NUG ဝန်ကြီးအပါအဝင် တိုင်းရင်းသားခေါင်းဆောင်တချို့နဲ့ ကန်ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီးတွေ့
အမေရိကန်နိုင်ငံခြားရေးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Melissa Brown ဟာ NUG ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ နည်းပညာဝန်ကြီး ဦးထင်လင်းအောင်၊ ဒုနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးတို့ အပါအဝင် တိုင်းရင်းသားကိုယ်စားလှယ်အချို့နဲ့ မနေ့ ဇန်နဝါရီ ၃၁ ရက်နေ့က တွေ့ဆုံခဲ့ပါတယ်။