သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

၂၀၂၃ ဟာ ျမန္မာႏိုင္ငံအတြက္ အဆုံးအျဖတ္ေပးမယ့္ႏွစ္ျဖစ္


NUG ႏိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္ႏွင့္ ယူေကေရာက္ ေတာ္လွန္ေရး ညီအကိုေမာင္ႏွမမ်ား ေတြ႔ဆုံပြဲ

ျမန္မာႏိုင္ငံမွာ အေျပာင္းအလဲေတြျဖစ္မျဖစ္ကို ဆုံးျဖတ္မယ့္ႏွစ္ဟာ ၂၀၂၃ ခုႏွစ္ျဖစ္ေၾကာင္း NUG အမ်ိဳးသားညီၫြတ္ေရးအစိုးရ ႏိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္က ေျပာၾကားလိုက္ပါတယ္။

ေဖေဖၚဝါရီလ (၄) ရက္ စေနေန႔က ၿဗိတိန္ႏိုင္ငံ၊ လန္ဒန္ၿမိဳ႕မွာ ျပဳလုပ္တဲ့ ျမန္မာအသိုင္းအဝိုင္းနဲ႔ ေတြ႕ဆုံပြဲအတြင္း ေဒၚဇင္မာေအာင္က စစ္အာဏာသိမ္းထားတဲ့ ျမန္မာႏိုင္ငံကို အေျပာင္းအလဲလုပ္ဖို႔ NUG က ၂၀၂၃ ခုႏွစ္အတြင္း ခ်မွတ္ထားတဲ့ လမ္းေၾကာင္းကို အခုလို ေျပာျပသြားပါတယ္။

“ဒီတႏွစ္အတြင္း ျဖစ္သင့္တယ္။ အနည္းဆံုးေတာ့ အဆံုးသတ္ဖို႔ ဆံုးျဖတ္တဲ့ ႏွစ္တႏွစ္ ျဖစ္ဖို႔လိုတယ္။ Stage (အဆင့္)တဆင့္ကို အနည္းဆံုးတတ္ဖို႔ လိုတယ္လို႔ က်မတို႔ ပိုင္းျဖတ္ထားပါတယ္။”

ဒါအျပင္ NUG အစိုးရအေနနဲ႔ ႏိုင္ငံေရးအရ ခ်မွတ္ထားတဲ့မူအေပၚမွာ စစ္ေကာင္စီနဲ႔ ညိႇဳႏိႈင္းလို႔ မရတဲ့ အေျခအေနေတြ ႐ွိေနသလို၊ ညိႇဳႏိႈင္းဖို႔ ဘယ္အဆင့္ထိ ႐ွိရမယ္ဆိုတဲ့ သတ္မွတ္ခ်က္ေတြလည္း ႐ွိေနေၾကာင္း ေဒၚဇင္မာေအာင္က ဆိုပါတယ္။

စစ္ေကာင္စီဘက္ကေတာ့ တိုင္းျပည္တြင္း အေျခအေနေတြဟာ ပုံမွန္ ျပန္လည္မေရာက္႐ွိေသးတဲ့အတြက္ အေရးေပၚအေျခအေနကို ေနာက္ထပ္ ၆ လ တိုးခ်ဲ႕လိုက္ေၾကာင္း စစ္တပ္အာဏာသိမ္းခဲ့တဲ့ ၂ ႏွစ္ျပည့္ခ်ိန္ ၿပီးခဲ့တဲ့ ရက္ပိုင္းက ေၾကညာထားပါတယ္။ ဒါအျပင္ လာမယ့္ ၆ လအတြင္း ေ႐ြးေကာက္ပြဲ က်င္းပဖို႔ အေျခအေန မေသခ်ာေသးဘူးလို႔လည္း စစ္ေကာင္စီ ေျပာခြင့္ရက ဗြီအိုေအကို ေျပာၾကားခဲ့ပါတယ္။

ႏိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္ကေတာ့ NUG ဦးေဆာင္တဲ့ ခုခံေတာ္လွန္ေရးကို အျမန္ဆုံး အဆုံးသတ္ႏိုင္ေရးအတြက္ အျဖစ္ႏိုင္ဆုံးနည္းလမ္းေတြကို ႐ွာေဖြ ေနေၾကာင္းလည္း ၿဗိတိန္ခရီးစဥ္အတြင္း ေျပာသြားပါတယ္။

ႏိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္ရဲ႕ လက္႐ွိ ႏိုင္ငံတကာခရီးစဥ္ေတြထဲ လာမယ့္ သီတင္းပတ္ကုန္မွာေတာ့ အေမရိကန္ျပည္ေထာင္စု နယူးေရာက္ၿမိဳ႕မွာ ျမန္မာႏြယ္ဖြားေတြနဲ႔ ေတြ႔ဆုံမွာ ျဖစ္ပါတယ္။

==== Unicode ====

မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေဖြစ်မဖြစ်ကို ဆုံးဖြတ်မယ့်နှစ်ဟာ ၂၀၂၃ ခုနှစ်ဖြစ်ကြောင်း NUG အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောကြားလိုက်ပါတယ်။

ဖေဖေါ်ဝါရီလ (၄) ရက် စနေနေ့က ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့မှာ ပြုလုပ်တဲ့ မြန်မာအသိုင်းအဝိုင်းနဲ့ တွေ့ဆုံပွဲအတွင်း ဒေါ်ဇင်မာအောင်က စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံကို အပြောင်းအလဲလုပ်ဖို့ NUG က ၂၀၂၃ ခုနှစ်အတွင်း ချမှတ်ထားတဲ့ လမ်းကြောင်းကို အခုလို ပြောပြသွားပါတယ်။

“ဒီတနှစ်အတွင်း ဖြစ်သင့်တယ်။ အနည်းဆုံးတော့ အဆုံးသတ်ဖို့ ဆုံးဖြတ်တဲ့ နှစ်တနှစ် ဖြစ်ဖို့လိုတယ်။ Stage (အဆင့်)တဆင့်ကို အနည်းဆုံးတတ်ဖို့ လိုတယ်လို့ ကျမတို့ ပိုင်းဖြတ်ထားပါတယ်။”

ဒါအပြင် NUG အစိုးရအနေနဲ့ နိုင်ငံရေးအရ ချမှတ်ထားတဲ့မူအပေါ်မှာ စစ်ကောင်စီနဲ့ ညှိုနှိုင်းလို့ မရတဲ့ အခြေအနေတွေ ရှိနေသလို၊ ညှိုနှိုင်းဖို့ ဘယ်အဆင့်ထိ ရှိရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေလည်း ရှိနေကြောင်း ဒေါ်ဇင်မာအောင်က ဆိုပါတယ်။

စစ်ကောင်စီဘက်ကတော့ တိုင်းပြည်တွင်း အခြေအနေတွေဟာ ပုံမှန် ပြန်လည်မရောက်ရှိသေးတဲ့အတွက် အရေးပေါ်အခြေအနေကို နောက်ထပ် ၆ လ တိုးချဲ့လိုက်ကြောင်း စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂ နှစ်ပြည့်ချိန် ပြီးခဲ့တဲ့ ရက်ပိုင်းက ကြေညာထားပါတယ်။ ဒါအပြင် လာမယ့် ၆ လအတွင်း ရွေးကောက်ပွဲ ကျင်းပဖို့ အခြေအနေ မသေချာသေးဘူးလို့လည်း စစ်ကောင်စီ ပြောခွင့်ရက ဗွီအိုအေကို ပြောကြားခဲ့ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကတော့ NUG ဦးဆောင်တဲ့ ခုခံတော်လှန်ရေးကို အမြန်ဆုံး အဆုံးသတ်နိုင်ရေးအတွက် အဖြစ်နိုင်ဆုံးနည်းလမ်းတွေကို ရှာဖွေ နေကြောင်းလည်း ဗြိတိန်ခရီးစဉ်အတွင်း ပြောသွားပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ရဲ့ လက်ရှိ နိုင်ငံတကာခရီးစဉ်တွေထဲ လာမယ့် သီတင်းပတ်ကုန်မှာတော့ အမေရိကန်ပြည်ထောင်စု နယူးရောက်မြို့မှာ မြန်မာနွယ်ဖွားတွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

XS
SM
MD
LG