သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အာဏာသိမ္း ၂ ႏွစ္ျပည့္ ေဝဖန္မႈေတြ စစ္ေကာင္စီ လက္မခံ


Myanmar Ministry of Foreign Affair, Nay Pyi Daw

=== [[ ZAWGYI ]] ===

အာဏာသိမ္း ၂ ႏွစ္ျပည့္ ေဝဖန္မႈေတြ စစ္ေကာင္စီ လက္မခံ

ျမန္မာႏိုင္ငံမွာ စစ္တပ္ အာဏာသိမ္း ၂ ျပည့္နဲ႔ပတ္သက္ၿပီး ကုလသမဂၢနဲ႔ ႏိုင္ငံတခ်ိဳ႕ရဲ႕ ထုတ္ျပန္ ေျပာဆိုခ်က္ေတြဟာ တဖက္သတ္ဆန္ၿပီး မွန္ကန္မႈ မရွိတဲ့အတြက္ဆိုကာ ပယ္ခ်လိုက္ေၾကာင္း အာဏာသိမ္းစစ္ေကာင္စီရဲ႕ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေဖၚေဖၚဝါရီလ ၄ ရက္ ေန႔စြဲနဲ႔ ေၾကျငာခ်က္တေစာင္ ထုတ္ျပန္ခဲ့ပါတယ္။

“ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီရဲ႕ တာဝန္ထမ္းေဆာင္ျခင္း ၂ ႏွစ္ျပည္နဲ႔ပတ္သက္ၿပီး ႏိုင္ငံတခ်ိဳ႕ႏွင့္ ကုလသမဂၢတာဝန္ရွိသူတ ခ်ိဳ႕က အျပဳသေဘာ မေဆာင္ေသာ သတင္းမ်ား ထုတ္ျပန္ခဲ့သလို၊ NUG, CRPH ႏွင့္လက္ေဝခံ PDF တို႔ရဲ႕ အၾကမ္းဖက္လုပ္ရပ္ေၾကာင့္ အျပစ္မဲ့ျပည္သူ ၅ ေထာင္ေက်ာ္ ေသဆုံးခဲ့တာကို ေဖၚျပျခင္းမရွိဘဲ ဖုံးကြယ္ထားတဲ့အတြက္ အထင္အျမင္လြဲမွားေစတယ္လို႔” အာဏာသိမ္း စစ္ေကာင္စီရဲ႕ ေၾကျငာခ်က္မွာ ေဖၚျပထားပါတယ္။

ျမန္မာႏိုင္ငံမွာ စစ္တပ္အာဏာသိမ္း ၂ ႏွစ္ျပည့္နဲ႔ပတ္သက္ၿပီး ကုလသမဂၢ၊ အေမရိကန္အစိုးရ အပါအဝင္ ႏိုင္ငံတကာအစိုးရမ်ား၊ သံ႐ုံးမ်ား၊ ႏိုင္ငံတကာ လူ႔အခြင့္အေရးအဖြဲ႕မ်ားက ကန႔္ကြက္ရႈတ္ခ်ခဲ့ၾကၿပီး၊ ျမန္မာႏိုင္ငံမွာ အာဏာသိမ္းစစ္ေကာင္စီက စစ္အုပ္ခ်ဳပ္ေရး ဆန႔္က်င္သူေတြကို အၾကမ္းဖက္ ႏွိမ္နင္းခဲ့တဲ့အတြက္ အနည္းဆုံးလူ ၃ ေထာင္ေက်ာ္ေသဆုံးၿပီး၊ ဒုကၡသည္ ၁ ဒႆမ ၅ သန္းေလာက္ ထပ္မံ အိုးအိမ္စြန႔္ခြါ ထြက္ေျပးရေၾကာင္းနဲ႔ အနည္းဆုံး အိုးအိမ္ေပါင္း ၃ ေသာင္း ၈ ေက်ာ္ေလာက္ မီးရႈိ႕ဖ်က္ဆီးခံခဲ့ရၿပီး၊ လူေပါင္း ၁၇ သန္းေက်ာ္ေလာက္ဟာ လူသားျခင္းစာနာမႈဆိုင္ရာ အကူအညီေတြ လိုအပ္မယ္လို႔ ေျပာဆိုထားပါတယ္။ ဒီကိန္းဂဏန္းေတြဟာ တကယ့္လက္ေတြ႕မွာ ဒီထက္ ပိုမ်ားႏိုင္တယ္လို႔လည္း ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

=== {{ UNICODE }} ===

အာဏာသိမ်း ၂ နှစ်ပြည့် ဝေဖန်မှုတွေ စစ်ကောင်စီ လက်မခံ

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်း ၂ ပြည့်နဲ့ပတ်သက်ပြီး ကုလသမဂ္ဂနဲ့ နိုင်ငံတချို့ရဲ့ ထုတ်ပြန် ပြောဆိုချက်တွေဟာ တဖက်သတ်ဆန်ပြီး မှန်ကန်မှု မရှိတဲ့အတွက်ဆိုကာ ပယ်ချလိုက်ကြောင်း အာဏာသိမ်းစစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေါ်ဖေါ်ဝါရီလ ၄ ရက် နေ့စွဲနဲ့ ကြေငြာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။

“နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီရဲ့ တာဝန်ထမ်းဆောင်ခြင်း ၂ နှစ်ပြည်နဲ့ပတ်သက်ပြီး နိုင်ငံတချို့နှင့် ကုလသမဂ္ဂတာဝန်ရှိသူတ ချို့က အပြုသဘော မဆောင်သော သတင်းများ ထုတ်ပြန်ခဲ့သလို၊ NUG, CRPH နှင့်လက်ဝေခံ PDF တို့ရဲ့ အကြမ်းဖက်လုပ်ရပ်ကြောင့် အပြစ်မဲ့ပြည်သူ ၅ ထောင်ကျော် သေဆုံးခဲ့တာကို ဖေါ်ပြခြင်းမရှိဘဲ ဖုံးကွယ်ထားတဲ့အတွက် အထင်အမြင်လွဲမှားစေတယ်လို့” အာဏာသိမ်း စစ်ကောင်စီရဲ့ ကြေငြာချက်မှာ ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်း ၂ နှစ်ပြည့်နဲ့ပတ်သက်ပြီး ကုလသမဂ္ဂ၊ အမေရိကန်အစိုးရ အပါအဝင် နိုင်ငံတကာအစိုးရများ၊ သံရုံးများ၊ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့များက ကန့်ကွက်ရှုတ်ချခဲ့ကြပြီး၊ မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီက စစ်အုပ်ချုပ်ရေး ဆန့်ကျင်သူတွေကို အကြမ်းဖက် နှိမ်နင်းခဲ့တဲ့အတွက် အနည်းဆုံးလူ ၃ ထောင်ကျော်သေဆုံးပြီး၊ ဒုက္ခသည် ၁ ဒဿမ ၅ သန်းလောက် ထပ်မံ အိုးအိမ်စွန့်ခွါ ထွက်ပြေးရကြောင်းနဲ့ အနည်းဆုံး အိုးအိမ်ပေါင်း ၃ သောင်း ၈ ကျော်လောက် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး၊ လူပေါင်း ၁၇ သန်းကျော်လောက်ဟာ လူသားခြင်းစာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်မယ်လို့ ပြောဆိုထားပါတယ်။ ဒီကိန်းဂဏန်းတွေဟာ တကယ့်လက်တွေ့မှာ ဒီထက် ပိုများနိုင်တယ်လို့လည်း ပြောဆိုထားပါတယ်။

XS
SM
MD
LG