သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တ႐ုတ္ကုိ ရင္ဆုိင္ဖုိ႔ ပုိမိုနီးကပ္လာေနတဲ့ အေမရိကန္နဲ႔ ဖိလစ္ပုိင္ ဆက္ဆံေရး


U.S. Secretary of Defense Lloyd James Austin III shake hands with Philippine President Ferdinand Marcos Jr. during a courtesy call at the Malacanang Palace in Manila, Feb. 2, 2023.

=== [[ ZAWGYI ]] ===

တ႐ုတ္ကုိ ရင္ဆုိင္ဖုိ႔ ပုိမိုနီးကပ္လာေနတဲ့ အေမရိကန္နဲ႔ ဖိလစ္ပုိင္ ဆက္ဆံေရး

အေမရိကန္ကာကြယ္ေရးဝန္ႀကီး လြိဳက္ ေအာ္စတင္ မနီလာက အျပန္မွာ အေမရိကန္တပ္ေတြ ဖိလစ္ပိုင္ စစ္စခန္း အသစ္ေတြမွာ အသုံးျပဳခြင့္ သေဘာတူညီခ်က္ကို ရယူႏိုင္ခဲ့ၿပီး ႏွစ္ဖက္ ေခါင္းေဆာင္ေတြဟာ အင္ဒို-ပစိဖိတ္ ေဒသ အေရး ဘုံ အျမင္ သေဘာထားေတြ တည္ေဆာက္ႏိုင္ခဲ့ပါတယ္။

ဖိလစ္ပိုင္ႏိုင္ငံဟာ အေမရိကန္ ျပည္ေထာင္စုနဲ႔ ဆက္ဆံေရးကို တိုးျမႇင့္လိုက္ၿပီး ‌ေဒသတြင္းမွာ တ႐ုတ္ႏိုင္ငံရဲ႕ ၿခိမ္း‌ေျခာက္ ရန္လိုမႈေတြ ပို တိုးလာေနတာအေပၚ စိုးရိမ္ခ်က္နဲ႔အတူ အေမရိကန္တပ္ဖြဲ႕ ေတြ အတြက္ ေနာက္ထပ္ စစ္စခန္း ေလးခု အသုံးျပဳခြင့္ကို ဖိလစ္ပိုင္က ခြင့္ျပဳလိုက္ပါတယ္။ ဒီသေဘာတူညီမႈေၾကာင့္ အခုဆိုရင္ ဖိလစ္ပိုင္ေျမ‌ေပၚမွာ အေမရိကန္ စစ္တပ္ အကူအညီယူႏိုင္မယ့္ စစ္စခန္း အေရအတြက္က ကိုးခု အထိ တိုးလာခဲ့ပါၿပီ။

အေမရိကန္ ကာကြယ္ေရးဝန္ႀကီး လြိဳက္ ေအာ္စတင္ (Lloyd Austin) ရဲ႕ ႏွစ္ရက္တာ ခရီးစဥ္ အတြင္းမွာ ဖိလစ္ပိုင္ စစ္တပ္နဲ႔ လုံၿခဳံေရး ဆိုင္ရာ ထိပ္တန္း အရာရွိႀကီးေတြနဲ႔ ေဆြး‌ေႏြးပြဲေတြ ဆက္တိုက္ လုပ္ေဆာင္ခဲ့ၿပီး ရလဒ္ အေနနဲ႔ အခုလို သေဘာတူညီမႈ ရခဲ့တာပါ။

ၾကာသပေတးေန႔မွာ ထြက္လာတဲ့ အေမရိကန္-ဖိလစ္ပိုင္ ပူးတြဲ သတင္းထုတ္ျပန္ခ်က္မွာ စစ္စခန္း ေလးခုရဲ႕ ေနရာ နာမည္ေတြကို ေဖာ္ျပမထားပါဘူး။ ဒါေပမယ့္ ဒီေနရာေတြကေန “ဖိလစ္ပိုင္ မွာ ရာသီဥတု ဆိုင္ရာ သဘာဝကပ္ေဘးနဲ႔ လူသားခ်င္းစာနာမႈဆိုင္ရာ အကူအညီေတြ ေပးဖို႔ ပိုၿပီး လ်င္လ်င္ျမန္ျမန္ ေဆာင္႐ြက္ ႏိုင္မွာျဖစ္ၿပီး ႏွစ္ႏိုင္ငံၾကားက ဘုံရင္ဆိုင္ေနရတဲ့ စိန္ေခၚမႈ အခက္အခဲေတြကိုလည္း တုံ႔ျပန္ႏိုင္မယ္” လို႔ ထုတ္ျပန္ခ်က္မွာ ပါရွိပါတယ္။

အေမရိကန္နဲ႔ ဖိလစ္ပိုင္ဟာ ႏွစ္ႏိုင္ငံၾကားက ဆက္ဆံ‌ေရး ပို ေကာင္းမြန္မြန္လာဖို႔ ႏွစ္ဖက္ အဆင္ျမင့္ ေဆြးေႏြးပြဲေတြကို လေပါင္း အတန္ၾကာ ျပဳလုပ္ခဲ့ရၿပီး ရလဒ္ အျဖစ္ အခုလို ေအာ္စတင္ရဲ႕ ခရီးစဥ္ ျဖစ္ခဲ့သလို ဒီသေဘာတူညီမႈလည္း ရခဲ့တာပါ။

ေတာင္တ႐ုတ္ ပင္လယ္ျပင္မွာ ဖိလစ္ပိုင္ဘက္က ေရျပင္ပိုင္နက္ ေတာင္းဆိုေနတာ အ‌ေပၚ တ႐ုတ္ ဘက္က ရန္လိုတဲ့ တုံ႔ျပန္မႈေတြ တိုးလာေနၿပီး ဒါကို ရင္ဆိုင္ ေျဖရွင္းႏိုင္ဖို႔ အတြက္လည္း ဖိလစ္ပိုင္နဲ႔ အေမရိကန္ က ရည္႐ြယ္ထားၾကပါတယ္။

ဖိလစ္ပိုင္ သမၼတ ဖာဒီနန္ မားကို႔စ္ ဂ်ဴနီယာ Ferdinand Marcos Jr. ကေတာ့ တ႐ုတ္ႏိုင္ငံကို အမည္တပ္ ေျပာမသြားဘဲ ေဒသတြင္း တင္းမာမႈ အေျခအေနေတြက “အင္မတန္ ရႈပ္ေထြးတယ္” လို႔ ၾကာသပေတးေန႔က ေျပာပါတယ္။ “ကြၽန္ေတာ္တို႔ရဲ႕ မိတ္ေဆြေတြ၊ မဟာမိတ္ေတြရဲ႕ အကူအညီနဲ႔သာ လမ္းေၾကာင္းမွန္ အတိုင္း ေကာင္းေကာင္းမြန္မြန္ သြားႏိုင္မယ့္ ကိစၥပါ။”

“ဖိလစ္ပိုင္ရဲ႕ အနာဂတ္နဲ႔ အာရွပစိဖိတ္‌ေဒသႀကီးရဲ႕ အေရးကိစၥမွာ အေမရိကန္က အၿမဲပါဝင္ေနဦးမယ္လို႔ ကြၽန္ေတာ္ကေတာ့ ယူဆထားပါတယ္၊ ဘာေၾကာင့္လဲဆိုေတာ့ မိတ္ဖက္ ပူးေပါင္းေဆာင္႐ြက္မႈက သိပ္ကို ခိုင္ၿမဲေနၿပီး သမိုင္းအစဥ္ အဆက္ မွာလည္း ဘုံတူညီတဲ့ စိတ္ဓာတ္ခံယူခ်က္ေတြ ထပ္တူ သက္ေသထူခဲ့ၿပီးပါၿပီ” လို႔ သမၼတ အိမ္ေတာ္မွာ ဝန္ႀကီးေအာ္စတင္ကို ႀကိဳဆိုႏႈတ္ခြန္းဆက္ မိန႔္ခြန္း ေျပာရာမွာ မားကို႔စ္ဂ်ဴနီယာက ထည့္သြင္း ေျပာၾကားခဲ့ပါတယ္။

၂၀၁၄ ခုႏွစ္တုန္းက ကာကြယ္ေရး တိုးခ်ဲ႕ ပူး‌ေပါင္းေဆာင္႐ြက္မႈဆိုင္ရာ သေဘာတူညီခ်က္ တရပ္ကို ဖိလစ္ပိုင္နဲ႔ ခ်ဳပ္ဆိုႏိုင္ခဲ့ၿပီးေနာက္မွာ အေမရိကန္ဟာ ဖိလစ္ပိုင္က ရွိၿပီး စစ္အေျခစိုက္စခန္း ၅ ခုရဲ႕ အေျခခံ အေဆာက္အအုံေတြ တိုးတက္ဖြံ႕ၿဖိဳးေရး အတြက္ ေဒၚလာ ၈၂ သန္း သုံးထားၿပီး ျဖစ္ပါတယ္။ အဲဒီစခန္းေတြကေတာ့ ဖို႔ဒ္မက္ေဆးေဆး စစ္စခန္း၊ လန္ဘီယာ ေလတပ္ အေျခစိုက္စခန္း၊ အန္ထိုနီယို ဘာတီစတာ ေလတပ္ အေျခစိုက္စခန္း၊ မာတန္ဘနီတို အဗ်ဴအန္ ေလတပ္ အေျခစိုက္ စခန္းေတြ ျဖစ္ပါတယ္။

