သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားမစ်ဇိုင်းဒုံး တိုက်ခိုက်မှုကြောင့် ယူကရိန်းမှာ အရပ်သားအများအပြား သေကျေထိခိုက် 


Russian missile strikes in Kyiv
Russian missile strikes in Kyiv

ရုရှားမစ်ဇိုင်းဒုံး တိုက်ခိုက်မှုကြောင့် ယူကရိန်းမှာ အရပ်သားအများအပြား သေကျေထိခိုက်

{{Zawgyi/Unicode}}
ရုရှားနဲ့ ခရိုင်းမီးယားဒေသ ဆက်သွယ်ထားတဲ့ တံတားကြီ းတိုက်ခိုက်ခံခဲ့ရပြီးနောက် လက်တုံ့ပြန်တဲ့ အနေနဲ့ ရုရှားက ယူကရိန်းမြို့တော် Kyiv အပါအဝင်နေရာချို့ကို တနင်္လာနေ့က မစ်ဇိုင်းဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ခိုက်မှုတွေကြောင့် အရပ်သား အများအပြား သေကျေ ထိခိုက်ခဲ့ရကြောင်းလည်း ကုလသမဂ္ဂဆိုင်ရာ ယူကရိန်း သံအမတ်ကြီး က ပြောပါတယ်။

“ အနည်းဆုံး အရပ်သား ၁၄ ဦးသေဆုံးပြီး၊ ၉၇ ဦးဒါဏ်ရာရခဲ့ပါတယ်။ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက် တာဟာ စစ်ရာဇဝတ်မှုမြောက်ပါတယ်။ ကျောင်းသွားနေတဲ့ကလေးတွေ၊ အလုပ်သွားနေတဲ့ အရပ်သားတွေနဲ့ အိပ်စက် အနားယူနေသူတွေကို မစ်ဇိုင်းဒုန်းနဲ့ ပစ်ခတ်တိုက်ခိုက်တာဟာ အကြမ်းဖက် လုပ်ရပ်ဖြစ်တာကြောင့် ဝိုင်ဝန်းဟန့်တားကြဖို့ လိုပါတယ်။” လို့ ယူကရိန်းသံအမတ်ကြီး Sergyi Kyslytsya က တနင်္လာနေ့ ကုလသမဂ္ဂမှာ ပြောဆိုသွားခဲ့တာပါ။

Cruise မစ်ဇိုင်းဒုံး ၈၄ လုံး၊ ဒရုန်း ၂၄ စင်းနဲ့ ယူကရိန်းရဲ့ နေရာ ၁၄ ခုကို တိုက်ခိုက်ခဲ့ပြီး အများစုကမြို့တော် Kyivရဲ့ လူနေထူ ထပ်တဲ့ မြို့လည်ကို ထိမှန်ခဲ့တယ်လို့ ယူကရိန်းစစ်တပ်က ပြောပါတယ်။ အမေရိကန်သမတ ဂျိုးဘိုင်ဒင်နဲ့ အနောက်တိုင်း မဟာမိတ်တွေကလည်း ဒီတိုက်ခိုက်မှုကိုရှုံ့ချလိုက်ပြီး၊ ယူကရိန်းကို စစ်လက်နက် ပစ္စည်းတွေ ဆက်လက်ထောက်ပံ သွားမယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒီတိုက်ခိုက်မှုဟာ ယူကရိန်းပြည်သူတွေ ဘက်ရပ်တည်သွားဖို့ ဆုံးဖြတ်ချက်ကို ပိုမိုခိုင်မာစေတယ်လို့ သမ္မတ ဂျိုးဘိုင်ဒင် က သူ့ရဲ့ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဥရောပ ကော်မရှင် ဥက္ကဌ Ursula von der Leyen ကလည်း ဒီတိုက်ခိုက်မှုကြောင့် စိုးရိမ်ထိတ်လန့်မိကြောင်းနဲ့ ဒါဟာ သမ္မတ ပူတင်နဲ့ ရုရှားရဲ့ ရက်စက်ကြမ်းကြုတ်မှုနဲ့ အကြမ်းဖက်မှုကို ဖေါ်ပြတာ ဖြစ်တယ်လို့ ပြောဆိုပါတယ်။ သမ္မတ ပူတင်ကတော့ ယူကရိန်းရဲ့ စွမ်းအင်၊ စစ်ဘက်နဲ့ ဆက်သွယ်ရေး ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ တာဖြစ်ပြီး၊ စနေနေ့က ခရိုင်းမီးယား တံတားကို တိုက်ခိုက်ခဲ့တဲ့အတွက် လက်တုံ့ပြန်တာလို့ ရုရှာ းလုံခြုံရေးကောင်စီအစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

..............................................


{{Zawgyi/Unicode}}




XS
SM
MD
LG