သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်း နယ်ခြားစောင့်တပ်စခန်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး သွားရောက်ကြည့်ရှု

Kyiv Oblast အရပ်မှာရှိတဲ့ နယ်ခြားစောင့် တပ်စခန်းတခုကို လေ့လာကြည့်ရှုနေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Anthony Blinken (စက်တင်ဘာ ၇၊ ၂၀၂၃)
Kyiv Oblast အရပ်မှာရှိတဲ့ နယ်ခြားစောင့် တပ်စခန်းတခုကို လေ့လာကြည့်ရှုနေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Anthony Blinken (စက်တင်ဘာ ၇၊ ၂၀၂၃)

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Anthony Blinken ဟာ သူ့ရဲ့ ယူကရိန်းခရီးစဉ် ဒုတိယမြောက်နေ့ ဒီနေ့ကြာသပတေးနေ့မှာ Kyiv မြို့တော်ကို လှည့်ပတ်လေ့လာခဲ့သလို ယူကရိန်းစစ်တပ်တာဝန်ရှိသူတွေနဲ့တွေ့ဆုံပြီး၊ စစ်လက်နက်ပစ္စည်းတွေကို ကြည့်ရှုခဲ့ပါတယ်။ အမေရိကန်က လှူဒါန်းထားတဲ့ ကျည်ကာတွေ၊ လက်နက်တွေ၊ ယာဉ်တွေက ယူကရိန်းစစ်သားတွေရဲ့ အသက်ကို ဘယ်လိုကာကွယ်ပေးနိုင်ခဲ့တယ်ဆိုတာ ယူကရိန်းစစ်တပ်တာဝန်ရှိသူတွေက ဝန်ကြီး Blinken ကိုရှင်းပြခဲ့ပါတယ်။ Kyiv Oblast အရပ်မှာရှိတဲ့ နယ်ခြားစောင့် တပ်စခန်းတခုက bunker တခုထဲကိုလည်း ဝင်ရောက် လေ့လာကြည့်ရှုခဲ့ပါတယ်။ ယူကရိန်းနယ်ခြားစောင့်တပ်တွေရဲ့ ရဲရင့်မှုကို အသိအမှတ်ပြုလေးစား ဂုဏ်ယူကြောင်း ပြောကြားခဲ့ပါတယ်။

သူ့ခရီးစဉ် ပထမနေ့ဖြစ်တဲ့ ဗုဒ္ဓဟူးနေ့ကတော့ ယူကရိန်းအတွက် အမေရိကန်က ဒေါ်လာ ၁ ဘီလျံဖိုး အကူအညီသစ်တွေ ပေးမယ့်အကြောင်း ကြေညာခဲ့ပါတယ်။ အဲဒီ အကူအညီတွေထဲမှာ လေကြောင်းရန်ကာကွယ်ရေး လက်နက်ကိရိယာတွေ၊ လက်နက်ကြီးကျည်တွေ၊ တင့်ကားဖျက်လက်နက်တွေ၊ အရင်ထဲက ပေးဖို့ကတိပြုထားတဲ့ Abrams တင့်ကားတွေအတွက် ကျည်တွေနဲ့ တခြားကိရိယာတွေ ပါဝင်ပါတယ်။ ယူကရိန်းအပေါ် ပမာဏအမြောက်အများ ရေရှည်ကူညီထောက်ပံ့ဖို့ အမေရိကန်ပြည်သူတွေနဲ့ လွှတ်တော်အမတ်တွေရဲ့ ထောက်ခံမှု မရတော့မှာ သူ့အနေနဲ့ စိုးရိမ်မှု မရှိဘူးလို့ သတင်းစာရှင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။ ဒါပေမဲ့ ယူကရိန်းစစ်ပွဲ အနိုင်ရရေး Biden အစိုးရရဲ့ မဟာဗျူဟာကို တိတိကျကျသိလိုတယ်လို့ အထက်လွှတ်တော် Republican အမတ် Bill Hagerty က ဗွီအိုအေကိုပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG