သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပြင်းထန်ဆုံး တန်ပြန်ထိုးစစ် ယူကရိန်းဆင်နွှဲ


RUSSIA-UKRAINE-CONFLICT-PSKOV-DRONES
RUSSIA-UKRAINE-CONFLICT-PSKOV-DRONES

၁၈ လ ကြာမြင့်ခဲ့ပြီဖြစ်တဲ့ ရုရှားကျူးကျော်စစ်ကာလအတွင်း အပြင်းထန်ဆုံး တန်ပြန်ထိုးနှက်တိုက်ခိုက်မှုအဖြစ် ယူကရိန်းက ဗုဒ္ဓဟူးနေ့အစောပိုင်းမှာ ရုရှားကို ဒရုန်းတွေနဲ့ တသုတ်ပြီးတသုတ် တိုက်ခိုက်လိုက်ပါတယ်။

ရုရှားရဲ့ ဒေသ ၆ ခုကို ပစ်မှတ်ထား ၄ နာရီကြာတိုက်ခဲ့တာဖြစ်ပြီး အဲဒီအနက် တခုကတော့ အက်စ်တိုးနီးယား၊ လတ်ဗီးယားနဲ့ ရုရှားနယ်စပ်နားကလေဆိပ် ဖြစ်ပါတယ်။ ဒရုန်းတိုက်ခိုက်မှုကြောင့် ရုရှားရဲ့ ILYUSHIN IL-76 စစ်သယ်ယူပို့ဆောင်ရေးလေယာဉ် ၄ စင်း မီးလောင်ပျက်စီးခဲ့တယ်လို့ ရုရှား တာ့စ် သတင်းဌာနကပြောပါတယ်။

ရုရှားနိုင်ငံတွင်း ဝင်ရောက်တိုက်ခိုက်တယ်လို့ ယူကရိန်းက ပြောလေ့မရှိတဲ့အတိုင်း ခုလိုတိုက်တာနဲ့ပတ်သက်ပြီးတော့လည်း၊ ယူကရိန်းဘက်က ဘာမှမပြောပါဘူး။

ရုရှားက ဒရုန်းတွေ ဒုံးကျည်တွေနဲ့ ယူကရိန်း မြို့တော်ကိဗ်ကို ပြန်လှန်တိုက်ခိုက်ခဲ့ရာမှာ လူ ၂ ယောက်သေဆုံးခဲ့တယ်လို့ ယူကရိန်းတာဝန်ရှိသူတွေကပြောပါတယ်။ နွေဦးကတည်းကဆိုရင် ဒါဟာ အကြီးဆုံးတိုက်ခိုက်တာဖြစ်တယ်လို့ ကိဗ်မြို့ စစ်အုပ်ချုပ်ရေးအကြီးအကဲ ဆာဂေး ပေါ့်ပ်ကို (Sergei Popko) က ပြောပါတယ်။ ယူကရိန်းစစ်တပ်က ပစ်ချလိုက်တာကိုက ဒရုန်းနဲ့ ဒုံးကျည်ပေါင်း ၂၀ ကျော် ရှိတယ်လို့ ဆိုပါတယ်။

အနောက်နိုင်ငံတွေရဲ့ ဂြိုဟ်တုက သေချာလေ့လာထားတဲ့သတင်းအချက်အလက်တွေမရှိဘဲ ဒရုန်းတွေ ဒီလောက်ဝေးဝေး ရုရှား နိုင်ငံအတွင်းပျံသန်းဖို့ မဖြစ်နိုင်တာကြောင့် ဒါဟာ နိုင်ငံခြား အကူအညီအပေါ်အားထားပြီး ယူကရိန်းက လုပ်ဆောင်တာသာဖြစ်တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ မာရီယာ ဇာခါရိုဗာ (Maria Zakharova) က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG