ္ခ်ဳပ္ႀကီး ကိုလက္ရွက္စကီးက ေျပာပါတယ္။ ပိုလန္တပ္ဖြဲ႕ဝင္ေတြကို အေမရိကန္လုပ္ ေအဗရန္စ္အမ်ိဳးအစား ပင္မ စစ္ပြဲသုံးတင့္ကားေတြနဲ႔ ကြၽမ္းဝင္လာေအာင္ ရည္႐ြယ္ၿပီး အဲဒီ တင့္ကားေလ့က်င့္ေရး အကယ္ဒမီေက်ာင္းကို ဖြင့္လွစ္ခဲ့တာပါ။ ပိုလန္ဟာ အမရိကန္ရဲ႕ ဥေရာပမိတ္ေဆြႏိုင္ငံထဲမွာ ေအဗရန္စ္ တင့္ကားေတြကို ပထမဦးဆုံးရခဲ့တဲ့ ႏိုင္ငံ ျဖစ္ပါတယ္။ အမ္-၁ ေအ-၂ အမ်ိဳးအစား ေအဗရန္စ္ တင့္ကား အစီး ၂၅၀ ကို ၂၀၂၂ ခုႏွစ္တုန္းက ဝယ္ယူရရွိခဲ့ၿပီး အမ္-၁ ေအ-၁ အမ်ိဳးစား ေအဗရန္စ္ တင့္ကား ၁၁၆ စီးကို ဒီႏွစ္ ဇန္နဝါရီမွာ ဝယ္ယူ ရရွိထားပါတယ္။

ဒီ ေအဗရန္စ္ အစီအစဥ္မွာ ပိုလန္ တပ္ဖြဲ႕ေတြကို အေမရိကန္တင့္ကား တပ္ဖြဲ႕နဲ႔ တြဲၿပီး အလုပ္သင္ တြဲလ်က္ လုပ္ေဆာင္တာ ပါဝင္ၿပီး ဒါက တင့္ကားေတြကို ဘယ္လို ကိုင္တြယ္ ပစ္ခတ္ ရမယ္ဆိုတာနဲ႔ ဘယ္လို ျပဳျပင္ထိန္းသိမ္းရမယ္ဆိုတာကို ေလ့လာမယ့္ အစီအစဥ္လည္း ပါဝင္တယ္လို႔ ကိုလက္ရွက္စကီးက ေျပာပါတယ္။ မႏွစ္ ေႏြရာသီမွာ ေအဗရန္စ္ အကယ္ဒမီ စတင္ဖြင့္လွစ္ၿပီးေနာက္ပိုင္းမွာ ပိုလန္ တင့္ကားေမာင္း တပ္ဖြဲ႕ တဖြဲ႕နဲ႔ ျပဳျပင္ထိန္းသိမ္းေရး တပ္ဖြဲ႕ တဖြဲ႕တို႔ သင္တန္းေအာင္ျမင္ ၿပီးေျမာက္ထားပါတယ္။ အေရွဥေရာပက အေမရိကန္တပ္ဖြဲ႕ေတြ အတြက္ ပိုလန္ဟာ စစ္ဘက္ဆိုင္ရာ အခ်က္အခ်ာ က်တဲ့ ေဒသအျဖစ္ အလ်င္အျမန္ ျဖစ္လာေနပါတယ္။ ယူကရိန္းကို အေနာက္အုပ္စု အေနနဲ႔ တင့္ကားေတြ ပို႔ေပးဖို႔ကိုလည္း ပိုလန္က ျပတ္ျပတ္သားသား ေထာက္ခံ ေတာင္းဆိုေနတာပါ။


‘ျဖစ္တည္မႈ အေပၚ ၿခိမ္းေျခာက္မႈ’

ဂ်ာမန္လုပ္ က်ားသစ္ ၂ အမ်ိဳးအစား (Leopard 2) တင့္ကား ေတြကို ယူကရိန္းတပ္ေတြ အတြက္ ေလ့က်င့္ေပးတာကို စတင္ေနၿပီလို႔ ပိုလန္ကာကြယ္ေရးဝန္ႀကီး မာရီ႐ုစ္ ဘလက္ရွ္ခ်က္ခ္ (Mariusz Blaszczak) ကလည္း ၿပီးခဲ့တဲ့ စေနေန႔က ထုတ္ေျပာထားပါတယ္။

ပိုလန္က ေအဗရန္စ္ တင့္ကား ေလ့က်င့္ေရး အကယ္ဒမီေက်ာင္းမွာ ယူကရိန္းတပ္ဖြဲ႕ေတြကို ေအဗရန္စ္ တင့္ ေမာင္းႏွင္ ပစ္ခတ္ အသုံးျပဳဖို႔ အတြက္ သင္ၾကားေပးမလား ဆိုတဲ့ ဗြီအိုေအရဲ႕ ေမးခြန္းကိုေတာ့ ဒုဗိုလ္ခ်ဳပ္ႀကီး ကိုလက္ရွက္စကီးက “အခုေလာေလာဆယ္ မဆုံးျဖတ္ရေသးဘူး” လို႔ ျပန္လည္ေျဖၾကားခဲ့ပါတယ္။ ယူကရိန္းတပ္ေတြကို ေအဗရန္စ္ တင့္ကားေတြ ေပးမယ္လို႔ သမၼတ ဂ်ိဳးဘိုင္ဒန္က အရင္လမွာ ေၾကညာခဲ့ပါတယ္။ ဒါေပမယ့္ အေမရိကန္မွာ ေအဗရန္စ္ တင့္ကား လက္က်န္ ပိုပိုလွ်ံလွ်ံ မရွိေသးလို႔ အရင္ဦဆုံး တင့္ကားေတြ ရဖို႔ စီစဥ္ရမယ္လို႔ ပန္တဂြန္ စစ္ဌာနခ်ဳပ္က ေျပာထားပါတယ္။ ဒါက တင့္ကားေတြ ယူကရိန္းကို ေပးပို႔ႏိုင္ဖို႔ ေႏွာင့္ေႏွးၾကန္႔ၾကာေစမွာ ျဖစ္ပါတယ္။

ဒါေပမယ့္ ဂ်ာမနီ ႏိုင္ငံလုပ္ က်ားသစ္ ၂ အမ်ိဳးအစား (Leopard 2) တင့္ကားေတြနဲ႔ ၿဗိတိန္ထုတ္ ခ်ဲလန္ဂ်ာ (Challenger 2) အမ်ိဳးအစား တင့္ကား ေတြကေတာ့ ယူကရိန္းတပ္ေတြ ေလ့က်င့္သင္ၾကားၿပီးတာနဲ႔ ယူကရိန္း စစ္ေျမျပင္ကို ေရာက္ရွိလာဖို႔ ရွိေနပါတယ္။ “တင့္ကားေတြကို ေမွ်ာ္လင့္တႀကီးနဲ႔ကို ေစာင့္ေနၾကတာပါ၊ ကြၽန္ေတာ္တို႔ သိပ္ေနာက္က် မသြားဖို႔ ေမွ်ာ္လင့္ပါတယ္” လို႔ အက္စတိုးနီးယား ကာကြယ္ေရးဝန္ႀကီး ဟာႏိုပက္ဗ္ကာက ေျပာပါတယ္။

လပိုင္းအတြင္းမွာ ယူကရိန္းတပ္ေတြ အေနနဲ႔ က်ားသစ္ ၂ အမ်ိဳးအစား (Leopard 2) တင့္ကားေတြနဲ႔ ခ်ဲလန္ဂ်ာ (Challenger 2) အမ်ိဳးအစား တင့္ကားေတြကို ကိုင္တြယ္ အသုံးျပဳႏိုင္ဖို႔က လက္ေတြ႕ ေမွ်ာ္လင့္ႏိုင္မလား ဆိုတာကိုေတာ့ ကိုလက္ရွက္စကီးက “ျဖစ္ႏိုင္တယ္လို႔ ထင္ပါတယ္” လို႔ ဆိုပါတယ္။

“သူတို႔က စိတ္ဓာတ္ေတြ အလြန္႔ အလြန္ တက္ႂကြေနတာပါ၊ သူတို႔က သိပ္ကို စိတ္အားထက္သန္ေနပါတယ္၊ ကြၽန္ေတာ္ ဆိုလိုတာက ဒါက သူတို႔ အတြက္ (သူတို႔ရဲ႕) ျဖစ္တည္မႈ အေပၚ ၿခိမ္းေျခာက္ခံေနရတယ္လို႔ ခံယူထားတာပါ” လို႔ သူက ေျပာပါတယ္။