ဖိလစ္ပိုင္မွာ အေမရိကန္တပ္သား ၅၀၀ ဝန္းက်င္လည္း တပ္ခ်ထားတာပါ။ အဲဒီထဲက တပ္သား ၁၅၀ ဟာ ဖိလစ္ပိုင္ ေတာင္ပိုင္း မင္ဒါႏိုးကြၽန္းေပၚက ဇမ္ဘိုအမ္ဂါ ၿမိဳ႕မွာ အေျခစိုက္ပါတယ္။ အဲဒီေဒသဟာ အစၥလာမၼစ္ႏိုင္ငံ အၾကမ္းဖက္ အဖြဲ႕ရဲ႕ အေရွ႕အာရွ မဟာမိတ္အဖြဲ႕နဲ႔ ဆက္ႏြယ္ေနသူေတြ အပါအဝင္ အၾကမ္းဖက္သမားေတြရဲ႕ မၾကာခဏ တိုက္ခိုက္တာကို ခံေနရတဲ့ ေဒသလည္း ျဖစ္ပါတယ္။

စိန္ေခၚမႈ အသစ္ေတြကို ရင္ဆိုင္ႏိုင္ဖို႔ ႏွစ္ႏိုင္ငံ စစ္ေရးအရ ပူးေပါင္းမႈကို တိုးခ်ဲ႕ရာမွာ အၾကမ္းဖက္တိုက္ဖ်က္ေရး အတြက္ ႏွစ္ေပါင္း ႏွစ္ဆယ္ေက်ာ္ၾကာ ပူး‌ေပါင္ေဆာင္႐ြက္ခဲ့မႈနဲ႔ အဲဒီကရခဲ့တဲ့ သင္ခန္းစားေတြက ဆက္လက္ သယ္ေဆာင္ လမ္းၫႊန္ေပးသြာႏိုင္ဖို႔ အေမရိကန္ ထိပ္တန္း အရာရွိေတြကေတာ့ ေမွ်ာ္လင့္ေနၾကပါတယ္။

“ႏွစ္ႏိုင္ငံဆက္ဆံ‌ေရး ခိုင္မာပါတယ္၊ ဒါကို ပိုအားေကာင္းသထက္ ေကာင္းေအာင္လို႔လည္း ဆက္လက္ၿပီးႀကိဳးစားသြားဖို႔ရွိတယ္” လို႔ ၾကာသပေတးေန႔က ဖိလစ္ပိုင္ ယာယီ ကာကြန္ေရးဝန္ႀကီး ကာလီတို ဂဲလ္ဗက္ဇ္ ဂ်ဴနီယာနဲ႔ ေတြ႕ဆုံအၿပီး ၾကာသပေတးေန႔မွာ ဝန္ႀကီး ေအာ္စတင္က ေျပာပါတယ္။

ဖိလစ္ပိုင္မွာ ေနာက္ထပ္ စစ္စခန္း ေလးခုကို အေမရိကန္ အသုံးျပဳခြင့္ရတာက လူသားခ်င္း စာနေထာက္ထားမႈ ဆိုင္ရာ အေရးေပၚ အေျခအေနေတြနဲ႔ ေလ့က်င့္ေရး၊ စစ္တပ္ေခတ္မီ‌တိုးတက္ေရး အတြက္ အ‌ေထာက္အကူ ျဖစ္တယ္လို႔ လည္း ေျပာပါတယ္။

“ဒါက ကြၽန္ေတာ္တို႔ရဲ႕ စြမ္းေဆာင္ရည္နဲ႔ ပူး‌ေပါင္း ေဆာင္႐ြက္ႏိုင္မႈကို တိုးျမႇင့္ႏိုင္ဖို႔ အခြင့္အလမ္းေကာင္း တခုပါ” လို႔ ဗြီအိုေအရဲ႕ ေမးခြန္းကို ေအာ္စတင္က ျပန္လည္ ေျဖၾကားခဲ့ပါတယ္။ “ဒါက အၿမဲတမ္း တပ္စြဲထားမွာ မဟုတ္ပါဘူး၊ ဒါေပမယ့္ ဒါက အေရးပါ ပါတယ္၊ တကယ့္ကို အေရးပါ ပါတယ္” လို႔ ဝန္ႀကီးက ေျပာပါတယ္။

အေမရိကန္တပ္ေတြ ဖိလစ္ပိုင္ စစ္စခန္းေတြမွာ ေနာက္ထပ္ အသုံးျပဳခြင့္ရတဲ့ သေဘာတူညီခ်က္နဲ႔ တိုက္႐ိုက္မသက္ဆိုင္ဘူးလို႔ ေျပာေပမယ့္ တ႐ုတ္ရဲ႕ သေဘာထား အျပဳအမူကို ဥေပကၡာျပဳထားလို႔ေတာ့ မရဘူးလို႔ ႏွစ္ႏိုင္ငံ ကာကြယ္ေရးဝန္ႀကီးေတြက ဆိုပါတယ္။

“ခိုင္မာတဲ့ လုပ္ေဆာင္ခ်က္ေတြ ‌ေဆြးေႏြးခဲ့ၾကတယ္” လို႔ ဂဲလ္ဗက္ဇ္နဲ႔ ေဆြး‌ေႏြးပြဲနဲ႔ ပတ္သက္ၿပီး ဝန္ႀကီးအာ္စတင္က ေျပာပါတယ္။ “တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံက ဖိလစ္ပိုင္ေျမာက္ပိုင္း (ေတာင္တ႐ုတ္) ပင္လယ္ ကို ပိုင္နက္အျဖစ္ တရားမဝင္ ဆက္ၿပီး ေတာင္းဆိုေနတာနဲ႔ အတူ ကြၽန္ေတာ္တို႔ရဲ႕ အခု အားထုတ္ႀကိဳးပမ္းမႈက အထူးသျဖင့္ အေရးႀကီးလာပါတယ္” လို႔ လည္း ေျပာပါတယ္။

အင္ဒို-ပစိဖိတ္ ေဒသ အားလုံးပါဝင္ႏိုင္မႈ၊ ပြင့္လင္းျမင္သာမႈ၊ တရားဥပေဒ စိုးမိုးမႈနဲ႔ တည္ၿငိမ္ေရး အတြက္ အေမရိကန္ရဲ႕ အျမင္သေဘာထားနဲ႔ တထပ္တည္းပဲ လို႔ ဖိလစ္ပိုင္ရဲ႕ အခန္းက႑နဲ႔ ပတ္သက္လို႔ ဂဲလ္ဗက္ဇ္က ေျပာပါတယ္။

“အေမရိကန္နဲ႔ ပူး‌တြဲ ေဆာင္႐ြက္ဖို႔ ေမွ်ာ္လင့္ထားတဲ့ ဒီနည္းလမ္းဟာ ကာကြယ္ေရးဝန္ႀကီးဌာနကို သမၼတ ဖာဒီနန္ မားကို႔စ္ ၫြန္ၾကားထားတဲ့ ကိုယ့္နယ္နိမိတ္ ပိုင္နက္ တလက္မမွ မဆုံးရႈံးေစရ ဆိုတဲ့ လမ္းၫႊန္ခ်က္နဲ႔လည္း ကိုက္ညီေနပါတယ္” လို႔ ဂဲလ္ဗက္ဇ္က ေျပာပါတယ္။ အေမရိကန္ ကာကြယ္ေရးဝန္ႀကီးရဲ႕ အခုခရီးစဥ္ဟာ အေမရိကန္က အၿမဲတမ္း ကြၽန္ေတာ္တို႔ အတြက္ အဆင္သင့္ ရွိေနတယ္ဆိုတဲ့ ျပယုဂ္ ျဖစ္တယ္လို႔လည္း ဂဲလ္ဗက္ဇ္က ျဖည့္စြက္ေျပာသြားခဲ့ပါတယ္။

