သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နဲ့ နိုင်ငံခြားရေးဝန်ကြီးအဆင့်တွေ့နိုင်ဖို့ ကန်စီစဉ်နေ


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken (ယာ)နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi (ဝဲ)တို့ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ တွေ့ဆုံနေစဉ် (ဇူလိုင် ၉ ၊ ၂၀၂၂)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken (ယာ)နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi (ဝဲ)တို့ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ တွေ့ဆုံနေစဉ် (ဇူလိုင် ၉ ၊ ၂၀၂၂)

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ တရုတ် ထိပ်တန်းသံတမန် Wang Yi တို့ မနက်ဖြန် ဥရောပမှာ ကျင်းပမယ့် လုံခြုံရေး ညီလာခံအတွင်း တွေ့ဆုံနိုင်ရေး အမေရိကန်ပြည်ထောင်စုဘက်က ပြင်ဆင်နေတဲ့အကြောင်း အမည်မဖော်လိုတဲ့ သံအရာရှိတဦးက ဗွီအိုအေကို ပြောပါတယ်။ ဒီလစောစောပိုင်း တရုတ်နိုင်ငံဘက်က လွှတ်တဲ့ ထောက်လှမ်းရေး မိုးပျံပူဖောင်းကို အမေရိကန်ဘက်က ပစ်ချပြီးတဲ့နောက်မှာ ပထမဆုံးအကြိမ် နှစ်နိုင်ငံ ထိပ်တန်း သံတမမန် ၂ ဦး ဂျာမနီနိုင်ငံမှာ ကျင်းပမယ့် Munich လုံခြုံရေး ညီလာခံ အစည်းအဝေး အစီအစဉ် ပြင်ပမှာ မျက်နှာချင်းဆိုင် တွေ့ဆုံကြမှာပါ။ တရုတ်ထောက်လှမ်းရေး မိုးပျံပူဖောင်း ကိစ္စ ပေါ်လာခဲ့တာကြောင့် ဝန်ကြီး Blinken တရုတ်နိုင်ငံသွားမယ့် ခရီးစဉ် ရွေ့ဆိုင်းခဲ့ရပါတယ်။

အမေရိကတိုက်ပေါ်မှာ တရုတ် ထောက်လှမ်းရေး မိုးပျံပူဖောင်း ပျံသန်းခဲ့တဲ့ ကိစ္စဟာ တာဝန်မဲ့တဲ့လုပ်ရပ်ဖြစ်သလို၊ အမေရိကန်ရဲ့ အချုပ်အခြာအာဏာနဲ့ နိုင်ငံတကာဥပဒေကို ချိုးဖောက်တာလို့ ဖေဖော်ဝါရီလ ၃ ရက်နေ့ကပဲ ဝန်ကြီး Blinken က Wang Yi ဆီ ဖုန်းဆက်ပြောကြားခဲ့ပါတယ်။ တရုတ်နိုင်ငံကတော့ အဲဒီ မိုးပျံပူဖောင်းဟာ ရာသီဥတု စူးစမ်းလေ့လာတဲ့ ပူဖောင်းဖြစ်ပြီး အမေရိကတိုက်ထဲကို လေနဲ့ လွင့်ပါသွားခဲ့တာလို့ တုံ့ပြန်ပါတယ်။ ၂၀၂၂ ခုနှစ် မေလ နောက်ပိုင်းမှာ အမေရိကန်ဘက်ကလည်း မိုးပျံပူဖောင်းတွေ ၁၀ ကြိမ်ထက်မနည်း တရုတ်ပြည်မကြီးပေါ် ရောက်လာခဲ့တယ်လို့လည်း ပြောဆိုထားပြီး အမေရိကန်ပြည်ထောင်စုကတော့ ဒီပြောဆိုချက်ကို ငြင်းဆိုထားပါတယ်။

မိုးပျံပူဖောင်း ပစ်ချခဲ့ပြီးနောက်ပိုင်း တရုတ်စစ်တပ်ဘက်က ပန်တဂွန်စစ်ဌာနချုပ်က အရာရှိတွေနဲ့ ဆက်သွယ်ပြောဆိုဖို့ ငြင်းဆိုနေတာကြောင့် ဒါဟာ အန္တရာယ်ကြီးတဲ့အကြောင်းနဲ့ နှစ်နိုင်ငံအကြား ဆက်သွယ်ပြောဆိုနိုင်မယ့်လိုင်း ဖွင့်ထားဖို့လိုတယ်ဆိုပြီး အမေရိကန်အရာရှိတွေက ပြောဆိုပါတယ်။

တရုတ်နဲ့ နိုင်ငံခြားရေးဝန်ကြီးအဆင့်တွေ့နိုင်ဖို့ ကန်စီစဉ်နေ
please wait

No media source currently available

0:00 0:01:19 0:00
တိုက်ရိုက် လင့်ခ်

[Unicode]





XS
SM
MD
LG