အနာဂတ္ျမန္မာ့ႏိုင္ငံေရးေလာကမွာ စစ္တပ္အေနနဲ႔ အၿပီးတိုင္စြန္႔ခြာႏိုင္ေရးအတြက္ လက္႐ွိ တပ္မေတာ္ကို လုံးဝ ေျပာင္းလဲပစ္ဖို႔ လိုအပ္ေနေၾကာင္း CDM ဗိုလ္ႀကီးျဖစ္တဲ့ ကိုညီသုတက ဗြီအိုေအကိုေျပာပါတယ္။ အ႐ွိန္အဟုန္ႀကီးမားတဲ့ CDM အာဏာဖီဆန္ေရးလႈပ္႐ွားမႈမွာ ပါဝင္ခဲ့ၾကတဲ့ CDM တပ္မေတာ္သားေတြရဲ႕ ေနာက္ဆုံးအေျခအေနနဲ႔ ပတ္သက္လို႔ CDM ဗိုလ္ႀကီးျဖစ္တဲ့ ကိုညီသုတကို မအင္ၾကင္းႏိုင္ ဆက္သြယ္ေမးျမန္းထားပါတယ္။
မဂၤလာပါ။ ျမန္မာ့ဒီမိုကေရစီေရးရာ အစီအစဥ္ကေန ႀကိဳဆိုပါတယ္။ ဒီတႀကိမ္ စစ္အာဏာသိမ္းမႈကို ဆန္႔က်င္လႈပ္ရွားမႈေတြထဲမွာ CDM အာဏာဖီဆန္ေရး လႈပ္ရွားမႈဟာ တတိုင္းတျပည္လံုး အရိွန္အဟုန္ ႀကီးမားခဲ့ပါတယ္။ အထူးသျဖင့္ စစ္တပ္ကေန စြန္႔ခြါထြက္လာသူ အေရအတြက္ဟာ အနည္းဆံုး သံုးေထာင္ေက်ာ္အထိ ရိွခဲ့တာပါ။ ဒါဟာ ျမန္မာ့စစ္တပ္သမုိင္းမွာ မႀကံဳစဖူးတဲ့ အေျခအေန ျဖစ္ပါတယ္။ ဒါေၾကာင့္ စစ္အာဏာသိမ္း (၂) ႏွစ္ျပည့္လာခ်ိန္ CDM တပ္မေတာ္သားေတြရဲ ႔ ရပ္တည္ခ်က္ ေနာက္ဆံုးအေျခအေနေတြကို သိရေအာင္လို႔ CDM ဗိုလ္ႀကီးတဦးျဖစ္တဲ့ ကိုညီသုတကို ဆက္သြယ္ေမးျမန္းထားပါတယ္။
ေမး ။ ။ မဂၤလာပါ ကိုညီသုတ။ အခု စစ္ေကာင္စီက သူတုိ႔စစ္အာဏာသိမ္းတဲ့ (၂) ႏွစ္ျပည့္အခ်ိန္မွာ သူတုိ႔ရဲ ႔ စစ္အုပ္ခ်ဳပ္ေရးသက္တမ္းကို ထပ္ၿပီးေတာ့ တုိးလိုက္ပါတယ္။ အဲဒီေတာ့ ဒီလိုတိုးလိုက္တဲ့အေပၚမွာ ကိုညီသုတရဲ ႔ အျမင္ ဘယ္လိုရိွပါသလဲရွင့္။
ေျဖ ။ ။ မဂၤလာပါ။ စစ္အုပ္ခ်ဳပ္ေရးကေတာ့ သူတုိ႔အတြက္ ေနာက္ဆံုးအဆင့္ပဲ ျဖစ္ပါတယ္။ စစ္အုပ္ခ်ဳပ္ေရးၿပီးရင္ ဘာမွလုပ္စရာ မရိွေတာ့ဘူး။ လက္နက္ခ်ဖို႔ပဲ ရိွေတာ့တယ္။ ဒါေၾကာင့္မို႔ စစ္အုပ္ခ်ဳပ္ေရး ေၾကညာလိုက္တာသည္ လက္ရိွ အဲဒီနယ္ေျမေတြမွာ မစိုးမိုးႏုိင္ဘူး။ အုပ္ခ်ဳပ္လို႔ မရႏုိင္ဘူးဆိုတာကို ဝန္ခံလိုက္တာပဲ ျဖစ္ပါတယ္။ ဒီပမာဏကို ၾကည့္မယ္ဆိုရင္လည္း ၿမိဳ ႔နယ္ေပါင္း သံုးဆယ္နီးပါး ျဖစ္ပါတယ္။ ဒါက ျမန္မာႏုိင္ငံရဲ ႔ ဆယ္ရာခိုင္ႏႈန္းနီးပါး ျဖစ္ပါတယ္။ ဒါေပမဲ့ တကယ္တမ္းၾကေတာ့ တုိင္းနဲ႔ျပည္နယ္အရဆုိရင္ ဒါက ပမာဏ ေတာ္ေတာ္ေလး ႀကီးပါတယ္။ ဥပမာ ရန္ကုန္တုိင္း၊ မႏၱေလးတုိင္းတုိ႔လို ၿမိဳ ႔နယ္မ်ားတဲ့ တုိင္းေတြကို ဖယ္လုိက္မယ္ဆိုရင္ လက္ရိွ ေၾကညာထားသည့္ဟာေတြသည္ တုိင္းနဲ႔ျပည္နယ္မွာ အမ်ားႀကီး ျဖစ္ေနပါတယ္။ ဒါေၾကာင့္မို႔ သူတုိ႔သည္ တုိင္းနဲ႔ျပည္နယ္အရတြက္မယ္၊ အခ်ဳိးအစားအရ တြက္မယ္ဆိုရင္ ျမန္မာႏိုင္ငံရဲ ႔ တဝက္နီးပါးေလာက္ဟာ သူတုိ႔အေနနဲ႔ ထိန္းခ်ဳပ္လို႔ မရေတာ့ဘူး။ သူတုိ႔ရဲ ႔ အုပ္ခ်ဳပ္မႈေအာက္မွာ မရိွေတာ့ဘူးဆိုတာကို သူတုိ႔ကိုယ္တုိင္ ဝန္ခံလိုက္တာ ျဖစ္ပါတယ္။
ေမး ။ ။ CDM တပ္မေတာ္သားေတြရဲ ႔ လႈပ္ရွားမႈက စစ္ေကာင္စီေပၚမွာ အက်ဳိးသက္ေရာက္မႈေတြ၊ အဲဒီအတိုင္းအတာေကာ ဘယ္ေလာက္အထိ ရိွသလဲ။
ေျဖ ။ ။ ပထမဦးဆံုးေတာ့ ၿပီးခဲ့တဲ့ကာလအတြင္းမွာဆိုရင္ တရားဝင္ ေပၚေပၚထင္ထင္ လႈပ္ရွားၿပီးေတာ့ ထြက္လာတဲ့ အေရအတြက္ေတြဟာ သံုးေထာင္ဝန္းက်င္ ရိွပါတယ္။ ၿပီးေတာ့ မထင္မရွားနဲ႔ CDM အေနနဲ႔ မဟုတ္ဘူး၊ ဒါေပမဲ့ လက္ရိွ တပ္ထဲက အေျခအေနကို စိတ္ပ်က္ၿပီးေတာ့ ထြက္လာတဲ့ အေရအတြက္ေတြကလည္း ေထာင္ေပါင္းမ်ားစြာ ရိွပါတယ္။ အဲဒီရဲ ႔ သက္ေရာက္မႈေတြက အဓိက ဘာလဲဆိုေတာ့ စစ္တပ္ကို သူတုိ႔ရဲ ႔ စစ္သားေတြကိုယ္တုိင္၊ တပ္မေတာ္သားေတြ ကိုယ္တိုင္ကိုယ္က လက္မခံေတာ့ဘူးဆိုတာကို ျပသလိုက္တာ ျဖစ္ပါတယ္။ အေရအတြက္အားျဖင့္ေကာ၊ လႈပ္ရွားမႈအားျဖင့္ေကာ ၾကည့္မယ္ဆိုရင္ သမုိင္းမွာ အႀကီးမားဆံုး သက္ေသျပမႈတခု ျဖစ္ပါတယ္။ အရင္တုန္းကလည္း ရိွခဲ့ေပမဲ့ အခု ဒီမွာပါဝင္ခဲ့ၾကသူေတြဟာ လက္ရိွ ေတာ္လွန္ေရးနဲ႔အတူ အဆံုးအထိ ပါဝင္ၾကသလို၊ အင္အားကလည္း မ်ားပါတယ္။
ေမး ။ ။ အခု ဒီတႀကိမ္ စစ္အာဏာသိမ္းတဲ့အခ်ိန္မွာ စစ္တပ္ကေန ထြက္လာတဲ့လူ ကိုညီသုတတုိ႔အပါအဝင္ ထြက္လာတဲ့လူေတြ အေရအတြက္က ဘာေၾကာင့္ ဒီေလာက္မ်ားတာလဲရွင့္။
ေျဖ ။ ။ အဲဒါကေတာ့ ဒီမိုကေရစီအစိုးရေၾကာင့္လို႔ပဲ ေျပာရမွာ ျဖစ္ပါတယ္။ ၿပီခဲ့တဲ့ ၁၀ ႏွစ္မွာ ဒီမိုကေရစီနဲ႔ ပတ္သက္ၿပီးေတာ့ လမ္းစေတြ ျမင္တယ္။ ေနာက္တခါ ဆက္သြယ္ေရးေၾကာင့္လည္း ပါပါတယ္။ ဒီေခတ္မွာ ကမၻာႀကီးကို လွမ္းၾကည့္လို႔ ရေနၿပီ။ က်ေနာ္တို႔ေဘးမွာရိွေနတဲ့ ႏုိင္ငံေတြမွာရိွေနတဲ့ ႏုိင္ငံသားေတြ ဘယ္လိုမ်ဳိး ျဖတ္သန္းေနတယ္ဆိုတာကို က်ေနာ္တုိ႔ကိုယ္တိုင္ ပညာတတ္လာၾကၿပီ။ ဒါကလည္း တေၾကာင္း ျဖစ္ပါတယ္။ ေနာက္တခုၾကေတာ့ ေတာ္လွန္ေရးအရိွန္ေၾကာင့္ ျဖစ္ပါတယ္။ အရင္တုန္းကလူေတြက ပါဝင္ခ်င္ၾကတယ္။ ပါလည္းပါၾကပါတယ္။ သို႔ေသာ္ သူတုိ႔ဆက္ၿပီးေတာ့ မပါဝင္ႏိုင္ၾကဘူး။ အခုၾကေတာ့ ေတာ္လွန္ေရးအရိွန္္ဟာ စကတည္းကေန ပံုသ႑ာန္ ေျပာင္းသြားတာပဲ ရိွတယ္။ ပထမ က်ေနာ္တုိ႔ အၾကမ္းမဖက္ လႈပ္ရွားမႈအေနနဲ႔ သြားတဲ့အခ်ိန္မွာလည္း အင္အားအင္မတန္ေကာင္းတယ္။ ေနာက္ပိုင္းမွာေတာ့ လက္နက္ကိုင္လမ္းစဥ္ကို သြားတဲ့အခါမွာ အစပိုင္းမွာေတာ့ မသိသာေပမဲ့ အခု (၁) ႏွစ္၊ (၂) ႏွစ္ၾကာတဲ့အခ်ိန္မွာ အရိွန္တျဖည္းျဖည္း ႀကီးလာတယ္။ အဲဒီ့သက္ေရာက္မႈေၾကာင့္ပဲ သူတုိ႔အထဲထဲမွာ ဆက္ေနဖို႔ရာ အဆင္မေျပဘူးဆိုတာကို သိလာတဲ့အတြက္ေၾကာင့္ ရဲနဲ႔ စစ္သားေပါင္း ႏွစ္ေသာင္းေက်ာ္၊ သံုးေသာင္းနီးပါးအထိ ထြက္လာတယ္။ ဒါဟာ အင္မတန္မ်ားျပားတဲ့ ပမာဏ ျဖစ္ပါတယ္။ ဒီပမာဏ ထြက္လာရျခင္း အဓိက အေၾကာင္းရင္းႏွစ္ခ်က္ကေတာ့ တခ်က္ကေတာ့ သူတုိ႔ကိုယ္တိုင္ ပညာတတ္လာတယ္။ ဒုတိယအခ်က္ကေတာ့ စစ္တပ္ဟာ ရွံဳးေနတာေၾကာင့္။
ေမး ။ ။ ေနာက္ၿပီးေတာ့ စစ္တပ္က ထြက္လာတဲ့ လူေတြကို ၾကည့္မယ္ဆိုလည္း ဗိုလ္ႀကီးနဲ႔ အဆင့္ေတြထဲမွာ စစ္သား၊ တပ္သား အဆင့္လိုက္ေတြရိွတဲ့ေနရာမွာ တကယ့္ကို အဆင့္ျမင့္တဲ့အရာရိွေတြ မပါဘူးဆိုတဲ့ အေနအထားကို ၾကည့္မယ္ဆိုရင္ေကာ ဘာေၾကာင့္ သူတုိ႔တပ္ပိုင္းမွာ အဆင့္ျမင့္အရာရိွေတြပိုင္းက စြန္႔ခြါတဲ့လူေတြ မရိွတာလဲရွင့္။
ေျဖ ။ ။ ဒါကေတာ့ ႏွစ္ခ်က္ရိွတာေပါ့။ တခ်က္ကေတာ့ ရာထူးအရမ္းႀကီးတဲ့ သူေတြမွာေတာ့ မတရားသျဖင့္ ရထားတဲ့ ပိုင္ဆုိင္မႈေတြ ရိွတယ္။ အဲဒီပိုင္ဆိုင္မႈေတြသည္ ေသခ်ာတယ္။ သူတို႔လုပ္လိုက္တယ္ဆိုတာနဲ႔ လက္ရိွရိွေနတဲ့ စစ္တပ္က အႀကီးအကဲေတြက သိမ္းတယ္။ အဲဒီအခါမွာ သူတုိ႔ရဲ ႔ကိုယ္ပိုင္အစြမ္းအစနဲ႔ ရပ္တည္ဖို႔ရာ သူတုိ႔မွာ အရည္အေသြးလည္း မရိွဘူး။ အရည္အခ်င္းလည္း မရိွဘူး။ ဆိုေတာ့ သူတုိ႔ေတြက အဲဒီအရာကို ဆံုးရွံဳးဖို႔ကို ေၾကာက္ပါတယ္။ ေနာက္တခါ တခ်ဳိ ႔သူေတြက ဘာျဖစ္သလဲဆိုေတာ့ ဖ်က္ဆီးခံလိုက္ရတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ စစ္တပ္ထဲမွာ ဘုရင္စနစ္လိုပဲ - လက္ေအာက္ငယ္သားေတြနဲ႔ အရာရိွေတြၾကားမွာ သူတုိ႔ရဲ ႔ ေဝယ်ာဝစၥေတြ လုပ္ေပးတာအစ၊ အဲဒီလို ဘဝေတြနဲ႔ပဲ ေနရတယ္။ ေနရတဲ့အခါၾကေတာ့ ၿပီးခဲ့တဲ့လပိုင္းေတြမွာဆိုရင္ ယာယီတပ္ရင္းမွဴးတေယာက္ လာပါတယ္။ ထြက္လာတယ္။ ထြက္လာတဲ့အခ်ိန္မွာ သူ႔အတြက္ကို စားဖို႔ေတြ၊ ေနဖို႔ထိုင္ဖို႔ေတြ စီစဥ္ေပးေနေပမဲ့ သူ႔အေနနဲ႔ ဘယ္လိုခံစားေနရသလဲဆိုေတာ့ သူ႔ဘဝႀကီး နိမ့္သြားတယ္လို႔ ခံစားရတယ္။ ဘာျဖစ္လုိ႔လဲဆိုေတာ့ သူအရင္တုန္းကရထားတဲ့ ရာထူးရဲ ႔ စည္စိမ္ေတြက သူ႔အတြက္ အပိုလို႔ျဖစ္ေနတယ္။ လက္ရိွအခ်ိန္မွာေတာ့ သူ႔ေဘးနားမွာ ဘယ္သူမွခယေနတာ မရိွေတာ့ဘူး။ ဒါကေတာ့ ပံုမွန္ကမၻာ။ ဒီလိုပံုမွန္ကမၻာမွာ ေနႏုိင္ဖို႔ ေနႏိုင္ေလာက္ေအာင္ မေနႏိုင္ေတာ့ေလာက္ေအာင္ ဦးေႏွာက္ေတြက ဖ်က္ဆီးျခင္းခံထားရတယ္။ အဓိကအေၾကာင္းရင္းက ႏွစ္ခ်က္ပါ။ သူတုိ႔သည္ သူတုိ႔ပိုင္ဆိုင္မႈေတြ ဆံုးရွံဳးမႈေတြတေၾကာင္း။ အဲဒါကေတာ့ အင္မတန္ ရာထူးႀကီးတဲ့လူေတြ - သူတုိ႔ေတြက အင္မတန္ခ်မ္းသာၾကြယ္ဝၾကတယ္။ ဒါေတြကို ဆံုးရွံဳးမခံႏိုင္ဘူး။ ေနာက္တခုက သူတုိ႔ဦးေနွာက္ေတြက ဖ်က္ဆီးခံထားရတယ္။ ပံုမွန္အလုပ္ေတာင္ သူတုိ႔ မလုပ္ႏုိင္ေတာ့ဘူး။ ပံုမွန္လူေတြနဲ႔ တန္းတူမဟုတ္ဘူးဆိုတဲ့ အယူအမွားေတြ ရိုက္သြင္းခံထားရတဲ့အခါမွာ ပံုမွန္လူတေယာက္လုပ္တဲ့ ကိုယ့္ဘာသာကိုယ္ စားဖုိ႔ စီမံတယ္၊ ကိုယ့္အဝတ္ကိုယ္ေလွ်ာ္တယ္။ ေဆးဝယ္ရင္ တန္းစီးတယ္။ ဒါေတြကိုေတာင္ လုပ္ဖို႔ရာ ဦးေႏွာက္ေတြက ပံုမွန္စြမ္းေဆာင္ရည္ မရိွေတာ့တဲ့အခါမွာ သူတုိ႔သည္ ဒီလိုမ်ဳိးလုပ္ဖို႔ စိတ္သတိၱအရေကာ၊ ဥာဏ္ပညာအရေကာ မရိွေတာ့တာ။
ေမး ။ ။ အဲဒီေတာ့ အခုတုိင္းျပည္ကို ျပန္ၿပီးေတာ့ တည္ေဆာက္တဲ့အခါမွာ ဒီစစ္အာဏာသိမ္းမႈကို ဆန္႔က်င္လႈပ္ရွားေနတဲ့ အဖြဲ႔အစည္းေတြေကာ၊ ႏုိင္ငံေရးအဖြဲ႔ေတြေကာ လူထုပိုင္းကျမင္တာက လက္ရိွစစ္တပ္ကို ေျပာင္းကိုေျပာင္းလဲရမယ္ဆိုတဲ့ အျမင္ေတြ ရိွေနတဲ့အခါၾကေတာ့ ကိုညီသုတတို႔အေနနဲ႔ အဲဒီလို စစ္တပ္ျပဳျပင္ေျပာင္းလဲေရးအပိုင္းကို ဘယ္လိုျမင္ပါသလဲရွင့္။
ေျဖ ။ ။ လက္ရိွကေတာ့ စစ္တပ္က ျပဳျပင္ေျပာင္းလဲေရးလမ္းေၾကာင္း သြားလို႔မရေတာ့ဘူး။ ဒါကေတာ့ ေသခ်ာသြားၿပီ။ က်ေနာ္ ပထမပိုင္းမွာ ပထမတႏွစ္ေလာက္မွာေတာ့ ေမွ်ာ္လင့္ၾကည့္တယ္။ ေနာက္တခါ ရႏုိင္မလားလို႔ လမ္းေၾကာင့္ဖြင့္ေပးခဲ့တယ္။ အခုဆို (၂) ႏွစ္ေက်ာ္သြားတဲ့အခါမွာ တိုင္းျပည္မွာ ဆံုးရွံုးမႈကလည္း အင္မတန္ႀကီးသြားၿပီ။ နစ္နာမႈေတြကလည္း ႀကီးၿပီ။ ေနာက္တခါ စစ္တပ္ရဲ ႔ အသိတရာ မရေတာ့ဘူးဆိုတဲ့ဟာလည္း ျပည္သူေတြအားလံုးရဲ ႔ၾကားထဲမွာ ခိုင္မာသြားၿပီ။ ဒီလိုပဲ ႏိုင္ငံေရးအရေသာ္လည္းေကာင္း၊ တုိင္းရင္းသားလက္နက္ကိုင္အဖြဲ႔ေတြမွာလည္း ဒီလုိပါပဲ။ တခ်ဳိ ႔ေသာ တုိင္းရင္းသားလက္နက္ကိုင္အဖြဲ႔ေတြဆိုရင္ သတိထားမိပါလိမ့္မယ္။ သူတုိ႔စစ္တပ္သည္ ဒီေလာက္အထိ လမ္းဆိုးဆိုးကို ေလွ်ာက္တန္မေကာင္းေသးဘူး။ အာဏာသိမ္းေလာက္တဲ့အဆင့္သာ လုပ္မယ္။ အခုလိုမ်ဳိး ကိုယ့္ရဲ ႔ျပည္မမွာ ရိွေနတဲ့ ျပည္သူေတြကိုေတာင္ သတ္ႏုိင္ဖြယ္မရိွဘူးဆိုကာ ေစာင့္ၾကည့္တဲ့ကာလေတြ ေပးခဲ့တာ ရိွပါတယ္။ တခ်ဳိ ႔တုိင္းရင္းသားအဖြဲ႔အစည္းေတြက။ ဒါေပမဲ့ သူတုိ႔ကိုယ္တုိင္ ဘာကိုနားလည္လာသလဲဆိုရင္ စစ္တပ္က ဘယ္လိုမွ ေျပာင္းလဲႏုိင္ဖြယ္ မရိွေတာ့ဘူး။ သူတုိ႔ သေႏၶကိုက၊ သူတုိ႔ရဲ ႔ မ်ဳိးရိုးဗီဇကိုယ္က လံုးဝကို အသစ္ျပန္လုပ္ရမယ့္ အေနအထားမ်ဳိး ျဖစ္သြားတယ္။ ႏွစ္ေပါင္းမ်ားစြာ အယူဝါဒအမွားေတြ၊ ေနာက္တခါ စံႏႈန္းနိမ့္တဲ့ တန္းဖိုးေတြနဲ႔ ရွင္သန္တဲ့ အဖြဲ႔အစည္း ျဖစ္သြားတဲ့အခါမွာ ေျပာင္းလဲဖို႔က ဘယ္လိုမွ မျဖစ္ႏိုင္ေတာ့ဘူး။ ဒါေၾကာင့္မို႔ လံုးဝကို အစားထိုးရမယ့္ အေနအထား ျဖစ္လာခဲ့တယ္။
ေမး ။ ။ တဘက္မွာၾကေတာ့ စစ္တပ္မွာ လက္နက္ရိွေနတယ္။ အၿမဲတမ္းလည္း သူတုို႔ဟာ လက္နက္အားကိုးနဲ႔ တိုင္းျပည္ကို အုပ္ခ်ဳပ္ေနတယ္ဆိုတဲ့ လက္ခံထားတဲ့ သူေတြဘက္က်ေတာ့ ဒီလိုတုိင္းျပည္ျပန္ၿပီးေတာ့ ေျပာင္းလဲေရးအတြက္က စစ္တပ္နဲ႔ ပူးေပါင္းရမယ္။ စစ္တပ္နဲ႔ ပူးေပါင္းေဆာင္ရြက္ရမယ္ဆိုတဲ့ သေဘာထားအျမင္ေတြလည္း ရိွေနၾကတယ္။ ဒီအေပၚမွာ ကိုညီသုတရဲ ႔ သံုးသပ္ခ်က္ ဘယ္လိုရိွပါသလဲရွင့္။
ေျဖ ။ ။ ဒါဆိုရင္ေတာ့ သမိုင္းကိုပဲ ျပန္ၾကည့္ရမယ္။ သမိုင္းမွာဆိုလည္း ၁၉၉၀ ေရြးေကာက္ပြဲ မေအာင္မျမင္ ျဖစ္တယ္။ ရလဒ္ လံုးဝအဆင္မေျပဘူး။ ၿပီးေတာ့ ျပဳျပင္ေျပာင္းလဲေရးဆိုၿပီးေတာ့ ၂၀၁၀ မွာ အစိုးရအဖြဲ႔ ဖြဲ႔ခဲ့တယ္။ အဲဒီအခ်ိန္မွာ ျပည္သူဘက္က ကိုယ္စားလွယ္ေတြ တင္းျပည့္က်ပ္ျပည့္ မပါႏုိင္ေပမယ့္ ျပဳျပင္္ေျပာင္းလဲေရး လမ္းေၾကာင္းကို သြားတယ္လို႔ေတာ့ ေျပာလို႔ရပါတယ္။ ဆိုေတာ့ အဲဒီကာလေတြမွာ ယံုၾကည္ေပးခဲ့ၾကတယ္။ ျပည္သူေတြ၊ ႏုိင္ငံေရးအစုအဖြဲ႔ေတြ။ သို႔ေသာ္ ၂၀၂၀ ေရြးေကာက္ပြဲ ရလဒ္ၿပီးတဲ့အခါမွာ သူတုိ႔ အလားတူပဲ ဒီပံုစံကိုပဲ ျပန္ေလွ်ာက္တယ္။ ေလွ်ာက္တဲ့အခါၾကေတာ့ သူတို႔ရဲ ႔ သြားခ်င္တဲ့ပံုစံသည္ လက္နက္ရိွတဲ့ အဖြဲ႔အစည္းက တုိင္းျပည္မွာပဲ အခုလိုပဲ ဥပေဒျပဳအာဏာ၊ အုပ္ခ်ဳပ္ေရးအာဏာ၊ တရားစီရင္ေရးအာဏာေတြကို ကိုင္စြဲခ်င္တယ္။ ဒါေတြကို ခ်ယ္လွယ္ခ်င္တယ္ဆိုတဲ့ အယူအဆက လံုးဝမပ်က္သြားဘူး။ ဒါေတြက ႏုိင္ငံအတြက္ လံုးဝမေကာင္းဘူး။ ဒါကိုဆက္ၿပီးေတာ့သြားေန၊ ဒီလမ္းေၾကာင္းထဲကေန ဆက္ၿပီးေတာ့ ညိွႏိႈင္းတယ္ဆိုရင္ ဒီကစားပြဲက ဒီအတိုင္းပဲ အလားတူထပ္ျဖစ္သြားလိမ့္မယ္။ သူတုိ႔ အလိုမက်တိုင္း၊ သူတုိ႔ စိတ္ထဲမွာ အဆင္မေျပတိုင္း၊ အရင္ေလွ်ာက္ခဲ့တဲ့လမ္းအေဟာင္း၊ လမ္းအမွားကိုပဲ ဆက္ေလွ်ာက္လိမ့္မယ္။ ဒါေတြက ရပ္တန္႔ဖို႔အခ်ိန္ တန္လာၿပီ။ ဒီလိုေျပာျခင္းက စစ္တပ္နဲ႔ လံုးဝအေပးအယူ မလုပ္ဘူး မဟုတ္ဘူး။ စစ္တပ္သည္ သူတုိ႔ လံုးဝျပဳျပင္ေျပာင္းလဲဖို႔အတြက္ ဝန္ခ်ေတာင္းပန္တာေတြ၊ အာမခံတာေတြ၊ စစ္တပ္ရဲ ႔အေပၚမွာ ႏုိင္ငံေတာ္ရဲ ႔ အစိုးရတရပ္က လံုးဝထိန္းခ်ဳပ္မႈရိွတဲ့ အေျခအေနမ်ဳိးဆိုရင္ေတာ့ စစ္တပ္သည္ လံုးဝဖ်က္ဆီးစရာ မလုိဘဲ၊ ျပဳျပင္ေျပာင္းလဲလို႔ရတဲ့ ပံုစံ ျဖစ္သြားပါလိမ့္မယ္။ သို႔ေသာ္ အဲဒီအေျခအေန မဟုတ္ဘဲနဲ႔၊ နဂိုလိုပဲ ညိွႏိႈင္းလို႔ရတဲ့အခါေတာ့ ဒီျပႆနာေတြ ေျပလည္သြားႏုိင္မယ္လို႔ မထင္ဘူး။
ေမး ။ ။ ႏုိင္ငံတကာရဲ ႔ ပါဝင္မႈအခန္းက႑ - အေနာက္ႏုိင္ငံေတြ၊ ေနာက္တခါ လံုၿခံဳေရးေကာင္စီ၊ ကုလသမဂၢ - ဒါေတြကေန ျမန္မာ့ႏုိင္ငံေရးမွာ သူတုိ႔ ကူညီပါဝင္ေဆာင္ရြက္ေနတဲ့ အေျခအေနနဲ႔ ပတ္သက္ၿပီးေတာ့ ကိုညီသုတရဲ ႔အျမင္ ဘယ္လိုရိွသလဲရွင့္။
ေျဖ ။ ။ ဒီအေျခအေနကာလမွာေတာ့ တျဖည္းျဖည္း အေတာ္ေလးကို အားရဖို႔ေကာင္းပါတယ္။ ဆိုေတာ့ အေနာက္မွာဆိုရင္ တရုတ္ၾသဇာႀကီးတဲ့ အေမရိကန္ႏုိင္ငံလို ႏိုင္ငံမ်ဳိးက မီးစိမ္းျပလိုက္တဲ့အခါ တျခားသက္ေရာက္မႈမ်ားစြာ ျဖစ္ေပၚလာပါတယ္။ ဒီရက္ပိုင္းအတြင္းမွာပဲ အာဆီယံမွာဆိုရင္ အင္ဒိုနီးရွားဘက္ကဆိုရင္ လက္ရိွ အာဆီယံေဆြးေႏြးပြဲေတြမွာ NUG ကို NUG မွာရိွတဲ့ ဝန္ႀကီးေတြကို စကားဝိုင္းးေတြမွာ သူတို႔ရဲ ႔အျမင္ေတြကို ေျပာဆိုေဆြးေႏြးခြင့္ ရိွသင့္တယ္လို႔ တရားဝင္ထုတ္ေဖာ္ေျပာဆိုလာပါတယ္။ ေနာက္တခါ တျခားေဒသတြင္းမွာဆိုလည္း စကၤာပူလိုႏုိင္ငံမ်ဳိးဆိုရင္ စစ္ဗိုလ္ခ်ဳပ္ေတြ ပါဝင္တဲ့ ဘယ္ေဆြးေႏြးပြဲမဆို မတက္ဘူးဆိုတဲ့ သေဘာထားေတြ ထုတ္ျပန္ၾကတယ္။ ႏုိင္ငံတကာရပ္ဝန္းက ျမန္မာ့အေရးေပၚမွာ အာရံုစိုက္မႈက တျဖည္းျဖည္းေကာင္းလာတယ္လို႔ ျမင္ပါတယ္။ ေနာက္တခါ အရင္တုန္းက ႏွစ္ဘက္ခြၿပီးေတာ့ ကစားေနတဲ့ တရုတ္လိုႏုိင္ငံမ်ဳိးေတြေတာင္ စစ္ေကာင္စီဘက္မွာ ရပ္လိုက္ျခင္းအားျဖင့္ သူတုိ႔အတြက္ အက်ဳိးမရိွဘူးဆိုတာ သိလိုကအခါမွာ စစ္ေကာင္စီအတြက္ တခ်ဳိ ႔အရာေတြ မရပ္တည္းေပးခဲ့တဲ့ အခ်ိန္ေတြလည္း ဒီလပိုင္းအတြင္းမွာ ျဖစ္ပါတယ္။ ႏုိင္ငံတကာရဲ ႔ ေထာက္ပံ့မႈ၊ အခုလက္ရိွ ႏုိင္ငံတကာရဲ ႔ ရပ္တည္ခ်က္ဟာ အေျပာင္းအလဲေပၚမွာ အင္မတန္သက္ေရာက္မႈ ႀကီးပါတယ္။ သူတုိ႔ရဲ ႔ ရပ္တည္ခ်က္၊ သူတုိ႔ရဲ ႔ ေပးတဲ့ ခြန္အားေတြေၾကာင့္လည္း ျပည္သူေတြဟာ ပိုၿပီးေတာ့ အခက္အခဲေတြကို ရင္ဆိုင္ေက်ာ္လႊာဖို႔အတြက္ အင္အားေတြရိွလာၿပီး အခုလို အရိွန္အဟုန္နဲ႔ ဆက္သြားဖို႔ ျဖစ္လာပါတယ္။
======= Unicode =====
အနာဂတ်မြန်မာ့နိုင်ငံရေးလောကမှာ စစ်တပ်အနေနဲ့ အပြီးတိုင်စွန့်ခွာနိုင်ရေးအတွက် လက်ရှိ တပ်မတော်ကို လုံးဝ ပြောင်းလဲပစ်ဖို့ လိုအပ်နေကြောင်း CDM ဗိုလ်ကြီးဖြစ်တဲ့ ကိုညီသုတက ဗွီအိုအေကိုပြောပါတယ်။ အရှိန်အဟုန်ကြီးမားတဲ့ CDM အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတဲ့ CDM တပ်မတော်သားတွေရဲ့ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ CDM ဗိုလ်ကြီးဖြစ်တဲ့ ကိုညီသုတကို မအင်ကြင်းနိုင် ဆက်သွယ်မေးမြန်းထားပါတယ်။
မင်္ဂလာပါ။ မြန်မာ့ဒီမိုကရေစီရေးရာ အစီအစဉ်ကနေ ကြိုဆိုပါတယ်။ ဒီတကြိမ် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်လှုပ်ရှားမှုတွေထဲမှာ CDM အာဏာဖီဆန်ရေး လှုပ်ရှားမှုဟာ တတိုင်းတပြည်လုံး အရှိန်အဟုန် ကြီးမားခဲ့ပါတယ်။ အထူးသဖြင့် စစ်တပ်ကနေ စွန့်ခွါထွက်လာသူ အရေအတွက်ဟာ အနည်းဆုံး သုံးထောင်ကျော်အထိ ရှိခဲ့တာပါ။ ဒါဟာ မြန်မာ့စစ်တပ်သမိုင်းမှာ မကြုံစဖူးတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒါကြောင့် စစ်အာဏာသိမ်း (၂) နှစ်ပြည့်လာချိန် CDM တပ်မတော်သားတွေရဲ့ ရပ်တည်ချက် နောက်ဆုံးအခြေအနေတွေကို သိရအောင်လို့ CDM ဗိုလ်ကြီးတဦးဖြစ်တဲ့ ကိုညီသုတကို ဆက်သွယ်မေးမြန်းထားပါတယ်။
မေး ။ ။ မင်္ဂလာပါ ကိုညီသုတ။ အခု စစ်ကောင်စီက သူတို့စစ်အာဏာသိမ်းတဲ့ (၂) နှစ်ပြည့်အချိန်မှာ သူတို့ရဲ့ စစ်အုပ်ချုပ်ရေးသက်တမ်းကို ထပ်ပြီးတော့ တိုးလိုက်ပါတယ်။ အဲဒီတော့ ဒီလိုတိုးလိုက်တဲ့အပေါ်မှာ ကိုညီသုတရဲ့ အမြင် ဘယ်လိုရှိပါသလဲရှင့်။
ဖြေ ။ ။ မင်္ဂလာပါ။ စစ်အုပ်ချုပ်ရေးကတော့ သူတို့အတွက် နောက်ဆုံးအဆင့်ပဲ ဖြစ်ပါတယ်။ စစ်အုပ်ချုပ်ရေးပြီးရင် ဘာမှလုပ်စရာ မရှိတော့ဘူး။ လက်နက်ချဖို့ပဲ ရှိတော့တယ်။ ဒါကြောင့်မို့ စစ်အုပ်ချုပ်ရေး ကြေညာလိုက်တာသည် လက်ရှိ အဲဒီနယ်မြေတွေမှာ မစိုးမိုးနိုင်ဘူး။ အုပ်ချုပ်လို့ မရနိုင်ဘူးဆိုတာကို ဝန်ခံလိုက်တာပဲ ဖြစ်ပါတယ်။ ဒီပမာဏကို ကြည့်မယ်ဆိုရင်လည်း မြို့နယ်ပေါင်း သုံးဆယ်နီးပါး ဖြစ်ပါတယ်။ ဒါက မြန်မာနိုင်ငံရဲ့ ဆယ်ရာခိုင်နှုန်းနီးပါး ဖြစ်ပါတယ်။ ဒါပေမဲ့ တကယ်တမ်းကြတော့ တိုင်းနဲ့ပြည်နယ်အရဆိုရင် ဒါက ပမာဏ တော်တော်လေး ကြီးပါတယ်။ ဥပမာ ရန်ကုန်တိုင်း၊ မန္တလေးတိုင်းတို့လို မြို့နယ်များတဲ့ တိုင်းတွေကို ဖယ်လိုက်မယ်ဆိုရင် လက်ရှိ ကြေညာထားသည့်ဟာတွေသည် တိုင်းနဲ့ပြည်နယ်မှာ အများကြီး ဖြစ်နေပါတယ်။ ဒါကြောင့်မို့ သူတို့သည် တိုင်းနဲ့ပြည်နယ်အရတွက်မယ်၊ အချိုးအစားအရ တွက်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ တဝက်နီးပါးလောက်ဟာ သူတို့အနေနဲ့ ထိန်းချုပ်လို့ မရတော့ဘူး။ သူတို့ရဲ့ အုပ်ချုပ်မှုအောက်မှာ မရှိတော့ဘူးဆိုတာကို သူတို့ကိုယ်တိုင် ဝန်ခံလိုက်တာ ဖြစ်ပါတယ်။
မေး ။ ။ CDM တပ်မတော်သားတွေရဲ့ လှုပ်ရှားမှုက စစ်ကောင်စီပေါ်မှာ အကျိုးသက်ရောက်မှုတွေ၊ အဲဒီအတိုင်းအတာကော ဘယ်လောက်အထိ ရှိသလဲ။
ဖြေ ။ ။ ပထမဦးဆုံးတော့ ပြီးခဲ့တဲ့ကာလအတွင်းမှာဆိုရင် တရားဝင် ပေါ်ပေါ်ထင်ထင် လှုပ်ရှားပြီးတော့ ထွက်လာတဲ့ အရေအတွက်တွေဟာ သုံးထောင်ဝန်းကျင် ရှိပါတယ်။ ပြီးတော့ မထင်မရှားနဲ့ CDM အနေနဲ့ မဟုတ်ဘူး၊ ဒါပေမဲ့ လက်ရှိ တပ်ထဲက အခြေအနေကို စိတ်ပျက်ပြီးတော့ ထွက်လာတဲ့ အရေအတွက်တွေကလည်း ထောင်ပေါင်းများစွာ ရှိပါတယ်။ အဲဒီရဲ့ သက်ရောက်မှုတွေက အဓိက ဘာလဲဆိုတော့ စစ်တပ်ကို သူတို့ရဲ့ စစ်သားတွေကိုယ်တိုင်၊ တပ်မတော်သားတွေ ကိုယ်တိုင်ကိုယ်က လက်မခံတော့ဘူးဆိုတာကို ပြသလိုက်တာ ဖြစ်ပါတယ်။ အရေအတွက်အားဖြင့်ကော၊ လှုပ်ရှားမှုအားဖြင့်ကော ကြည့်မယ်ဆိုရင် သမိုင်းမှာ အကြီးမားဆုံး သက်သေပြမှုတခု ဖြစ်ပါတယ်။ အရင်တုန်းကလည်း ရှိခဲ့ပေမဲ့ အခု ဒီမှာပါဝင်ခဲ့ကြသူတွေဟာ လက်ရှိ တော်လှန်ရေးနဲ့အတူ အဆုံးအထိ ပါဝင်ကြသလို၊ အင်အားကလည်း များပါတယ်။