ယူကရိန္းတပ္ေတြကို အေမရိကန္က ေလ့က်င့္ေပးေနတဲ့ ဂ်ာမနီက စစ္စခန္းေတြနဲ႔ ပိုလန္က ေအဗရန္စ္ တင့္ကား ေလ့က်င့္ေရး အကယ္ဒမီေက်ာင္းေတြကို ေလ့လာ သတင္းယူခြင့္ အတြက္ ဗြီအိုေအက ေတာင္းခံခဲ့ေပမယ့္ ပန္တဂြန္ စစ္ဌာနခ်ဳပ္ကေတာ့ ခြင္မျပဳခဲ့ပါဘူး။

=== {{ UNICODE }} ===

ဥရောပမှာ HIMARS ဒုံးစနစ် သင်တန်းဖွင့်ဖို့ အမေရိကန် ပြင်ဆင်

အမေရိကန် အနေနဲ့ High Mobility Artillery Rocket System (HIMARS) ဟိုင်းမားစ်လို့ ခေါ်တဲ့ ရွေ့လျားနိုင်စွမ်းမြင့်မားတဲ့ တာလတ်ပစ် ဒုံးကျည်စနစ်ကို ကိုင်တွယ်အသုံးပြုနိုင်ဖို့ လေ့ကျင့်သင်ကြားပေးမယ့် စင်တာတခုကို မြောက်အတ္တလန်တိတ် သဘောတူစာချုပ် စစ်ရေးမဟာမိတ် (NATO) နေတိုးအဖွဲ့ဝင် နိုင်ငံတွေအတွက် ဥရောပတိုက်မှာ တည်ဆောက်သွားဖို့ ရှိတယ်လို့ ထိပ်တန်း အမေရိကန် စစ်ဗိုလ်ချုပ်တစ်ဦးက ဗွီအိုအေကို သီးသန့် ပြောလိုက်ပါတယ်။ ဒီ ဟိုင်းမားစ် ဒုံးကျည်စနစ် ယူကရိန်း စစ်မြေပြင်မှာ အောင်အောင်မြင်မြင် အသုံးပြုပြီးနောက်ပိုင်း ဒါကို အရှေ့ဥရောပနိုင်ငံတွေက တောင်းဆိုလာတဲ့ အချိန်မှာပဲ အခုလို ပြောလာတာလည်း ဖြစ်ပါတယ်။

“ကနဦး အဆင့်တွေမှာပဲ ရှိပါသေးတယ်၊ နေရာဒေသတခုမှာ နိုင်ငံအများအပြားကို စုစည်းပြီး အကောင်အထည်ဖော်ဖို့ ဖြစ်လာနိုင်ပါတယ်” လို့ V တပ်ဖွဲ့တွေရဲ့တပ်မှူး ဒုတိယ ဗိုလ်ချုပ်ကြီး ဂျွန်ကိုလက်ရှက်စကီး (John Kolasheski)က ပြောပါတယ်။ နေတိုးရဲ့ အရှေ့ဘက်ခြမ်းက အမေရိကန်တပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးတွေအတွက် တာဝန်ရှိတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးက ပြီးခဲ့တဲ့ အင်္ဂါနေ့ နှောင်းပိုင်းက ဗွီအိုအေနဲ့ သီးသန့်မေးမြန်းခန်းမှာ ပြောသွားတာပါ။

ပိုလန်ကို ဟိုင်းမားစ်လောင်ချာ ၁၈ ခု ရောင်းချနိုင်မယ့် အစီအစဉ်ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အင်္ဂါနေ့မှာ သဘောတူလိုက်ပြီးနောက်မှာ အခုလို သတင်းထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ အမေရိကန်က ရောင်းပေးဖို့ရှိတဲ့ အထဲမှာ တကြိမ်တည်း အချက်ပေါင်းများစွာ ပစ်ခတ်နိုင်တဲ့ Guided Multiple Launch Rocket System စနစ်သုံး ပဲ့ထိန်းတပ် ဒုံးကျည်လက်နက် ရာချီပါဝင်သလို ခြေလျင်တပ်သုံး ဗျူဟာမြောက် ဒုံးကျည် (Army Tactical Missile Systems) စနစ်သုံး ဒုံးကျည် ဒါဇင်နဲ့ချီလည်း ပါဝင်ပါတယ်။ ပိုလန်အစိုးရက အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံဖိုး တန်ကြေးရှိတဲ့ စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူနိုင်ရေး အမေရိကန်ကို တောင်းဆိုထားတာပါ။

ဟိုင်းမားစ် ဒုံးကျည်စနစ် လေ့ကျင့်ပေးဖို့ အဆိုပြု စဉ်းစားချက်မှာ ပါဝင်နိုင်မယ့် နိုင်ငံတွေကတော့ နေတိုးအဖွဲ့ဝင် နိုင်ငံတွေထဲက အမေရိကန်အနေနဲ့ တာဝေးပစ် အမြောက်တွေ ရောင်းချဖို့ ခွင့်ပြုထားပြီးသား နိုင်ငံတွေ ဖြစ်ပါတယ်။ အဲဒီထဲမှာ နေတိုး အရှေ့ခြမ်းထဲက အက်စ်တိုးနီးယား၊ ပိုလန်နဲ့ ရိုမေးနီးယားတို့ ပါဝင်ပါတယ်။

“ယူကရိန်းမှာ ဖြစ်ပျက်နေတဲ့ ကြမ်းကြုပ်ရက်စက်မှုတွေကို သူတို့ (နေတိုးအဖွဲ့ဝင်နိုင်ငံတွေ) မျက်မြင်တွေ့သိထားပါတယ်၊ ဒါက အရေးတကြီးသဘောဆောင်သလို ရည်ရွယ်ချက်လည်း ရှိပါတယ်၊ နေတိုးအဖွဲ့ဝင် နိုင်ငံတွေရဲ့ နယ်မြေကို ထိထိရောက်ရောက် ကာကွယ်ရေးအတွက် အဖွဲ့ဝင်နိုင်ငံပေါင်း ၃၀ စလုံးက စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ လက်တွဲဆောင်ရွက်သွားရမှာပါ” လို့ ကိုလက်ရှက်စကီးက ပြောပါတယ်။

“ယူကရိန်း စစ်ပွဲက ပေးတဲ့ အရေးကြီးဆုံးသင်ခန်းစာ တခုကတော့ ‘တာဝေးပစ်ခတ်နိုင်ဖို့က အလွန့်အလွန်ကို အရေးကြီးတယ်’ ဆိုတာပါ” လို့ အက်စတိုးနီးယား ကာကွယ်ရေးဝန်ကြီး ဟာနို ပက်ဗ်ကာ (Hanno Pevkur)က အခု သီတင်းပတ် အစောပိုင်းတုန်းက ဗွီအိုအေကို ပြောပါတယ်။ ရုရှား ယူကရိန်း ကျူးကျော် စစ်ပွဲရဲ့ အရှိန်အဟုန်ကို ဟိုင်းမားစ် ဒုံးကျည်တွေက ပြောင်းလဲပစ်စေနိုင်ခဲ့တယ်လို့ အသိအမှတ်ပြုခံထားရပါတယ်။

အက်စတိုးနီးယားက ဟိုင်းမားစ် ဒုံးစနစ် ၆ ခု ဝယ်ထားပြီး ဒါကို လာမယ့် ၂၀၂၄-၂၀၂၅ မှာ ရရှိနိုင်ဖို့ မျှော်လင့်ရပါတယ်။ အက်စ်တိုးနီးယား၊ လတ်ဗီးယားနဲ့ လစ်သူအေးနီးယား တွေပါဝင်တဲ့ ဘော်လ်တစ်ပင်လယ် အရှေ့ကမ်းရိုးတန်းက ဘော်လ်တစ်ဒေသမှာ အမေရိကန် ဟိုင်းမားစ် တပ်စု တစုက ထပ်ဆောင်း ကာကွယ်ရေး စွမ်းရည်တွေကို လေ့ကျင့်သင်ကြားပေးနေပါတယ်။ ဒီတပ်စုအနေနဲ့ “ဒီနေ့” က စတင်ပြီး အက်စ်တိုးနီးယား တပ်ဖွဲ့ဝင်တွေကို ဒုံးကျည်စနစ် သင်ကြားပေးဖို့ ခွင့်ပြုထားလို့ (ဒုံးကျည်တွေ ရလာရင်) သူတို့အနေနဲ့ “ပထမဆုံး ရက်” က စတင်ပြီး ဒုံးကျည်တွေ သုံးလာနိုင်မှာ ဖြစ်တယ်လို့ ဝန်ကြီး ပက်ဗ်ကာက ဆိုပါတယ်။

- ပိုလန်က အေဗရန်စ် တင့်ကား လေ့ကျင့်ရေး အကယ်ဒမီ -

ဟိုင်းမားစ် ဒုံးစနစ် အကယ်ဒမီသင်တန်းကျောင်းက ပိုလန်နိုင်ငံ ပန့်ဇနန် (Poznan) မြို့မှာ မနှစ်က စတင်ဖွင့်လှစ်ခဲ့တဲ့ အေဗရန်စ် (Abrams) တင့်ကား လေ့ကျင့်ရေး ကျောင်းလို “အလားတူ တည်ဆောက်ဖွဲ့စည်းပုံ” ဖြစ်လာလိမ့်မယ်လို့ ဒုဗိုလ်ချုပ်ကြီး ကိုလက်ရှက်စကီးက ပြောပါတယ်။ ပိုလန်တပ်ဖွဲ့ဝင်တွေကို အမေရိကန်လုပ် အေဗရန်စ်အမျိုးအစား ပင်မ စစ်ပွဲသုံးတင့်ကားတွေနဲ့ ကျွမ်းဝင်လာအောင် ရည်ရွယ်ပြီး အဲဒီ တင့်ကားလေ့ကျင့်ရေး အကယ်ဒမီကျောင်းကို ဖွင့်လှစ်ခဲ့တာပါ။ ပိုလန်ဟာ အမရိကန်ရဲ့ ဥရောပမိတ်ဆွေနိုင်ငံထဲမှာ အေဗရန်စ် တင့်ကားတွေကို ပထမဦးဆုံးရခဲ့တဲ့ နိုင်ငံ ဖြစ်ပါတယ်။ အမ်-၁ အေ-၂ အမျိုးအစား အေဗရန်စ် တင့်ကား အစီး ၂၅၀ ကို ၂၀၂၂ ခုနှစ်တုန်းက ဝယ်ယူရရှိခဲ့ပြီး အမ်-၁ အေ-၁ အမျိုးစား အေဗရန်စ် တင့်ကား ၁၁၆ စီးကို ဒီနှစ် ဇန်နဝါရီမှာ ဝယ်ယူ ရရှိထားပါတယ်။

ဒီ အေဗရန်စ် အစီအစဉ်မှာ ပိုလန် တပ်ဖွဲ့တွေကို အမေရိကန်တင့်ကား တပ်ဖွဲ့နဲ့ တွဲပြီး အလုပ်သင် တွဲလျက် လုပ်ဆောင်တာ ပါဝင်ပြီး ဒါက တင့်ကားတွေကို ဘယ်လို ကိုင်တွယ် ပစ်ခတ် ရမယ်ဆိုတာနဲ့ ဘယ်လို ပြုပြင်ထိန်းသိမ်းရမယ်ဆိုတာကို လေ့လာမယ့် အစီအစဉ်လည်း ပါဝင်တယ်လို့ ကိုလက်ရှက်စကီးက ပြောပါတယ်။ မနှစ် နွေရာသီမှာ အေဗရန်စ် အကယ်ဒမီ စတင်ဖွင့်လှစ်ပြီးနောက်ပိုင်းမှာ ပိုလန် တင့်ကားမောင်း တပ်ဖွဲ့ တဖွဲ့နဲ့ ပြုပြင်ထိန်းသိမ်းရေး တပ်ဖွဲ့ တဖွဲ့တို့ သင်တန်းအောင်မြင် ပြီးမြောက်ထားပါတယ်။ အရှေဥရောပက အမေရိကန်တပ်ဖွဲ့တွေ အတွက် ပိုလန်ဟာ စစ်ဘက်ဆိုင်ရာ အချက်အချာ ကျတဲ့ ဒေသအဖြစ် အလျင်အမြန် ဖြစ်လာနေပါတယ်။ ယူကရိန်းကို အနောက်အုပ်စု အနေနဲ့ တင့်ကားတွေ ပို့ပေးဖို့ကိုလည်း ပိုလန်က ပြတ်ပြတ်သားသား ထောက်ခံ တောင်းဆိုနေတာပါ။


‘ဖြစ်တည်မှု အပေါ် ခြိမ်းခြောက်မှု’

ဂျာမန်လုပ် ကျားသစ် ၂ အမျိုးအစား (Leopard 2) တင့်ကား တွေကို ယူကရိန်းတပ်တွေ အတွက် လေ့ကျင့်ပေးတာကို စတင်နေပြီလို့ ပိုလန်ကာကွယ်ရေးဝန်ကြီး မာရီရုစ် ဘလက်ရှ်ချက်ခ် (Mariusz Blaszczak) ကလည်း ပြီးခဲ့တဲ့ စနေနေ့က ထုတ်ပြောထားပါတယ်။

ပိုလန်က အေဗရန်စ် တင့်ကား လေ့ကျင့်ရေး အကယ်ဒမီကျောင်းမှာ ယူကရိန်းတပ်ဖွဲ့တွေကို အေဗရန်စ် တင့် မောင်းနှင် ပစ်ခတ် အသုံးပြုဖို့ အတွက် သင်ကြားပေးမလား ဆိုတဲ့ ဗွီအိုအေရဲ့ မေးခွန်းကိုတော့ ဒုဗိုလ်ချုပ်ကြီး ကိုလက်ရှက်စကီးက “အခုလောလောဆယ် မဆုံးဖြတ်ရသေးဘူး” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ ယူကရိန်းတပ်တွေကို အေဗရန်စ် တင့်ကားတွေ ပေးမယ်လို့ သမ္မတ ဂျိုးဘိုင်ဒန်က အရင်လမှာ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် အမေရိကန်မှာ အေဗရန်စ် တင့်ကား လက်ကျန် ပိုပိုလျှံလျှံ မရှိသေးလို့ အရင်ဦဆုံး တင့်ကားတွေ ရဖို့ စီစဉ်ရမယ်လို့ ပန်တဂွန် စစ်ဌာနချုပ်က ပြောထားပါတယ်။ ဒါက တင့်ကားတွေ ယူကရိန်းကို ပေးပို့နိုင်ဖို့ နှောင့်နှေးကြန့်ကြာစေမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ဂျာမနီ နိုင်ငံလုပ် ကျားသစ် ၂ အမျိုးအစား (Leopard 2) တင့်ကားတွေနဲ့ ဗြိတိန်ထုတ် ချဲလန်ဂျာ (Challenger 2) အမျိုးအစား တင့်ကား တွေကတော့ ယူကရိန်းတပ်တွေ လေ့ကျင့်သင်ကြားပြီးတာနဲ့ ယူကရိန်း စစ်မြေပြင်ကို ရောက်ရှိလာဖို့ ရှိနေပါတယ်။ “တင့်ကားတွေကို မျှော်လင့်တကြီးနဲ့ကို စောင့်နေကြတာပါ၊ ကျွန်တော်တို့ သိပ်နောက်ကျ မသွားဖို့ မျှော်လင့်ပါတယ်” လို့ အက်စတိုးနီးယား ကာကွယ်ရေးဝန်ကြီး ဟာနိုပက်ဗ်ကာက ပြောပါတယ်။

လပိုင်းအတွင်းမှာ ယူကရိန်းတပ်တွေ အနေနဲ့ ကျားသစ် ၂ အမျိုးအစား (Leopard 2) တင့်ကားတွေနဲ့ ချဲလန်ဂျာ (Challenger 2) အမျိုးအစား တင့်ကားတွေကို ကိုင်တွယ် အသုံးပြုနိုင်ဖို့က လက်တွေ့ မျှော်လင့်နိုင်မလား ဆိုတာကိုတော့ ကိုလက်ရှက်စကီးက “ဖြစ်နိုင်တယ်လို့ ထင်ပါတယ်” လို့ ဆိုပါတယ်။

“သူတို့က စိတ်ဓာတ်တွေ အလွန့် အလွန် တက်ကြွနေတာပါ၊ သူတို့က သိပ်ကို စိတ်အားထက်သန်နေပါတယ်၊ ကျွန်တော် ဆိုလိုတာက ဒါက သူတို့ အတွက် (သူတို့ရဲ့) ဖြစ်တည်မှု အပေါ် ခြိမ်းခြောက်ခံနေရတယ်လို့ ခံယူထားတာပါ” လို့ သူက ပြောပါတယ်။

ယူကရိန်းတပ်တွေကို အမေရိကန်က လေ့ကျင့်ပေးနေတဲ့ ဂျာမနီက စစ်စခန်းတွေနဲ့ ပိုလန်က အေဗရန်စ် တင့်ကား လေ့ကျင့်ရေး အကယ်ဒမီကျောင်းတွေကို လေ့လာ သတင်းယူခွင့် အတွက် ဗွီအိုအေက တောင်းခံခဲ့ပေမယ့် ပန်တဂွန် စစ်ဌာနချုပ်ကတော့ ခွင်မပြုခဲ့ပါဘူး။

XS
SM
MD
LG