သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းအတွက် ဒေါ်လာသန်း ၄၀၀ အကူညီ ကန် ထပ်ပေး


Russia Ukraine War Kherson Explainer
Russia Ukraine War Kherson Explainer

=== [[ ZAWGYI ]] ===

ယူကရိန်းအတွက် ဒေါ်လာသန်း ၄၀၀ အကူညီ ကန် ထပ်ပေး

ယူကရိန်းအတွက် အမေရိကန်ဒေါ်လာ သန်း ၄၀၀ လောက် စစ်ရေးအကူအညီ ထပ်မံပေးအပ်မှာဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ကြေညာပါတယ်။

ဒီစစ်ရေး အကူအညီထဲမှာ အမေရိကန်က HIMARS အဆင့်မြင့် လက်နက်နဲ့ Howitzers အမြှောက်တွေပါ ပေးအပ်ဖို့ပါဝင်ပြီး ဒါတွေဟာ ယူကရိန်းတွေ သူတို့ကိုယ်သူတို့ ခုခံကာကွယ်ရာမှာ ထိရောက်စွာ အသုံးချနိုင်ဖို့ ဖြစ်ကြောင်း ပြောပါတယ်။ ဒါ့အပြင် BIFV နဲ့ AVLB မြေပြင်သုံး တိုက်ခိုက်ရေးယာဉ်တွေနဲ့ တခြားစက်တွေမှာသုံးတဲ့ လက်နက်ခဲယမ်းတွေ ၊ တခြားစက်ပစ္စည်း ထိန်းသိမ်းရေးဆိုင်ရာ သင်တန်းပေးတာ အထောက်အပံ့ပေးတာတွေပါ ပါဝင်ကြောင်း ပြောပါတယ်။

ဒီအထောက်အကူဟာ သမ္မတရဲ့ လုပ်ပိုင်ခွင့်အာဏာအရ ပေးအပ်တဲ့ အကူအညီဖြစ်ကြောင်းလည်း ပြောပါတယ်။ အခု နောက်ဆုံးပေးအပ်တဲ့ အကူအညီအပါအဝင် အမေရိကန်က ယူကရိန်းကို စစ်ရေးအကူညီ ဒေါ်လာ ၃၂ ဘီလီယံကျော်ပေးအပ်ခဲ့တာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

အီးယူ ဥရောပသမဂ္ဂ နိုင်ငံတွေကလည်း ယူကရိန်းအတွက် ဒေါ်လာ သန်း ၁,၀၀၀ နီးပါး အကူအညီတွေ ပေးပို့ခဲ့တာပါ။

တချိန်ထဲမှာပဲ ယူကရိန်းအရှေ့ပိုင်း Bakhmut မြို့ တဝိုက်မှာတော့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွါးနေကြောင်း ယူကရိန်း အမျိုးသားအစောင့်တပ် ဒုတိယအကြီးအကဲ Volodymyr Nazarenko က ပြောပါတယ်။ ရုရှားကြေးစားတပ်ဖွဲ့ Wagner အဖွဲ့ အကြီးအကဲက ဒီမြို့တဝိုက်က ယူကရိန်းတပ်တွေရဲ့ အသက်ကို ကယ်ချင်ရင် တပ်တွေပြန်ဆုတ်ခိုင်းဖို့ ယူကရိန်းသမ္မတ Volodymyr Zelenskyy ကို တောင်းဆိုနေပါတယ်။ ဒါပေမယ့် ယူကရိန်း တပ်သားတွေကတော့ ဒီမြို့ကို ပြန်ရဖို့ နည်းမျိုးစုံနဲ့ ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

=== {{ UNICODE }} ===







XS
SM
MD
LG