မေး ။ ။ အခု ဒီတကြိမ် စစ်အာဏာသိမ်းတဲ့အချိန်မှာ စစ်တပ်ကနေ ထွက်လာတဲ့လူ ကိုညီသုတတို့အပါအဝင် ထွက်လာတဲ့လူတွေ အရေအတွက်က ဘာကြောင့် ဒီလောက်များတာလဲရှင့်။
ဖြေ ။ ။ အဲဒါကတော့ ဒီမိုကရေစီအစိုးရကြောင့်လို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ ပြီခဲ့တဲ့ ၁၀ နှစ်မှာ ဒီမိုကရေစီနဲ့ ပတ်သက်ပြီးတော့ လမ်းစတွေ မြင်တယ်။ နောက်တခါ ဆက်သွယ်ရေးကြောင့်လည်း ပါပါတယ်။ ဒီခေတ်မှာ ကမ္ဘာကြီးကို လှမ်းကြည့်လို့ ရနေပြီ။ ကျနော်တို့ဘေးမှာရှိနေတဲ့ နိုင်ငံတွေမှာရှိနေတဲ့ နိုင်ငံသားတွေ ဘယ်လိုမျိုး ဖြတ်သန်းနေတယ်ဆိုတာကို ကျနော်တို့ကိုယ်တိုင် ပညာတတ်လာကြပြီ။ ဒါကလည်း တကြောင်း ဖြစ်ပါတယ်။ နောက်တခုကြတော့ တော်လှန်ရေးအရှိန်ကြောင့် ဖြစ်ပါတယ်။ အရင်တုန်းကလူတွေက ပါဝင်ချင်ကြတယ်။ ပါလည်းပါကြပါတယ်။ သို့သော် သူတို့ဆက်ပြီးတော့ မပါဝင်နိုင်ကြဘူး။ အခုကြတော့ တော်လှန်ရေးအရှိန်ဟာ စကတည်းကနေ ပုံသဏ္ဍာန် ပြောင်းသွားတာပဲ ရှိတယ်။ ပထမ ကျနော်တို့ အကြမ်းမဖက် လှုပ်ရှားမှုအနေနဲ့ သွားတဲ့အချိန်မှာလည်း အင်အားအင်မတန်ကောင်းတယ်။ နောက်ပိုင်းမှာတော့ လက်နက်ကိုင်လမ်းစဉ်ကို သွားတဲ့အခါမှာ အစပိုင်းမှာတော့ မသိသာပေမဲ့ အခု (၁) နှစ်၊ (၂) နှစ်ကြာတဲ့အချိန်မှာ အရှိန်တဖြည်းဖြည်း ကြီးလာတယ်။ အဲဒီ့သက်ရောက်မှုကြောင့်ပဲ သူတို့အထဲထဲမှာ ဆက်နေဖို့ရာ အဆင်မပြေဘူးဆိုတာကို သိလာတဲ့အတွက်ကြောင့် ရဲနဲ့ စစ်သားပေါင်း နှစ်သောင်းကျော်၊ သုံးသောင်းနီးပါးအထိ ထွက်လာတယ်။ ဒါဟာ အင်မတန်များပြားတဲ့ ပမာဏ ဖြစ်ပါတယ်။ ဒီပမာဏ ထွက်လာရခြင်း အဓိက အကြောင်းရင်းနှစ်ချက်ကတော့ တချက်ကတော့ သူတို့ကိုယ်တိုင် ပညာတတ်လာတယ်။ ဒုတိယအချက်ကတော့ စစ်တပ်ဟာ ရှုံးနေတာကြောင့်။
မေး ။ ။ နောက်ပြီးတော့ စစ်တပ်က ထွက်လာတဲ့ လူတွေကို ကြည့်မယ်ဆိုလည်း ဗိုလ်ကြီးနဲ့ အဆင့်တွေထဲမှာ စစ်သား၊ တပ်သား အဆင့်လိုက်တွေရှိတဲ့နေရာမှာ တကယ့်ကို အဆင့်မြင့်တဲ့အရာရှိတွေ မပါဘူးဆိုတဲ့ အနေအထားကို ကြည့်မယ်ဆိုရင်ကော ဘာကြောင့် သူတို့တပ်ပိုင်းမှာ အဆင့်မြင့်အရာရှိတွေပိုင်းက စွန့်ခွါတဲ့လူတွေ မရှိတာလဲရှင့်။
ဖြေ ။ ။ ဒါကတော့ နှစ်ချက်ရှိတာပေါ့။ တချက်ကတော့ ရာထူးအရမ်းကြီးတဲ့ သူတွေမှာတော့ မတရားသဖြင့် ရထားတဲ့ ပိုင်ဆိုင်မှုတွေ ရှိတယ်။ အဲဒီပိုင်ဆိုင်မှုတွေသည် သေချာတယ်။ သူတို့လုပ်လိုက်တယ်ဆိုတာနဲ့ လက်ရှိရှိနေတဲ့ စစ်တပ်က အကြီးအကဲတွေက သိမ်းတယ်။ အဲဒီအခါမှာ သူတို့ရဲ့ကိုယ်ပိုင်အစွမ်းအစနဲ့ ရပ်တည်ဖို့ရာ သူတို့မှာ အရည်အသွေးလည်း မရှိဘူး။ အရည်အချင်းလည်း မရှိဘူး။ ဆိုတော့ သူတို့တွေက အဲဒီအရာကို ဆုံးရှုံးဖို့ကို ကြောက်ပါတယ်။ နောက်တခါ တချို့သူတွေက ဘာဖြစ်သလဲဆိုတော့ ဖျက်ဆီးခံလိုက်ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်တပ်ထဲမှာ ဘုရင်စနစ်လိုပဲ - လက်အောက်ငယ်သားတွေနဲ့ အရာရှိတွေကြားမှာ သူတို့ရဲ့ ဝေယျာဝစ္စတွေ လုပ်ပေးတာအစ၊ အဲဒီလို ဘဝတွေနဲ့ပဲ နေရတယ်။ နေရတဲ့အခါကြတော့ ပြီးခဲ့တဲ့လပိုင်းတွေမှာဆိုရင် ယာယီတပ်ရင်းမှူးတယောက် လာပါတယ်။ ထွက်လာတယ်။ ထွက်လာတဲ့အချိန်မှာ သူ့အတွက်ကို စားဖို့တွေ၊ နေဖို့ထိုင်ဖို့တွေ စီစဉ်ပေးနေပေမဲ့ သူ့အနေနဲ့ ဘယ်လိုခံစားနေရသလဲဆိုတော့ သူ့ဘဝကြီး နိမ့်သွားတယ်လို့ ခံစားရတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူအရင်တုန်းကရထားတဲ့ ရာထူးရဲ့ စည်စိမ်တွေက သူ့အတွက် အပိုလို့ဖြစ်နေတယ်။ လက်ရှိအချိန်မှာတော့ သူ့ဘေးနားမှာ ဘယ်သူမှခယနေတာ မရှိတော့ဘူး။ ဒါကတော့ ပုံမှန်ကမ္ဘာ။ ဒီလိုပုံမှန်ကမ္ဘာမှာ နေနိုင်ဖို့ နေနိုင်လောက်အောင် မနေနိုင်တော့လောက်အောင် ဦးနှောက်တွေက ဖျက်ဆီးခြင်းခံထားရတယ်။ အဓိကအကြောင်းရင်းက နှစ်ချက်ပါ။ သူတို့သည် သူတို့ပိုင်ဆိုင်မှုတွေ ဆုံးရှုံးမှုတွေတကြောင်း။ အဲဒါကတော့ အင်မတန် ရာထူးကြီးတဲ့လူတွေ - သူတို့တွေက အင်မတန်ချမ်းသာကြွယ်ဝကြတယ်။ ဒါတွေကို ဆုံးရှုံးမခံနိုင်ဘူး။ နောက်တခုက သူတို့ဦးနှောက်တွေက ဖျက်ဆီးခံထားရတယ်။ ပုံမှန်အလုပ်တောင် သူတို့ မလုပ်နိုင်တော့ဘူး။ ပုံမှန်လူတွေနဲ့ တန်းတူမဟုတ်ဘူးဆိုတဲ့ အယူအမှားတွေ ရိုက်သွင်းခံထားရတဲ့အခါမှာ ပုံမှန်လူတယောက်လုပ်တဲ့ ကိုယ့်ဘာသာကိုယ် စားဖို့ စီမံတယ်၊ ကိုယ့်အဝတ်ကိုယ်လျှော်တယ်။ ဆေးဝယ်ရင် တန်းစီးတယ်။ ဒါတွေကိုတောင် လုပ်ဖို့ရာ ဦးနှောက်တွေက ပုံမှန်စွမ်းဆောင်ရည် မရှိတော့တဲ့အခါမှာ သူတို့သည် ဒီလိုမျိုးလုပ်ဖို့ စိတ်သတ္တိအရကော၊ ဉာဏ်ပညာအရကော မရှိတော့တာ။
မေး ။ ။ အဲဒီတော့ အခုတိုင်းပြည်ကို ပြန်ပြီးတော့ တည်ဆောက်တဲ့အခါမှာ ဒီစစ်အာဏာသိမ်းမှုကို ဆန့်ကျင်လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေကော၊ နိုင်ငံရေးအဖွဲ့တွေကော လူထုပိုင်းကမြင်တာက လက်ရှိစစ်တပ်ကို ပြောင်းကိုပြောင်းလဲရမယ်ဆိုတဲ့ အမြင်တွေ ရှိနေတဲ့အခါကြတော့ ကိုညီသုတတို့အနေနဲ့ အဲဒီလို စစ်တပ်ပြုပြင်ပြောင်းလဲရေးအပိုင်းကို ဘယ်လိုမြင်ပါသလဲရှင့်။
ဖြေ ။ ။ လက်ရှိကတော့ စစ်တပ်က ပြုပြင်ပြောင်းလဲရေးလမ်းကြောင်း သွားလို့မရတော့ဘူး။ ဒါကတော့ သေချာသွားပြီ။ ကျနော် ပထမပိုင်းမှာ ပထမတနှစ်လောက်မှာတော့ မျှော်လင့်ကြည့်တယ်။ နောက်တခါ ရနိုင်မလားလို့ လမ်းကြောင့်ဖွင့်ပေးခဲ့တယ်။ အခုဆို (၂) နှစ်ကျော်သွားတဲ့အခါမှာ တိုင်းပြည်မှာ ဆုံးရှုံးမှုကလည်း အင်မတန်ကြီးသွားပြီ။ နစ်နာမှုတွေကလည်း ကြီးပြီ။ နောက်တခါ စစ်တပ်ရဲ့ အသိတရာ မရတော့ဘူးဆိုတဲ့ဟာလည်း ပြည်သူတွေအားလုံးရဲ့ကြားထဲမှာ ခိုင်မာသွားပြီ။ ဒီလိုပဲ နိုင်ငံရေးအရသော်လည်းကောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေမှာလည်း ဒီလိုပါပဲ။ တချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဆိုရင် သတိထားမိပါလိမ့်မယ်။ သူတို့စစ်တပ်သည် ဒီလောက်အထိ လမ်းဆိုးဆိုးကို လျှောက်တန်မကောင်းသေးဘူး။ အာဏာသိမ်းလောက်တဲ့အဆင့်သာ လုပ်မယ်။ အခုလိုမျိုး ကိုယ့်ရဲ့ပြည်မမှာ ရှိနေတဲ့ ပြည်သူတွေကိုတောင် သတ်နိုင်ဖွယ်မရှိဘူးဆိုကာ စောင့်ကြည့်တဲ့ကာလတွေ ပေးခဲ့တာ ရှိပါတယ်။ တချို့တိုင်းရင်းသားအဖွဲ့အစည်းတွေက။ ဒါပေမဲ့ သူတို့ကိုယ်တိုင် ဘာကိုနားလည်လာသလဲဆိုရင် စစ်တပ်က ဘယ်လိုမှ ပြောင်းလဲနိုင်ဖွယ် မရှိတော့ဘူး။ သူတို့ သန္ဓေကိုက၊ သူတို့ရဲ့ မျိုးရိုးဗီဇကိုယ်က လုံးဝကို အသစ်ပြန်လုပ်ရမယ့် အနေအထားမျိုး ဖြစ်သွားတယ်။ နှစ်ပေါင်းများစွာ အယူဝါဒအမှားတွေ၊ နောက်တခါ စံနှုန်းနိမ့်တဲ့ တန်းဖိုးတွေနဲ့ ရှင်သန်တဲ့ အဖွဲ့အစည်း ဖြစ်သွားတဲ့အခါမှာ ပြောင်းလဲဖို့က ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။ ဒါကြောင့်မို့ လုံးဝကို အစားထိုးရမယ့် အနေအထား ဖြစ်လာခဲ့တယ်။
မေး ။ ။ တဘက်မှာကြတော့ စစ်တပ်မှာ လက်နက်ရှိနေတယ်။ အမြဲတမ်းလည်း သူတိုု့ဟာ လက်နက်အားကိုးနဲ့ တိုင်းပြည်ကို အုပ်ချုပ်နေတယ်ဆိုတဲ့ လက်ခံထားတဲ့ သူတွေဘက်ကျတော့ ဒီလိုတိုင်းပြည်ပြန်ပြီးတော့ ပြောင်းလဲရေးအတွက်က စစ်တပ်နဲ့ ပူးပေါင်းရမယ်။ စစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်ရမယ်ဆိုတဲ့ သဘောထားအမြင်တွေလည်း ရှိနေကြတယ်။ ဒီအပေါ်မှာ ကိုညီသုတရဲ့ သုံးသပ်ချက် ဘယ်လိုရှိပါသလဲရှင့်။
