သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဋိပက္ခဖြစ်နေတဲ့ ဘယ်ဒေသကိုမှ လက်နက်မရောင်းလို့ တရုတ်တုံ့ပြန် 

တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ ဝမ်ဝမ်ဘင်း (Wang Wenbin) ကို ပေကျင်းမြို့ သတင်းစာရှင်းလင်းပွဲတခုအတွင်းတွေ့ရစဉ် (ဇူလိုင် ၁၇၊ ၂၀၂၀)
တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ ဝမ်ဝမ်ဘင်း (Wang Wenbin) ကို ပေကျင်းမြို့ သတင်းစာရှင်းလင်းပွဲတခုအတွင်းတွေ့ရစဉ် (ဇူလိုင် ၁၇၊ ၂၀၂၀)

ပဋိပက္ခ ဖြစ်နေတဲ့ ဘယ်ဒေသကိုမဆို လက်နက် ရောင်းမှာ မဟုတ်ဘူး လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဒီနေ့ သောကြာနေ့ မှာ ပြောလိုက်ပါတယ်။ တရုတ်ကုမ္ပဏီတစ်ခုက ရုရှားကို အဝေးထိန်း ဒရုန်းယာဉ်တွေရောင်းချဖို့ ညှိုနှိုင်းနေတယ်ဆိုတဲ့သတင်းနဲ့ပါတ်သက်လို့ တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရ Wang Wenbin ကခုလိုတုံ့ပြန်ခဲ့တာဖြစ်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ စစ်ရေးဆိုင်ရာ ပို့ကုန်တွေနဲ့ ပတ်သက်ပြီး တာဝန်သိသိ၊ အမြော်အမြင်ရှိရှိ သဘောထားနဲ့ လုပ်ဆောင်နေပါတယ်လို့ သူကပြောပါတယ်။ ပဋိပက္ခ ဖြစ်နေတဲ့ ဒေသတွေ ဒါမှမဟုတ် စစ်မှာ ပါနေတဲ့ အဖွဲ့တွေဆိုရင် ဘယ်ဒေသ၊ ဘယ်အဖွဲ့ကိုမှ တရုတ်က လက်နက်ရောင်းမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ တရုတ်အနေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ မြှင့်တင် ဆောင်ရွက်နေတယ်လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရ Wang Wenbin ကပြောကြားသွားခဲ့တာဖြစ်ပါတယ်။
ရုရှားက အသက်သေစေနိုင်တဲ့ ပစ္စည်းတွေရုရှားကို ရောင်းဖို့ စဉ်းစားနေတယ်ဆိုတဲ့ သတင်းတွေကြောင့် အမေရိကန်အနေနဲ့ စိုးရိမ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Anthony Blinken ကပြောကြားထားပါတယ်။ ယူကရိန်းစစ်ပွဲ အဆုံးသပ်ဖို့ တရုတ်က အဆိုပြုလိုက်တဲ့ ၁၂ ချက်ပါ ငြိမ်းချမ်းရေး အဆိုပြုချက်ရဲ့ နံပါတ် ၁ အချက်ကို လိုက်နာရင်ကို စစ်ပွဲအဆုံးသပ်နိုင်တယ်လို့လည်း အမေရိကန်လုံခြုံရေးအကြံပေး Jake Sullivan က ပြောကြားခဲ့ပါတယ်။ တိုင်းပြည်တစ်ပြည်ရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေကို လေးစားဖို့ နံပတ် ၁ အချက် က ပြောထားတာပါ။ ယူကရိန်းက ရုရှားကို ဝင်တိုက်တာ မဟုတ်သလို၊ အမေရိကန်နဲ့ နိုင်ငံတကာကလည်း ရုရှားကို ဝင်တိုက်တာ မဟုတ်ဘဲ ရုရှားကသာ ယူကရိန်းကို ကျူးကျော်ဝင်တိုက်တာကြောင့် ဖြစ်ပါတယ်လို့ သူကပြောပါတယ်။ ယူကရိန်းကို ရုရှားကျူးကျော်ခဲ့တဲ့အပေါ် တရုတ်က ရှုတ်ချခဲ့ခြင်း မရှိတဲ့အတွက် ကြားဝင်ဖို့ ငြိမ်းချမ်းရေး အဆိုပြုရာမှာ တရုတ်က ယုံကြည်နိုင်လောက်တဲ့ အနေအထားမရှိဘူးလို့ နေတိုးအတွင်းရေးမှူးချုပ် Jens Stoltenberg က ဒီနေ့ သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။

ပဋိပက္ခဖြစ်နေတဲ့ ဘယ်ဒေသကိုမှ လက်နက်မရောင်းလို့ တရုတ်တုံ့ပြန်
please wait

No media source currently available

0:00 0:01:17 0:00
တိုက်ရိုက် လင့်ခ်

[Unicode]



This item is part of

ဆက်စပ်သတင်းများ ...

XS
SM
MD
LG