သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိနှိပ်မှုတွေအတွက် မြန်မာစစ်အာဏာပိုင်တွေ တာဝန်ခံမှုရှိစေဖို့ ကန်ဘာသာရေးကော်မရှင်တိုက်တွန်း


ဇန်နဝါရီလ ၃၁၊ ၂၀၂၂ ခုနှစ် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှာ ရောက်ရှိနေတဲ့ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ဗဟို) နဲ့ ယာယီသမ္မတဦးမြင့်ဆွေ(ယာအစွန်)
ဇန်နဝါရီလ ၃၁၊ ၂၀၂၂ ခုနှစ် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှာ ရောက်ရှိနေတဲ့ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ဗဟို) နဲ့ ယာယီသမ္မတဦးမြင့်ဆွေ(ယာအစွန်)

[[Zawgyi/Unicode]]

စစ်တပ်အာဏာသိမ်းပြီးနောက် ဒီကနေ့ထိ အရပ်သား ၃,၀၀၀ လောက် သေဆုံးစေခဲ့ပြီး နိုင်ငံတဝန်းက ကျေးရွာတွေ၊ ဘာသာရေးအဆောက်အအုံတွေကို ဖျက်ဆီးမှုတွေအတွက် စစ်တပ်ဘက်က တာဝန်ယူ တာဝန်ခံမှုရှိလာစေရေး နိုင်ငံတကာကဆောင်ရွက်ကြဖို့ အမေရိကန် နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ ကော်မရှင် USCRIF က ဗုဒ္ဓဟူးနေ့မှာ တိုက်တွန်းထားပါတယ်။

စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့်အဖြစ် USCRIF က ကြေညာချက်ထုတ်ပြန် တိုက်တွန်းတာ ဖြစ်ပါတယ်။ ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှု၊ ဘာသာရေးလွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေး အကြီးအကျယ် ချိုးဖောက်မှုတွေအတွက် စစ်အာဏာသိမ်းပြီးနောက် ၂ နှစ် ကြာလာချိန်ထိ စစ်ကောင်စီကို တရားဥပဒေကြောင်းအရ အရေးယူတာမတွေ့ရသေးကြောင်း USCIRF ရဲ့ ကော်မရှင်နာ Eric Ueland က ပြောဆိုပါတယ်။ စစ်တပ်နဲ့ မြန်မာအာဏာပိုင်တွေဘက်က တာဝန်ယူမှု တာဝန်ခံမှုရှိလာစေရေး နိုင်ငံတကာရဲ့ကြိုးပမ်းမှုတွေမှာ အမေရိကန်သမ္မတ Joe Biden အစိုးရဘက်က ပိုပြီး တက်တက်ကြွကြွ ပံ့ပိုးဆောင်ရွက်ဖို့လည်း သူက တိုက်တွန်းပါတယ်။

အထူးသဖြင့် ဘာသာရေးလွတ်လပ်ခွင့်ကို ပြင်းပြင်းထန်ထန် ချိုးဖောက်မှု တွက် စစ်တပ် ခေါင်းဆောင်တွေကို ပူးပေါင်းဒဏ်ခတ်မှု ချမှတ်ရေးအပါအဝင် သူတို့ကိုဖယ်ရှားနိုင်ရေး နည်းလမ်းပေါင်းစုံနဲ့ ဆောင်ရွက်ဖို့လည်း သူက တိုက်တွန်းထားပါတယ်။ အတိုက်အခံတွေကို ကျယ်ကျယ်ပြန့်ပြန့် ဖြိုခွဲနေတဲ့စစ်ကောင်စီဟာ လူနည်းစုတိုင်းရင်းသားတွေနဲ့ ဘာသာရေး အရ လူနည်းစုဖြစ်ရသူတွေကို အထူး ပစ်မှတ်ထားတယ်လို့လည်း ကြေညာချက်မှာ ပြောဆိုထားပါတယ်။

USCIRF က စစ်အာဏာသိမ်းခံရပြီးနောက် ၂ နှစ်ကြာ အတိဒုက္ခ အကြီးအကျယ်ရောက်ကြရတဲ့ မြန်မာလူထုနဲ့ စည်းလုံးညီညွတ်စွာရပ်တည်ကြောင်းလည်း ကော်မရှင်နာ Mohamed Magid ကလည်း ကြေညာချက်မှာပြောဆိုပြီး စစ်တပ်ဘက်က တာဝန်ယူမှု တာဝန်ခံမှု ရှိလာရေး အမေရိကန်အစိုးရဘက်က နိုင်ငံတကာနဲ့ ဆက်လက် ပူးပေါင်းဆောင်ရွက်ဖို့လည်း တိုက်တွန်းထားပါတယ်။

============

[[Unicode]]






XS
SM
MD
LG