အေမရိကန္ႏိုင္ငံျခားေရးဌာန အေရွ႕အာရွနဲ႔ ပစိဖိတ္ေဒသဆိုင္ရာ ဒုလက္ေထာက္ႏိုင္ငံျခားေရးဝန္ႀကီး Melissa Brown ဟာ NUG ၾကားကာလ အမ်ိဳးသားညီၫြတ္ေရးအစိုးရ ဆက္သြယ္ေရး၊ သတင္းအခ်က္အလက္ႏွင့္ နည္းပညာဝန္ႀကီး ဦးထင္လင္းေအာင္၊ ဒုႏိုင္ငံျခားေရးဝန္ႀကီး ဦးမိုးေဇာ္ဦးတို႔ အပါအဝင္ တိုင္းရင္းသားကိုယ္စားလွယ္အခ်ိဳ႕နဲ႔ မေန႔ ဇန္နဝါရီ ၃၁ ရက္ေန႔က ေတြ႕ဆုံခဲ့ပါတယ္။
စစ္ေကာင္စီ က်ဴးလြန္ေနတဲ့ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြ စစ္ရာဇဝတ္မႈေတြ အျပစ္မဲ့ ျပည္သူေတြနဲ႔ ကေလးသူငယ္ေတြကို သတ္ျဖတ္ေနမႈ၊ ႐ြာေတြကိုမီးရႈိ႕ ဖ်က္ဆီးေနမႈ စတဲ့အခ်က္ေတြအပါအဝင္ နည္းပညာပိုင္းဆိုင္ရာ ကိစၥရပ္ေတြမွာ အေမရိကန္ျပည္ေထာင္စုက NUG ကို ကူညီေပးေရးတို႔ကို ေတြ႕ဆုံမႈအတြင္း တင္ျပေဆြးေႏြးခဲ့တယ္လို႔ ဝန္ႀကီး ဦးထင္လင္းေအာင္က သူ႔ရဲ႕ Facebook လူမႈကြန္ယက္မွာ ေရးသားထားပါတယ္။
ဒီေဆြးေႏြးပြဲကို ကခ်င္မဟာမိတ္အဖြဲ႕ ဥကၠ႒ ဦးဂြန္ဆမ္ (Gum San N Sang) ၊ မယ္ရီလန္းျပည္နယ္ ခ်င္းတိုင္းရင္းသားမ်ားအဖြဲ႕က တာဝန္ရွိသူ Zo Tum Hmung နဲ႔ တျခား ျမန္မာ့အေရးတက္ႂကြလႈပ္ရွားသူေတြလည္း တက္ေရာက္ခဲ့ၾကပါတယ္။
ဒီ ေတြ႕ဆုံမႈအတြင္း စစ္အုပ္ခ်ဳပ္မႈေအာက္ေရာက္ေနတဲ့ ျမန္မာႏိုင္ငံမွာ ခရစၥယာန္ ဘုရားေက်ာင္းေတြ မီးရႈိ႕ ဖ်က္ဆီးခံေနရတာ၊ ခရစၥယာန္ တရားေဟာဆရာေတြ သတ္ျဖတ္ခံေနရတာတို႔အျပင္ ကခ်င္ႏွစ္ျခင္းအသင္းေတာ္ဥကၠဌေဟာင္း ေဒါက္တာခလမ္ဆမ္ဆြမ္ အပါအဝင္ တျခား ဖမ္းဆီးခံထားရတဲ့ တရားေဟာဆရာေတြ ျပန္လႊတ္ေပးေရးကိစၥ အေမရိကန္ဘက္က ကူညီေဆာင္႐ြက္ေပးဖို႔တို႔ကို တင္ျပေဆြးေႏြးခဲ့တယ္လို႔ မယ္ရီလန္းျပည္နယ္ ခ်င္းတိုင္းရင္းသားမ်ားအဖြဲ႕က တာဝန္ရွိသူ Zo Tum Hmung က ဗြီအိုေအကို ေျပာပါတယ္။
[Unicode]
NUG ဝန်ကြီးအပါအဝင် တိုင်းရင်းသားခေါင်းဆောင်တချို့နဲ့ ကန် ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီးတွေ့
အမေရိကန်နိုင်ငံခြားရေးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Melissa Brown ဟာ NUG ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီး ဦးထင်လင်းအောင်၊ ဒုနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးတို့ အပါအဝင် တိုင်းရင်းသားကိုယ်စားလှယ်အချို့နဲ့ မနေ့ ဇန်နဝါရီ ၃၁ ရက်နေ့က တွေ့ဆုံခဲ့ပါတယ်။
စစ်ကောင်စီ ကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ စစ်ရာဇဝတ်မှုတွေ အပြစ်မဲ့ ပြည်သူတွေနဲ့ ကလေးသူငယ်တွေကို သတ်ဖြတ်နေမှု၊ ရွာတွေကိုမီးရှို့ ဖျက်ဆီးနေမှု စတဲ့အချက်တွေအပါအဝင် နည်းပညာပိုင်းဆိုင်ရာ ကိစ္စရပ်တွေမှာ အမေရိကန်ပြည်ထောင်စုက NUG ကို ကူညီပေးရေးတို့ကို တွေ့ဆုံမှုအတွင်း တင်ပြဆွေးနွေးခဲ့တယ်လို့ ဝန်ကြီး ဦးထင်လင်းအောင်က သူ့ရဲ့ Facebook လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။
ဒီဆွေးနွေးပွဲကို ကချင်မဟာမိတ်အဖွဲ့ ဥက္ကဋ္ဌ ဦးဂွန်ဆမ် (Gum San N Sang) ၊ မယ်ရီလန်းပြည်နယ် ချင်းတိုင်းရင်းသားများအဖွဲ့က တာဝန်ရှိသူ Zo Tum Hmung နဲ့ တခြား မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေလည်း တက်ရောက်ခဲ့ကြပါတယ်။
ဒီ တွေ့ဆုံမှုအတွင်း စစ်အုပ်ချုပ်မှုအောက်ရောက်နေတဲ့ မြန်မာနိုင်ငံမှာ ခရစ္စယာန် ဘုရားကျောင်းတွေ မီးရှို့ ဖျက်ဆီးခံနေရတာ၊ ခရစ္စယာန် တရားဟောဆရာတွေ သတ်ဖြတ်ခံနေရတာတို့အပြင် ကချင်နှစ်ခြင်းအသင်းတော်ဥက္ကဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွမ် အပါအဝင် တခြား ဖမ်းဆီးခံထားရတဲ့ တရားဟောဆရာတွေ ပြန်လွှတ်ပေးရေးကိစ္စ အမေရိကန်ဘက်က ကူညီဆောင်ရွက်ပေးဖို့တို့ကို တင်ပြဆွေးနွေးခဲ့တယ်လို့ မယ်ရီလန်းပြည်နယ် ချင်းတိုင်းရင်းသားများအဖွဲ့က တာဝန်ရှိသူ Zo Tum Hmung က ဗွီအိုအေကို ပြောပါတယ်။