သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဘိုင်ဒန် ဒီနေ့ နိုင်ငံတော်အခြေပြမိန့်ခွန်းပြောကြားမည်


နယူးယောက်ပြည်နယ် Hancock Field Air National Guard Base လေတပ်စခန်းမှာ ဖေဖော်ဝါရီ ၄ရက်နေ့တွေ့ရတဲ့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်
နယူးယောက်ပြည်နယ် Hancock Field Air National Guard Base လေတပ်စခန်းမှာ ဖေဖော်ဝါရီ ၄ရက်နေ့တွေ့ရတဲ့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်

အမေရိကန်စံတော်ချိန် ဒီကနေ့ညမှာ အမေရိကန်သမ္မတဂျိုးဘိုင်ဒန် (Joe Biden) ဟာ သမ္မတ သက်တမ်းအတွင်း ဒုတိယအကြိမ် နိုင်ငံတော် အခြေပြမိန့်ခွန်း ပြောကြားမှာဖြစ်ပြီး လူထုစစ်တမ်းတွေမှာ သူ့ရဲ့ တာဝန်ထမ်းဆောင်မှုအပေါ် ဝေဖန်တာတွေလည်း ခံနေရပါတယ်။

ဂျိုးဘိုင်ဒန်အနေနဲ့ သမ္မတ သက်တမ်း ၂ နှစ်အတွင်းမှာ ဘာမှ မလုပ်နိုင်တာနဲ့ စာရင်တော့ အနည်းငယ်အလုပ်ဖြစ်တယ်လို့ ပြောနိုင်ပြီး သိပ်ပြီးအောင်မြင်အောင် ဆောင်ရွက်နိုင်တာတော့ မရှိဘူးလို့ ဝါရှင်တန်ပို့စ်နဲ့ ABC က ကောက်ခံတဲ့ စစ်တမ်းတွေမှာ အမေရိကန်ပြည်သူ ၆၂ ရာခိုင်နှုန်းက သတ်မှတ်ထားပါတယ်။ ဘာပဲဖြစ်ဖြစ် လွှတ်တော်နှစ်ရပ်ရှေ့မှောက် ပြောကြားမဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်းဟာ သမ္မတဘိုင်ဒန်ဘက်က လူထုကို သိမ်းသွင်းဖို့ အခွင့်အရေးတခု ဖြစ်ပါတယ်။

တနင်္လာနေ့ နေ့ခင်းက သူ့ရဲ့ အနီးကပ် အကြံပေးတွေနဲ့ မိန့်ခွန်းကို ပြင်ဆင်တည်းဖြတ်နေတဲ့အကြောင်း အိမ်ဖြူတော် ပြောခွင့်ရ Karine Jean-Pierr က မနေ့က ပြောဆိုပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ဆောင်ရွက်ခဲ့တာတွေအပြင် အမေရိကန်ပြည်ထောင်စုရဲ့ အနာဂတ် မျှော်မှန်းချက်တွေကို လွှတ်တော်တင်မဟုတ်ဘဲ အမေရိကန်ပြည်သူတွေကိုပါ ချပြပြောဆိုမယ့်အကြောင်း Karine Jean-Pierr က ပြောပါတယ်။

အများပြည်သူ စီမံချက်တွေ ရေးဆွဲတဲ့ သုတေသနဌာနက နိုင်ငံရေးသိပ္ပံပညာရှင် Andrew Seligsohn ကတော့ အမေရိကန်ပြည်သူ အများစုရဲ့ ဝင်ငွေ၊ အသက်မွေးဝမ်းကြောင်းဆိုင်ရာ စီးပွားရေးကိစ္စမျိုးတွေကို သမ္မတဘိုင်ဒန်အနေနဲ့ ချပြပြောဆိုဖို့ လိုတယ်လို့ ပြောဆိုပါတယ်။ တချိန်တည်းမှာ နိုင်ငံခြားရေးမူဝါဒ၊ အများပြည်သူ့ ကျန်းမာရေး၊ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ သေနတ်ကိုင်ဆောင့်ခွင့် ထိန်းချုပ်ရေးနဲ့ လူဝင်မှုကြီးကြပ်ရေးကိစ္စ စတာတွေကို အမယ်စုံအောင် ထည့်သွင်း ပြောဆိုသင့်တယ်လို့ သုံးသပ်ပါတယ်။

လူထုစစ်တမ်းတွေအရ အမေရိကန်ပြည်သူ ၄၁ ရာခိုင်နှုန်းက ဂျိုးဘိုင်ဒန်သမ္မတဖြစ်လာပြီးမှာ သူတို့ စီးပွားရေး အရင်ကထက် ဆိုးလာတယ်လို့ ပြောဆိုပြီး၊ ၄၂ ရာခိုင်နှုန်းက ထူးမခြားနားပဲလို့ ပြောဆိုနေပါတယ်။ ဒါကြောင့်လည်း အမေရိကန်ပြည်သူတွေရဲ့ စီးပွားရေးကိစ္စ ရှေ့ဆက်ဆောင်ရွက်မယ့်အစီအစဉ်တွေကို အများက စိတ်ဝင်စားနေကြပါတယ်။

သမ္မတဘိုင်ဒန် ဒီနေ့ နိုင်ငံတော်အခြေပြမိန့်ခွန်းပြောကြားမည်
please wait

No media source currently available

0:00 0:00:37 0:00
တိုက်ရိုက် လင့်ခ်

[Unicode]







XS
SM
MD
LG