သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ပဋိပကၡျဖစ္ေနတဲ့ ဘယ္ေဒသကိုမွ လက္နက္မေရာင္းလို႔ တ႐ုတ္တုံ႔ျပန္ 


တ႐ုတ္ႏိုင္ငံျခားေရးဌာန ေျပာခြင့္ရ ဝမ္ဝမ္ဘင္း (Wang Wenbin) ကို ေပက်င္းၿမိဳ႕ သတင္းစာရွင္းလင္းပြဲတခုအတြင္းေတြ႔ရစဥ္ (ဇူလိုင္ ၁၇၊ ၂၀၂၀)

ပဋိပကၡ ျဖစ္ေနတဲ့ ဘယ္ေဒသကိုမဆို လက္နက္ ေရာင္းမွာ မဟုတ္ဘူး လို႔ တ႐ုတ္ ႏိုင္ငံျခားေရး ဝန္ႀကီးဌာနက ဒီေန႔ ေသာၾကာေန႔ မွာ ေျပာလိုက္ပါတယ္။ တ႐ုတ္ကုမၸဏီတစ္ခုက ႐ုရွားကို အေဝးထိန္း ဒ႐ုန္းယာဥ္ေတြေရာင္းခ်ဖို႔ ညႇိဳႏႈိင္းေနတယ္ဆိုတဲ့သတင္းနဲ႔ပါတ္သက္လို႔ တ႐ုတ္ႏိုင္ငံျခားေရးဌာနေျပာခြင့္ရ Wang Wenbin ကခုလိုတုံ႔ျပန္ခဲ့တာျဖစ္ပါတယ္။ တ႐ုတ္ႏိုင္ငံအေနနဲ႔ စစ္ေရးဆိုင္ရာ ပို႔ကုန္ေတြနဲ႔ ပတ္သက္ၿပီး တာဝန္သိသိ၊ အေျမာ္အျမင္ရွိရွိ သေဘာထားနဲ႔ လုပ္ေဆာင္ေနပါတယ္လို႔ သူကေျပာပါတယ္။ ပဋိပကၡ ျဖစ္ေနတဲ့ ေဒသေတြ ဒါမွမဟုတ္ စစ္မွာ ပါေနတဲ့ အဖြဲ႕ေတြဆိုရင္ ဘယ္ေဒသ၊ ဘယ္အဖြဲ႕ကိုမွ တ႐ုတ္က လက္နက္ေရာင္းမွာ မဟုတ္ဘူးလို႔ ေျပာပါတယ္။ တ႐ုတ္အေနနဲ႔ ၿငိမ္းခ်မ္းေရး ေဆြးေႏြးဖို႔ ျမႇင့္တင္ ေဆာင္႐ြက္ေနတယ္လို႔ ႏိုင္ငံျခားေရးဌာန ေျပာခြင့္ရ Wang Wenbin ကေျပာၾကားသြားခဲ့တာျဖစ္ပါတယ္။
႐ုရွားက အသက္ေသေစႏိုင္တဲ့ ပစၥည္းေတြ႐ုရွားကို ေရာင္းဖို႔ စဥ္းစားေနတယ္ဆိုတဲ့ သတင္းေတြေၾကာင့္ အေမရိကန္အေနနဲ႔ စိုးရိမ္တယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Anthony Blinken ကေျပာၾကားထားပါတယ္။ ယူကရိန္းစစ္ပြဲ အဆုံးသပ္ဖို႔ တ႐ုတ္က အဆိုျပဳလိုက္တဲ့ ၁၂ ခ်က္ပါ ၿငိမ္းခ်မ္းေရး အဆိုျပဳခ်က္ရဲ႕ နံပါတ္ ၁ အခ်က္ကို လိုက္နာရင္ကို စစ္ပြဲအဆုံးသပ္ႏိုင္တယ္လို႔လည္း အေမရိကန္လုံၿခဳံေရးအႀကံေပး Jake Sullivan က ေျပာၾကားခဲ့ပါတယ္။ တိုင္းျပည္တစ္ျပည္ရဲ႕ အခ်ဳပ္အျခာအာဏာနဲ႔ နယ္ေျမကို ေလးစားဖို႔ နံပတ္ ၁ အခ်က္ က ေျပာထားတာပါ။ ယူကရိန္းက ႐ုရွားကို ဝင္တိုက္တာ မဟုတ္သလို၊ အေမရိကန္နဲ႔ ႏိုင္ငံတကာကလည္း ႐ုရွားကို ဝင္တိုက္တာ မဟုတ္ဘဲ ႐ုရွားကသာ ယူကရိန္းကို က်ဴးေက်ာ္ဝင္တိုက္တာေၾကာင့္ ျဖစ္ပါတယ္လို႔ သူကေျပာပါတယ္။ ယူကရိန္းကို ႐ုရွားက်ဴးေက်ာ္ခဲ့တဲ့အေပၚ တ႐ုတ္က ရႈတ္ခ်ခဲ့ျခင္း မရွိတဲ့အတြက္ ၾကားဝင္ဖို႔ ၿငိမ္းခ်မ္းေရး အဆိုျပဳရာမွာ တ႐ုတ္က ယုံၾကည္ႏိုင္ေလာက္တဲ့ အေနအထားမရွိဘူးလို႔ ေနတိုးအတြင္းေရးမႉးခ်ဳပ္ Jens Stoltenberg က ဒီေန႔ ေသာၾကာေန႔မွာ ေျပာၾကားလိုက္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode]

ပဋိပက္ခဖြစ်နေတဲ့ ဘယ်ဒေသကိုမှ လက်နက်မရောင်းလို့ တရုတ်တုံ့ပြန်

ပဋိပက္ခ ဖြစ်နေတဲ့ ဘယ်ဒေသကိုမဆို လက်နက် ရောင်းမှာ မဟုတ်ဘူး လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဒီနေ့ သောကြာနေ့ မှာ ပြောလိုက်ပါတယ်။ တရုတ်ကုမ္ပဏီတစ်ခုက ရုရှားကို အဝေးထိန်း ဒရုန်းယာဉ်တွေရောင်းချဖို့ ညှိုနှိုင်းနေတယ်ဆိုတဲ့သတင်းနဲ့ပါတ်သက်လို့ တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရ Wang Wenbin ကခုလိုတုံ့ပြန်ခဲ့တာဖြစ်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ စစ်ရေးဆိုင်ရာ ပို့ကုန်တွေနဲ့ ပတ်သက်ပြီး တာဝန်သိသိ၊ အမြော်အမြင်ရှိရှိ သဘောထားနဲ့ လုပ်ဆောင်နေပါတယ်လို့ သူကပြောပါတယ်။ ပဋိပက္ခ ဖြစ်နေတဲ့ ဒေသတွေ ဒါမှမဟုတ် စစ်မှာ ပါနေတဲ့ အဖွဲ့တွေဆိုရင် ဘယ်ဒေသ၊ ဘယ်အဖွဲ့ကိုမှ တရုတ်က လက်နက်ရောင်းမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ တရုတ်အနေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ မြှင့်တင် ဆောင်ရွက်နေတယ်လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရ Wang Wenbin ကပြောကြားသွားခဲ့တာဖြစ်ပါတယ်။
ရုရှားက အသက်သေစေနိုင်တဲ့ ပစ္စည်းတွေရုရှားကို ရောင်းဖို့ စဉ်းစားနေတယ်ဆိုတဲ့ သတင်းတွေကြောင့် အမေရိကန်အနေနဲ့ စိုးရိမ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Anthony Blinken ကပြောကြားထားပါတယ်။ ယူကရိန်းစစ်ပွဲ အဆုံးသပ်ဖို့ တရုတ်က အဆိုပြုလိုက်တဲ့ ၁၂ ချက်ပါ ငြိမ်းချမ်းရေး အဆိုပြုချက်ရဲ့ နံပါတ် ၁ အချက်ကို လိုက်နာရင်ကို စစ်ပွဲအဆုံးသပ်နိုင်တယ်လို့လည်း အမေရိကန်လုံခြုံရေးအကြံပေး Jake Sullivan က ပြောကြားခဲ့ပါတယ်။ တိုင်းပြည်တစ်ပြည်ရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေကို လေးစားဖို့ နံပတ် ၁ အချက် က ပြောထားတာပါ။ ယူကရိန်းက ရုရှားကို ဝင်တိုက်တာ မဟုတ်သလို၊ အမေရိကန်နဲ့ နိုင်ငံတကာကလည်း ရုရှားကို ဝင်တိုက်တာ မဟုတ်ဘဲ ရုရှားကသာ ယူကရိန်းကို ကျူးကျော်ဝင်တိုက်တာကြောင့် ဖြစ်ပါတယ်လို့ သူကပြောပါတယ်။ ယူကရိန်းကို ရုရှားကျူးကျော်ခဲ့တဲ့အပေါ် တရုတ်က ရှုတ်ချခဲ့ခြင်း မရှိတဲ့အတွက် ကြားဝင်ဖို့ ငြိမ်းချမ်းရေး အဆိုပြုရာမှာ တရုတ်က ယုံကြည်နိုင်လောက်တဲ့ အနေအထားမရှိဘူးလို့ နေတိုးအတွင်းရေးမှူးချုပ် Jens Stoltenberg က ဒီနေ့ သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG