သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကန္ပိုင္နက္ တ႐ုတ္ရဲရဲတင္းတင္းက်ဴးေက်ာ္လို႔ ေအာက္လႊတ္ေတာ္ဆံုးျဖတ္  


အေမရိကန္ျပည္ေထာင္စု ေတာင္ကယ္႐ိုလိုင္းနားျပည္နယ္ Myrtle ကမ္းလြန္မွာ ပစ္ခ်ခံထားရတဲ့ တ႐ုတ္ေထာက္လွမ္းေရးမိုးပ်ံပူေပါင္းအပိုင္းအစမ်ားကို အေမရိကန္ေရတပ္ကဆယ္ယူေနစဥ္ (ေဖေဖာ္ဝါရီ ၅၊ ၂၀၂၃)

တ႐ုတ္ ေထာက္လွမ္ေရး မိုးပ်ံပူေဖာင္းႀကီးေတြ အေမရိကန္ပိုင္နက္ ေ၀ဟင္ထဲေရာက္လာတာဟာ အေမရိကန္ပိုင္နက္ကို ေျပာင္ေျပာင္တင္းတင္းခ်ဳိးေဖာက္တဲ့ လုပ္ရပ္ျဖစ္တယ္လို႔ အေမရိကန္ ေအာက္လႊတ္ေတာ္က ၾကာသပေတးေန႔က တညီတၫြတ္တည္း ဆံုးျဖတ္ခ်က္ခ်လိုက္ပါတယ္။ အေမရိကန္ေဝဟင္မွာ ပ်ံသန္းခဲ့တဲ့ မိုးပ်ံပူေဖာင္းႀကီးကို အေမရိကန္စစ္တပ္ တိုက္ေလယာဥ္ေတြ ပစ္ခ်ခဲ့တာနဲ႔ပါတ္သက္လို႔ အထက္လႊတ္ေတာ္မွာ ၾကားနာခဲ့တာပါ။ ဒီကိစၥနဲ႔ပါတ္သက္တဲ့ အခ်က္အလက္ေတြကို အစိုးရတာဝန္ရွိသူေတြက လႊတ္ေတာ္အမတ္ေတြကို သီးသန္႔ ရွင္းလင္းေျပာၾကားခဲ့ၾကပါတယ္။
ပါတီ ၂ ရပ္ေပါင္းလႊတ္ေတာ္အမတ္ေတြပါတဲ့ ၾကားနာပြဲမွာ တ႐ုတ္တို႔ရဲ႕ မ်က္ႏွာေျပာင္တိုက္ က်ဴးလြန္မႈျဖစ္တယ္လို႔ ဆံုးျဖတ္ခဲ့ၾကတာပါ။ ဒါဟာ ႏိုင္ငံေရးအရ လႊမ္းမိုးဖို႔ ႀကိဳးစားတဲ့ လုပ္ရပ္လို႔ ဆိုၿပီး တ႐ုတ္အစိုးရက အျပင္းအထန္ ကန္႔ကြက္တဲ့အေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရးဌာန ေျပာခြင့္ရက ဒီကေန႔ သတင္းစာရွင္းလင္းပြဲမွာ တံု႔ျပန္ပါတယ္။ ဒီမိုးပ်ံပူေဖာင္းႀကီးေတြဟာ အေမရိကန္စြပ္စြဲသလို ေထာက္လွမ္းေရး ပူေဖာင္းေတြ မဟုတ္ဘဲ၊ မိုးေလ၀သဆိုင္ရာ အခ်က္အလက္ေတြ ေလ့လာစုေဆာင္းတဲ့ မိုးပ်ံ ပူေဖာင္းႀကီးေတြလို႔လည္း တ႐ုတ္က တံု႔ျပန္ထားပါတယ္။ ၿပီးခဲ့တဲ့သီတင္းပတ္က အေမရိကန္ ေ၀ဟင္ထဲမွာ ဒီ ေထာက္လွမ္းေရး မိုးပ်ံ ပူေဖာင္းႀကီးေတြ ေတြ႔ခဲ့ၿပီးတဲ့ေနာက္ အေမရိကန္ႏိုင္ငံျခားေရး၀န္ႀကီးဘလင္ကန္ တ႐ုတ္ႏိုင္ငံကိုသြားမယ့္ အဆင့္ျမင့္ ခရီးစဥ္ကို ေရႊ႕ဆိုင္းခဲ့ပါတယ္။ တ႐ုတ္မိုးပ်ံပူေပါင္းႀကီးေတြကို အေမရိကန္ျပည္ေထာင္စုမွာသာမက ကမာၻ႔တိုက္ႀကီး ၅ တိုက္မွာ ေတြ႕ရွိခဲ့တာျဖစ္ၿပီး ဒါနဲ႔ပတ္သက္လို႔ ရရွိထားတဲ့ အခ်က္အလက္ေတြကို မဟာမိတ္ႏိုင္ငံေတြကို မွ်ေဝထားတယ္လို႔ အေမရိကန္ အစိုးရက ေျပာပါတယ္။ တ႐ုတ္ရဲ႕ လုပ္ရပ္ဟာ အေမရိကန္ ျပည္ေထာင္စု တခုတည္းကို ပစ္မွတ္ထားတဲ့ အစီအစဥ္မဟုတ္ဘဲ ကမာၻေပၚက တျခားႏိုင္ငံေတြရဲ႕ အခ်ဳပ္အျခာကိုပါ ခ်ိဳးေဖာက္ေနတာ ျဖစ္တယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken က ေျမာက္အတၱလန္တိတ္ စာခ်ဳပ္ NATO မဟာမိတ္အဖြဲ႔အတြင္းေရးမႉးခ်ဳပ္ Jens Stoltenberg နဲ႔ ဗုဒၶဟူးေန႔က ပူးတြဲ သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode]

ကန်ပိုင်နက် တရုတ်ရဲရဲတင်းတင်းကျူးကျော်လို့ အောက်လွှတ်တော်ဆုံးဖြတ်

တရုတ် ထောက်လှမ်ရေး မိုးပျံပူဖောင်းကြီးတွေ အမေရိကန်ပိုင်နက် ဝေဟင်ထဲရောက်လာတာဟာ အမေရိကန်ပိုင်နက်ကို ပြောင်ပြောင်တင်းတင်းချိုးဖောက်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ အမေရိကန် အောက်လွှတ်တော်က ကြာသပတေးနေ့က တညီတညွတ်တည်း ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ အမေရိကန်ဝေဟင်မှာ ပျံသန်းခဲ့တဲ့ မိုးပျံပူဖောင်းကြီးကို အမေရိကန်စစ်တပ် တိုက်လေယာဉ်တွေ ပစ်ချခဲ့တာနဲ့ပါတ်သက်လို့ အထက်လွှတ်တော်မှာ ကြားနာခဲ့တာပါ။ ဒီကိစ္စနဲ့ပါတ်သက်တဲ့ အချက်အလက်တွေကို အစိုးရတာဝန်ရှိသူတွေက လွှတ်တော်အမတ်တွေကို သီးသန့် ရှင်းလင်းပြောကြားခဲ့ကြပါတယ်။
ပါတီ ၂ ရပ်ပေါင်းလွှတ်တော်အမတ်တွေပါတဲ့ ကြားနာပွဲမှာ တရုတ်တို့ရဲ့ မျက်နှာပြောင်တိုက် ကျူးလွန်မှုဖြစ်တယ်လို့ ဆုံးဖြတ်ခဲ့ကြတာပါ။ ဒါဟာ နိုင်ငံရေးအရ လွှမ်းမိုးဖို့ ကြိုးစားတဲ့ လုပ်ရပ်လို့ ဆိုပြီး တရုတ်အစိုးရက အပြင်းအထန် ကန့်ကွက်တဲ့အကြောင်း တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရက ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ တုံ့ပြန်ပါတယ်။ ဒီမိုးပျံပူဖောင်းကြီးတွေဟာ အမေရိကန်စွပ်စွဲသလို ထောက်လှမ်းရေး ပူဖောင်းတွေ မဟုတ်ဘဲ၊ မိုးလေဝသဆိုင်ရာ အချက်အလက်တွေ လေ့လာစုဆောင်းတဲ့ မိုးပျံ ပူဖောင်းကြီးတွေလို့လည်း တရုတ်က တုံ့ပြန်ထားပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်က အမေရိကန် ဝေဟင်ထဲမှာ ဒီ ထောက်လှမ်းရေး မိုးပျံ ပူဖောင်းကြီးတွေ တွေ့ခဲ့ပြီးတဲ့နောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဘလင်ကန် တရုတ်နိုင်ငံကိုသွားမယ့် အဆင့်မြင့် ခရီးစဉ်ကို ရွှေ့ဆိုင်းခဲ့ပါတယ်။ တရုတ်မိုးပျံပူပေါင်းကြီးတွေကို အမေရိကန်ပြည်ထောင်စုမှာသာမက ကမ္ဘာ့တိုက်ကြီး ၅ တိုက်မှာ တွေ့ရှိခဲ့တာဖြစ်ပြီး ဒါနဲ့ပတ်သက်လို့ ရရှိထားတဲ့ အချက်အလက်တွေကို မဟာမိတ်နိုင်ငံတွေကို မျှဝေထားတယ်လို့ အမေရိကန် အစိုးရက ပြောပါတယ်။ တရုတ်ရဲ့ လုပ်ရပ်ဟာ အမေရိကန် ပြည်ထောင်စု တခုတည်းကို ပစ်မှတ်ထားတဲ့ အစီအစဉ်မဟုတ်ဘဲ ကမ္ဘာပေါ်က တခြားနိုင်ငံတွေရဲ့ အချုပ်အခြာကိုပါ ချိုးဖောက်နေတာ ဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က မြောက်အတ္တလန်တိတ် စာချုပ် NATO မဟာမိတ်အဖွဲ့အတွင်းရေးမှူးချုပ် Jens Stoltenberg နဲ့ ဗုဒ္ဓဟူးနေ့က ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG