ကမာၻႀကီးဟာ ပိုမိုက်ယ္ျပန္႔တဲ့ စစ္ပြဲဆီကို ဦးတည္သြားေနေၾကာင္း၊ စစ္ပြဲကာကြယ္ေရးကို ႏွလုံးသြင္းၿပီး၊ လူ႔အခြင့္အေရးနဲ႔ လူသား ဂုဏ္သိကၡာအေပၚ ပထမထားတဲ့ ခ်ဥ္းကပ္ပုံမ်ိဳးကို ေျပာင္းၾကဖို႔ အခ်ိန္ေရာက္ၿပီလို႔ ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္က ေျပာလိုက္ပါတယ္။ ၿငိမ္းခ်မ္းေရး ကို ၿခိမ္းေျခာက္ေနတဲ့ ျဖစ္ရပ္ေတြကိုေျပာရာမွာ ျမန္မာႏိုင္ငံကိုလည္း ထည့္သြင္းေျပာၾကားသြားခဲ့ပါတယ္။
ကုလသမဂၢအေထြေထြညီလာခံမွာ အတြင္းေရးမႉးခ်ဳပ္ Antonio Guterres က မေန႔ တနလၤာေန႔က ေျပာလိုက္တာပါ။ ဒီမိန႔္ခြန္းမွာ ယူကရိန္းကို ႐ုရွား က်ဴးေက်ာ္စစ္၊ ရာသီဥတုဆိုင္ရာ အက်ပ္အတည္းနဲ႔ ဆင္းရဲမႈ အေၾကာင္းေတြကို အဓိကထား ေျပာသြားခဲ့ပါတယ္။ ႐ုရွား ယူကရိန္း စစ္ပြဲဟာ ပိုမို ဆိုးဝါးလာေနၿပီး ကမာၻ႔ ပဋိပကၡဆီ ဦးတည္သြားေနမွာကို သူက စိုးရိမ္တာပါ။
ကြၽန္ေတာ္တို႔ ႏိုးထၿပီး၊ အလုပ္လုပ္ၾကဖို႔ လိုပါၿပီလို႔ သူကဆိုပါတယ္။ ၿငိမ္းခ်မ္းေရး အလားအလာက နည္းနည္းလာေနၿပီး၊ ပဋိပကၡ ပိုမို ဆိုးဝါးလာေၾကာင္း၊ ေသြးေျမက်ၾကမယ့္ အလားအလာက ပို မ်ားေနတယ္လို႔ သူ႔မိန႔္ခြန္းမွာ ေျပာထားပါတယ္။ “ပိုမိုက်ယ္ျပန႔္တဲ့ စစ္ပြဲထဲကို ကမာၻႀကီးက မ်က္လုံးဖြင့္လ်က္ အိပ္ေပ်ာ္လမ္းေလွ်ာက္ဝင္သြားေနမွာကို ကြၽန္ေတာ္ စိုးရိမ္ပါတယ္။” လို႔ ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္က ေျပာပါတယ္။
ၿငိမ္းခ်မ္းေရးကို ၿခိမ္းေျခာက္ေနၾကတဲ့ ျဖစ္ရပ္ေတြကို ေျပာၾကားရာမွာ ျမန္မာႏိုင္ငံပဋိပကၡကို အစၥေရး-ပါလက္စတိုင္း၊ အာဖဂန္နစၥတန္၊ ေဟတီနဲ႔ အာဖရိက ဆာဟဲေဒသတို႔နဲ႔အတူ ၫႊန္းဆို ေျပာသြားပါတယ္။ အာဖရိက ဆာဟဲေဒသမွာ Burkina Faso, Chad, Eritrea, The Gambia, Guinea-Bissau, Mali, Mauritania, Niger, Senegal, နဲ႔ Sudan ႏိုင္ငံတို႔ ပါဝင္ၾကပါတယ္။
[Unicode]
ကမ္ဘာကြီးဟာ ပိုမို ကျယ်ပြန့်တဲ့ စစ်ပွဲဆီ ဦးတည်သွားနေ (ကုလ အတွင်းရေးမှူးချုပ်)
ကမ္ဘာကြီးဟာ ပိုမိုကျယ်ပြန့်တဲ့ စစ်ပွဲဆီကို ဦးတည်သွားနေကြောင်း၊ စစ်ပွဲကာကွယ်ရေးကို နှလုံးသွင်းပြီး၊ လူ့အခွင့်အရေးနဲ့ လူသား ဂုဏ်သိက္ခာအပေါ် ပထမထားတဲ့ ချဉ်းကပ်ပုံမျိုးကို ပြောင်းကြဖို့ အချိန်ရောက်ပြီလို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ပြောလိုက်ပါတယ်။ ငြိမ်းချမ်းရေး ကို ခြိမ်းခြောက်နေတဲ့ ဖြစ်ရပ်တွေကိုပြောရာမှာ မြန်မာနိုင်ငံကိုလည်း ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။
ကုလသမဂ္ဂအထွေထွေညီလာခံမှာ အတွင်းရေးမှူးချုပ် Antonio Guterres က မနေ့ တနင်္လာနေ့က ပြောလိုက်တာပါ။ ဒီမိန့်ခွန်းမှာ ယူကရိန်းကို ရုရှား ကျူးကျော်စစ်၊ ရာသီဥတုဆိုင်ရာ အကျပ်အတည်းနဲ့ ဆင်းရဲမှု အကြောင်းတွေကို အဓိကထား ပြောသွားခဲ့ပါတယ်။ ရုရှား ယူကရိန်း စစ်ပွဲဟာ ပိုမို ဆိုးဝါးလာနေပြီး ကမ္ဘာ့ ပဋိပက္ခဆီ ဦးတည်သွားနေမှာကို သူက စိုးရိမ်တာပါ။
ကျွန်တော်တို့ နိုးထပြီး၊ အလုပ်လုပ်ကြဖို့ လိုပါပြီလို့ သူကဆိုပါတယ်။ ငြိမ်းချမ်းရေး အလားအလာက နည်းနည်းလာနေပြီး၊ ပဋိပက္ခ ပိုမို ဆိုးဝါးလာကြောင်း၊ သွေးမြေကျကြမယ့် အလားအလာက ပို များနေတယ်လို့ သူ့မိန့်ခွန်းမှာ ပြောထားပါတယ်။ “ပိုမိုကျယ်ပြန့်တဲ့ စစ်ပွဲထဲကို ကမ္ဘာကြီးက မျက်လုံးဖွင့်လျက် အိပ်ပျော်လမ်းလျှောက်ဝင်သွားနေမှာကို ကျွန်တော် စိုးရိမ်ပါတယ်။” လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြောပါတယ်။
ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေကြတဲ့ ဖြစ်ရပ်တွေကို ပြောကြားရာမှာ မြန်မာနိုင်ငံပဋိပက္ခကို အစ္စရေး-ပါလက်စတိုင်း၊ အာဖဂန်နစ္စတန်၊ ဟေတီနဲ့ အာဖရိက ဆာဟဲဒေသတို့နဲ့အတူ ညွှန်းဆို ပြောသွားပါတယ်။ အာဖရိက ဆာဟဲဒေသမှာ Burkina Faso, Chad, Eritrea, The Gambia, Guinea-Bissau, Mali, Mauritania, Niger, Senegal, နဲ့ Sudan နိုင်ငံတို့ ပါဝင်ကြပါတယ်။