သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရု႐ွား ကာကြယ္ေရးဝန္ႀကီး ယူကရိန္း စစ္ေျမျပင္ ေ႐ွ႕တန္းသြားေရာက္


FILE - Russian Defense Minister Sergei Shoigu, center, walks out of a trench, escorted by a group of officers as he inspects Russian troops at an undisclosed location in Ukraine, Dec. 22, 2022..

႐ု႐ွားကာကြယ္ေရးဝန္ႀကီး Sergei Shoigu ဟာ ယူကရိန္းထဲက ႐ု႐ွားတပ္ေတြကို သြားေရာက္ အားေပးခဲ့တယ္လို႔ ႐ု႐ွားက ဒီကေန႔ သတင္းထုတ္ျပန္ပါတယ္။ Donetsk ေဒသေတာင္ပိုင္းက စစ္စခန္းတခုကို သြားေရာက္စစ္ေဆးခဲ့တယ္လို႔ ႐ု႐ွားကာကြယ္ေရးဝန္ႀကီးဌာနက ေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။

ဝန္ႀကီးဌာနထုတ္ျပန္တဲ့ ဗီဒီယိုထဲမွာ ေ႐ွ႕တန္းစစ္မ်က္ႏွာျပင္မွာ စစ္တိုက္ေနတဲ့ ႐ု႐ွားစစ္သည္ေတြကို ဝန္ႀကီး Shoigu ဆုတံဆိပ္ေတြ ခ်ီးျမႇင့္ေနတာ ေတြ႔ရပါတယ္။ ယူကရိန္းစစ္မွာ ႐ု႐ွားတပ္ေတြဘက္က ႐ြပ္႐ြပ္ခြၽံခြၽံ မတိုက္ႏိုင္တဲ့အေပၚ ကာကြယ္ေရးဝန္ႀကီးကို ေဝဖန္တာေတြ ႐ွိေနခ်ိန္မြာ အခုလို သြားေရာက္ပုံရပါတယ္။ ဒီအေတာအတြင္း အေမရိကန္က ယူကရိန္းႏိုင္ငံအတြက္ ေနာက္ထပ္ စစ္ေရးအကူအညီေပးမယ့္ အစီအစဥ္ကို အိမ္ျဖဴေတာ္က ေသာၾကာေန႔က ေၾကညာခဲ့ပါတယ္။ ႐ု႐ွားရဲ႕ ရန္လိုက်ဴးေက်ာ္မႈကို ခုခံေနတဲ့ ယူကရိန္းႏိုင္ငံအတြက္ စစ္လက္နက္နဲ႔ ပစၥည္းေတြဆက္ေပးဖို႔ အစီအစဥ္အရ ေပးမွာျဖစ္တယ္လို႔ အိမ္ျဖဴေတာ္ေျပာခြင့္ရ Karine Jean-Pierre က ေျပာၾကားခဲ့ပါတယ္။

ယူကရိန္းအတြက္ သမၼတဘိုင္ဒန္အစိုးရက ၃၃ ႀကိမ္ေျမာက္ စစ္လက္နက္အပါအဝင္ စစ္ေရး အေထာက္အပံ့ေတြ ေပးမယ္လို႔ ေၾကညာတဲ့အေၾကာင္း အိမ္ျဖဴေတာ္ေျပာခြင့္ရက ေသာၾကာေန႔က သတင္းေထာက္ေတြကို ေျပာခဲ့ပါတယ္။ အေမရိကန္က အေစာပိုင္းထဲက ေပးထားတဲ့ HIMARS ဒုံးပစ္စင္ေတြ၊ Howitzer အေျမႇာက္ေတြ၊ Bradley သံခ်ပ္ကာ ကားေတြအတြက္ လိုအပ္တဲ့ လက္နက္ခဲယမ္းေတြကို ထပ္ေပးမွာျဖစ္တယ္လို႔ အေမရိကန္အစိုးရက ေျပာပါတယ္။

ယူကရိန္းအတြက္ ကမၻာက ဝိုင္းဝန္းေထာက္ပံ့ေအာင္ အေမရိကန္က ဆက္ၿပီးစည္း႐ုံးသြားမွာျဖစ္တယ္လို႔လည္း အိမ္ျဖဴေတာ္ေျပာခြင့္ရက ေျပာၾကားခဲ့ပါတယ္။ တခ်ိန္ထဲမွာပဲ Donbas ေဒသထဲက Bakhmut ၿမိဳ႕ထဲနဲ႔ ၿမိဳ႕တဝိုက္ တိုက္ပြဲေတြ ဒီေန႔ စေနေန႔မွာလည္း ဆက္လက္ ျပင္းထန္ေနတယ္လို႔ ၿဗိတိန္ကာကြယ္ေရးဌာနက ေျပာပါတယ္။

႐ု႐ွားတပ္ေတြ စစ္မ်က္ႏွာျပင္ ၃ ခုကေန တိုက္ခိုက္ေနတဲ့ Bakhmut ၿမိဳ႕ မက်သြားေအာင္ ခုခံေနတဲ့ ယူကရိန္းတပ္ေတြကို အထူးတပ္ဖြဲ႔ေတြနဲ႔ အားျဖည့္ထားတယ္လို႔ ရ႐ွိတဲ့ ေထာက္လွမ္းေရး သတင္းအခ်က္အလက္ေတြကို ၿဗိတိန္ကာကြယ္ေရး ဝန္ႀကီးဌာနရဲ႕ Twitter ေပၚမွာ ဒီေန႔ စေနေန႔မွာ ေဖာ္ျပပါတယ္။

==== Unicode ====

ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu ဟာ ယူကရိန်းထဲက ရုရှားတပ်တွေကို သွားရောက် အားပေးခဲ့တယ်လို့ ရုရှားက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။ Donetsk ဒေသတောင်ပိုင်းက စစ်စခန်းတခုကို သွားရောက်စစ်ဆေးခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ဝန်ကြီးဌာနထုတ်ပြန်တဲ့ ဗီဒီယိုထဲမှာ ရှေ့တန်းစစ်မျက်နှာပြင်မှာ စစ်တိုက်နေတဲ့ ရုရှားစစ်သည်တွေကို ဝန်ကြီး Shoigu ဆုတံဆိပ်တွေ ချီးမြှင့်နေတာ တွေ့ရပါတယ်။ ယူကရိန်းစစ်မှာ ရုရှားတပ်တွေဘက်က ရွပ်ရွပ်ချွံချွံ မတိုက်နိုင်တဲ့အပေါ် ကာကွယ်ရေးဝန်ကြီးကို ဝေဖန်တာတွေ ရှိနေချိန်မွာ အခုလို သွားရောက်ပုံရပါတယ်။ ဒီအတောအတွင်း အမေရိကန်က ယူကရိန်းနိုင်ငံအတွက် နောက်ထပ် စစ်ရေးအကူအညီပေးမယ့် အစီအစဉ်ကို အိမ်ဖြူတော်က သောကြာနေ့က ကြေညာခဲ့ပါတယ်။ ရုရှားရဲ့ ရန်လိုကျူးကျော်မှုကို ခုခံနေတဲ့ ယူကရိန်းနိုင်ငံအတွက် စစ်လက်နက်နဲ့ ပစ္စည်းတွေဆက်ပေးဖို့ အစီအစဉ်အရ ပေးမှာဖြစ်တယ်လို့ အိမ်ဖြူတော်ပြောခွင့်ရ Karine Jean-Pierre က ပြောကြားခဲ့ပါတယ်။

ယူကရိန်းအတွက် သမ္မတဘိုင်ဒန်အစိုးရက ၃၃ ကြိမ်မြောက် စစ်လက်နက်အပါအဝင် စစ်ရေး အထောက်အပံ့တွေ ပေးမယ်လို့ ကြေညာတဲ့အကြောင်း အိမ်ဖြူတော်ပြောခွင့်ရက သောကြာနေ့က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ အမေရိကန်က အစောပိုင်းထဲက ပေးထားတဲ့ HIMARS ဒုံးပစ်စင်တွေ၊ Howitzer အမြှောက်တွေ၊ Bradley သံချပ်ကာ ကားတွေအတွက် လိုအပ်တဲ့ လက်နက်ခဲယမ်းတွေကို ထပ်ပေးမှာဖြစ်တယ်လို့ အမေရိကန်အစိုးရက ပြောပါတယ်။

ယူကရိန်းအတွက် ကမ္ဘာက ဝိုင်းဝန်းထောက်ပံ့အောင် အမေရိကန်က ဆက်ပြီးစည်းရုံးသွားမှာဖြစ်တယ်လို့လည်း အိမ်ဖြူတော်ပြောခွင့်ရက ပြောကြားခဲ့ပါတယ်။ တချိန်ထဲမှာပဲ Donbas ဒေသထဲက Bakhmut မြို့ထဲနဲ့ မြို့တဝိုက် တိုက်ပွဲတွေ ဒီနေ့ စနေနေ့မှာလည်း ဆက်လက် ပြင်းထန်နေတယ်လို့ ဗြိတိန်ကာကွယ်ရေးဌာနက ပြောပါတယ်။

ရုရှားတပ်တွေ စစ်မျက်နှာပြင် ၃ ခုကနေ တိုက်ခိုက်နေတဲ့ Bakhmut မြို့ မကျသွားအောင် ခုခံနေတဲ့ ယူကရိန်းတပ်တွေကို အထူးတပ်ဖွဲ့တွေနဲ့ အားဖြည့်ထားတယ်လို့ ရရှိတဲ့ ထောက်လှမ်းရေး သတင်းအချက်အလက်တွေကို ဗြိတိန်ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ Twitter ပေါ်မှာ ဒီနေ့ စနေနေ့မှာ ဖော်ပြပါတယ်။

XS
SM
MD
LG