ျမန္မာျပည္သူေတြနဲ႔ေရာ၊ NUG အမ်ဳိးသားညီညြတ္ေရးအစိုးရနဲ႔ပါ ၿဗိတိန္ႏိုင္ငံက အတူရပ္တည္ေနေၾကာင္း ၿဗိတိန္ႏိုင္ငံျခားေရး၀န္ႀကီး James Cleverly က ေျပာၾကားလိုက္ပါတယ္။ ဒီကေန႔ အဂၤါေန႔က သူ႔ရဲ႕ လူမႈစာမ်က္ႏွာ Twitter မွာေရးသားထားရာမွာေတာ့ NUG ႏိုင္ငံျခားေရး၀န္ႀကီး ေဒၚဇင္မာေအာင္နဲ႔ တနလၤာေန႔က ေတြ႕ဆံုခဲ့တဲ့အေပၚမွာ သူ႔အေနနဲ႔ အားရေက်နပ္မိေၾကာင္း ေဖၚျပထားပါတယ္။ ဒါအျပင္ ျမန္မာျပည္သူလူထုရဲ႕ ဒီမိုကေရစီနဲ႔ လြတ္လပ္ခြင့္ေတြအတြက္ ရပ္တည္တိုက္ပဲြ၀င္ေနတဲ့ ေဒၚဇင္မာေအာင္ရဲ႕ ရဲစြမ္းသတၱိ ေျပာင္ေျမာက္မႈကို အလြန္ပဲေလးစားမိေၾကာင္း ၿဗိတိန္ႏိုင္ငံျခားေရး၀န္ႀကီးက ေရးသားထားပါတယ္။
ၿဗိတိန္ႏိုင္ငံျခားေရး၀န္ႀကီးရံုးမွာ တနလၤာေန႔ကျပဳလုပ္တဲ့ ေတြ႕ဆံုပဲြနဲ႔ ပတ္သက္လို႔ NUG ႏိုင္ငံျခားေရး၀န္ႀကီးဌာနက သတင္း ထုတ္ျပန္ထားရာမွာေတာ့ ျမန္မာႏိုင္ငံမွာ စစ္တပ္ရဲ႕ အၾကမ္းဖက္မႈေတြကို ရပ္တန္႔ႏိုင္ေရး၊ လူနည္းစု လူမ်ဳိးမ်ားအေရးနဲ႔ ႏွစ္ႏိုင္ငံ ပူးေပါင္းေဆာင္ရြက္ေရး ကိစၥရပ္ေတြကို ၀န္ႀကီးႏွစ္ဦးလံုး ေဆြးေႏြးခဲ့ၾကတယ္လို႔ ေဖၚျပထားပါတယ္။
လက္ရွိအာဏာရ ကြန္ဆာေဗးတစ္ပါတီေခါင္းေဆာင္ အေျပာင္းအလဲနဲ႔အတူ ၀န္ႀကီးခ်ဳပ္သစ္ျဖစ္လာတဲ့ Rishi Sunak ဦးေဆာင္တဲ့ အစိုးရလက္ထက္မွာ NUG ႏိုင္ငံျခားေရး၀န္ႀကီး ေဒၚဇင္မာကို ပထမဆံုးအႀကိမ္ ၿဗိတိန္ႏိုင္ငံျခားေရး၀န္ႀကီးရံုးမွာ ေတြ႕ဆံုခဲ့တာျဖစ္ပါတယ္။ ေဒၚဇင္မာေအာင္ရဲ႕ ၿဗိတိန္ခရီးစဥ္အတြင္း ျမန္မာႏြယ္ဖြားေတြနဲ႔ ေတြ႕ဆံုပဲြကို စေနေန႔က ျပဳလုပ္ခဲ့ပါတယ္။
[Unicode]
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးနဲ့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် တွေ့ဆုံ
မြန်မာပြည်သူတွေနဲ့ရော၊ NUG အမျိုးသားညီညွတ်ရေးအစိုးရနဲ့ပါ ဗြိတိန်နိုင်ငံက အတူရပ်တည်နေကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး James Cleverly က ပြောကြားလိုက်ပါတယ်။
ဒီကနေ့ အင်္ဂါနေ့က သူ့ရဲ့ လူမှုစာမျက်နှာ Twitter မှာရေးသားထားရာမှာတော့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ တနင်္လာနေ့က တွေ့ဆုံခဲ့တဲ့အပေါ်မှာ သူ့အနေနဲ့ အားရကျေနပ်မိကြောင်း ဖေါ်ပြထားပါတယ်။ ဒါအပြင် မြန်မာပြည်သူလူထုရဲ့ ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်တွေအတွက် ရပ်တည်တိုက်ပွဲဝင်နေတဲ့ ဒေါ်ဇင်မာအောင်ရဲ့ ရဲစွမ်းသတ္တိ ပြောင်မြောက်မှုကို အလွန်ပဲလေးစားမိကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက ရေးသားထားပါတယ်။
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးရုံးမှာ တနင်္လာနေ့ကပြုလုပ်တဲ့ တွေ့ဆုံပွဲနဲ့ ပတ်သက်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားရာမှာတော့ မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်နိုင်ရေး၊ လူနည်းစု လူမျိုးများအရေးနဲ့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်တွေကို ဝန်ကြီးနှစ်ဦးလုံး ဆွေးနွေးခဲ့ကြတယ်လို့ ဖေါ်ပြထားပါတယ်။
လက်ရှိအာဏာရ ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင် အပြောင်းအလဲနဲ့အတူ ဝန်ကြီးချုပ်သစ်ဖြစ်လာတဲ့ Rishi Sunak ဦးဆောင်တဲ့ အစိုးရလက်ထက်မှာ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာကို ပထမဆုံးအကြိမ် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးရုံးမှာ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ ဒေါ်ဇင်မာအောင်ရဲ့ ဗြိတိန်ခရီးစဉ်အတွင်း မြန်မာနွယ်ဖွားတွေနဲ့ တွေ့ဆုံပွဲကို စနေနေ့က ပြုလုပ်ခဲ့ပါတယ်။