ဖြေ ။ ။ ဒါဆိုရင်တော့ သမိုင်းကိုပဲ ပြန်ကြည့်ရမယ်။ သမိုင်းမှာဆိုလည်း ၁၉၉၀ ရွေးကောက်ပွဲ မအောင်မမြင် ဖြစ်တယ်။ ရလဒ် လုံးဝအဆင်မပြေဘူး။ ပြီးတော့ ပြုပြင်ပြောင်းလဲရေးဆိုပြီးတော့ ၂၀၁၀ မှာ အစိုးရအဖွဲ့ ဖွဲ့ခဲ့တယ်။ အဲဒီအချိန်မှာ ပြည်သူဘက်က ကိုယ်စားလှယ်တွေ တင်းပြည့်ကျပ်ပြည့် မပါနိုင်ပေမယ့် ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းကို သွားတယ်လို့တော့ ပြောလို့ရပါတယ်။ ဆိုတော့ အဲဒီကာလတွေမှာ ယုံကြည်ပေးခဲ့ကြတယ်။ ပြည်သူတွေ၊ နိုင်ငံရေးအစုအဖွဲ့တွေ။ သို့သော် ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ပြီးတဲ့အခါမှာ သူတို့ အလားတူပဲ ဒီပုံစံကိုပဲ ပြန်လျှောက်တယ်။ လျှောက်တဲ့အခါကြတော့ သူတို့ရဲ့ သွားချင်တဲ့ပုံစံသည် လက်နက်ရှိတဲ့ အဖွဲ့အစည်းက တိုင်းပြည်မှာပဲ အခုလိုပဲ ဥပဒေပြုအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာတွေကို ကိုင်စွဲချင်တယ်။ ဒါတွေကို ချယ်လှယ်ချင်တယ်ဆိုတဲ့ အယူအဆက လုံးဝမပျက်သွားဘူး။ ဒါတွေက နိုင်ငံအတွက် လုံးဝမကောင်းဘူး။ ဒါကိုဆက်ပြီးတော့သွားနေ၊ ဒီလမ်းကြောင်းထဲကနေ ဆက်ပြီးတော့ ညှိနှိုင်းတယ်ဆိုရင် ဒီကစားပွဲက ဒီအတိုင်းပဲ အလားတူထပ်ဖြစ်သွားလိမ့်မယ်။ သူတို့ အလိုမကျတိုင်း၊ သူတို့ စိတ်ထဲမှာ အဆင်မပြေတိုင်း၊ အရင်လျှောက်ခဲ့တဲ့လမ်းအဟောင်း၊ လမ်းအမှားကိုပဲ ဆက်လျှောက်လိမ့်မယ်။ ဒါတွေက ရပ်တန့်ဖို့အချိန် တန်လာပြီ။ ဒီလိုပြောခြင်းက စစ်တပ်နဲ့ လုံးဝအပေးအယူ မလုပ်ဘူး မဟုတ်ဘူး။ စစ်တပ်သည် သူတို့ လုံးဝပြုပြင်ပြောင်းလဲဖို့အတွက် ဝန်ချတောင်းပန်တာတွေ၊ အာမခံတာတွေ၊ စစ်တပ်ရဲ့အပေါ်မှာ နိုင်ငံတော်ရဲ့ အစိုးရတရပ်က လုံးဝထိန်းချုပ်မှုရှိတဲ့ အခြေအနေမျိုးဆိုရင်တော့ စစ်တပ်သည် လုံးဝဖျက်ဆီးစရာ မလိုဘဲ၊ ပြုပြင်ပြောင်းလဲလို့ရတဲ့ ပုံစံ ဖြစ်သွားပါလိမ့်မယ်။ သို့သော် အဲဒီအခြေအနေ မဟုတ်ဘဲနဲ့၊ နဂိုလိုပဲ ညှိနှိုင်းလို့ရတဲ့အခါတော့ ဒီပြဿနာတွေ ပြေလည်သွားနိုင်မယ်လို့ မထင်ဘူး။
မေး ။ ။ နိုင်ငံတကာရဲ့ ပါဝင်မှုအခန်းကဏ္ဍ - အနောက်နိုင်ငံတွေ၊ နောက်တခါ လုံခြုံရေးကောင်စီ၊ ကုလသမဂ္ဂ - ဒါတွေကနေ မြန်မာ့နိုင်ငံရေးမှာ သူတို့ ကူညီပါဝင်ဆောင်ရွက်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့ ကိုညီသုတရဲ့အမြင် ဘယ်လိုရှိသလဲရှင့်။
ဖြေ ။ ။ ဒီအခြေအနေကာလမှာတော့ တဖြည်းဖြည်း အတော်လေးကို အားရဖို့ကောင်းပါတယ်။ ဆိုတော့ အနောက်မှာဆိုရင် တရုတ်သြဇာကြီးတဲ့ အမေရိကန်နိုင်ငံလို နိုင်ငံမျိုးက မီးစိမ်းပြလိုက်တဲ့အခါ တခြားသက်ရောက်မှုများစွာ ဖြစ်ပေါ်လာပါတယ်။ ဒီရက်ပိုင်းအတွင်းမှာပဲ အာဆီယံမှာဆိုရင် အင်ဒိုနီးရှားဘက်ကဆိုရင် လက်ရှိ အာဆီယံဆွေးနွေးပွဲတွေမှာ NUG ကို NUG မှာရှိတဲ့ ဝန်ကြီးတွေကို စကားဝိုင်းတွေမှာ သူတို့ရဲ့အမြင်တွေကို ပြောဆိုဆွေးနွေးခွင့် ရှိသင့်တယ်လို့ တရားဝင်ထုတ်ဖော်ပြောဆိုလာပါတယ်။ နောက်တခါ တခြားဒေသတွင်းမှာဆိုလည်း စင်္ကာပူလိုနိုင်ငံမျိုးဆိုရင် စစ်ဗိုလ်ချုပ်တွေ ပါဝင်တဲ့ ဘယ်ဆွေးနွေးပွဲမဆို မတက်ဘူးဆိုတဲ့ သဘောထားတွေ ထုတ်ပြန်ကြတယ်။ နိုင်ငံတကာရပ်ဝန်းက မြန်မာ့အရေးပေါ်မှာ အာရုံစိုက်မှုက တဖြည်းဖြည်းကောင်းလာတယ်လို့ မြင်ပါတယ်။ နောက်တခါ အရင်တုန်းက နှစ်ဘက်ခွပြီးတော့ ကစားနေတဲ့ တရုတ်လိုနိုင်ငံမျိုးတွေတောင် စစ်ကောင်စီဘက်မှာ ရပ်လိုက်ခြင်းအားဖြင့် သူတို့အတွက် အကျိုးမရှိဘူးဆိုတာ သိလိုကအခါမှာ စစ်ကောင်စီအတွက် တချို့အရာတွေ မရပ်တည်းပေးခဲ့တဲ့ အချိန်တွေလည်း ဒီလပိုင်းအတွင်းမှာ ဖြစ်ပါတယ်။ နိုင်ငံတကာရဲ့ ထောက်ပံ့မှု၊ အခုလက်ရှိ နိုင်ငံတကာရဲ့ ရပ်တည်ချက်ဟာ အပြောင်းအလဲပေါ်မှာ အင်မတန်သက်ရောက်မှု ကြီးပါတယ်။ သူတို့ရဲ့ ရပ်တည်ချက်၊ သူတို့ရဲ့ ပေးတဲ့ ခွန်အားတွေကြောင့်လည်း ပြည်သူတွေဟာ ပိုပြီးတော့ အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှာဖို့အတွက် အင်အားတွေရှိလာပြီး အခုလို အရှိန်အဟုန်နဲ့ ဆက်သွားဖို့ ဖြစ်လာပါတယ်။