ဒါေပမယ့္ အလုပ္ေတြ အမ်ားႀကီး ဆက္လုပ္ဖို႔ က်န္ရွိေနေသးတယ္ဆိုတာကိုေတာ့ ႏွစ္ႏိုင္ငံ ကာကြယ္ေရး ဆိုင္ရာ ေခါင္းေဆာင္ေတြ ကလက္ခံၾကပါတယ္။ မနီလာ အစိုးရ အေနနဲ႔ ဝါရွင္တန္ အစိုးရ ကို ေနာက္ထပ္ စစ္စခန္း ေလးခု ေခတ္မီတိုးတက္ေအာင္ လုပ္ေဆာင္ခြင့္ေပးလိုက္ၿပီ ျဖစ္ေပမယ့္ ဘယ္စခန္းေတြကို ေ႐ြးခ်ယ္မလဲ ဆိုတာကေတာ့ မဆုံးျဖတ္ရေသးပါဘူး။

ျဖစ္ႏိုင္ေျခရွိတဲ့ စစ္စခန္းေတြမွာ စစ္ေဆးေရးနဲ႔ အရည္အေသြး အကဲျဖတ္ေရး လုပ္ငန္းစဥ္ေတြ ေဆာင္႐ြက္ေနဆဲလို႔ ဂဲလ္ဗက္ဇ္က ေျပာပါတယ္။ ဒါ့အျပင္ ေနာက္ဆုံး ဆုံးျဖတ္ခ်က္ မခ်တင္မီ သက္ဆိုင္ရာ ေဒသ အာဏာပိုင္အစိုးရေတြနဲ႔လည္း တိုင္ပင္ေဆြးေႏြးဖို႔ ရည္႐ြယ္ထားတယ္လို႔ သူက ဆိုပါတယ္။

ရာသီဥတု ေျပာင္းလဲမႈဒဏ္ ၿခိမ္းေျခာက္ခံေနရတဲ့ စစ္စခန္းေတြကို ဦးစားေပးႏိုင္တယ္လို႔လည္း ဂဲလ္ဗက္ဇ္က ေျပာပါတယ္။

ေလ့က်င့္ေရးနဲ႔ ေခတ္မီတိုးတက္တဲ့ တပ္မေတာ္ျဖစ္ေရး အကူအညီေပးဖို႔ အအတြက္ ဖိလစ္ပိုင္ကို အေမရိကန္တပ္သား ေနာက္ထပ္ ဘယ္ေလာက္မ်ားမ်ား အလွည့္က်စနစ္နဲ႔ ေစလႊတ္မလဲ ဆိုတာကလည္း သဲသဲကြဲကြဲ မသိရေသးပါဘူး။

ကာကြယ္ေရး တိုးခ်ဲ႕ ပူး‌ေပါင္းေဆာင္႐ြက္မႈဆိုင္ရာ သေဘာတူညီခ်က္အရ လုပ္ေဆာင္ေနတဲ့ မူလ စစ္စခန္း ငါးခု ရဲ႕ အေျခခံ အေဆာက္အအုံ တည္ေဆာက္ေရးမွာ အမ်ားစု အလုပ္ေတြကို ‌ေဒသစီးပြားေရးတိုးတက္ဖို႔အတြက္ ဖိလစ္ပိုင္ အေျခစိုက္ ကုမၸဏီေတြကို အလုပ္အပ္ေပးတယ္လို႔လည္း အဆင့္ျမင့္ အေမရိကန္ ကာကြယ္ေရး အရာရွိေတြက ေျပာပါတယ္။

ယူကရိန္း က်ဴးေက်ာ္စစ္နဲ႔ - အက္ဖ္ ၁၆

ေတာင္ကိုရီးယားနဲ႔ ဖိလစ္ပိုင္ ငါးရက္တာ ခရီးစဥ္ အတြင္းမွာ တ႐ုတ္ အေရး အဓိက လႊမ္းမိုးခဲ့ေပမယ့္ ယူကရိန္း က အေျခအေနေတြက စိုးရိမ္စရာ ျဖစ္လ်က္ပဲလို႔ အေမရိကန္ ကာကြယ္ေရး ဝန္ႀကီး က မနီလာၿမိဳ႕ေတာ္မွာ ၾကာသပေတးေန႔က ေျပာခဲ့ပါတယ္။

ယူကရိန္းကို အေမရိကန္လုပ္ အက္ဖ္ ၁၆ တိုက္ေလယာဥ္ပ်ံေတြ ပံ့ပိုးေပးဖို႔ အေမရိကန္ရဲ႕ မဟာမိတ္ေတြက ပြင့္ပြင့္လင္းလင္း ေတာင္းဆိုမႈေတြ တိုးလာေနေပမယ့္လည္း အေမရိကန္အေနနဲ႔ ယူကရိန္းကို ဂ်က္ေလယာဥ္ ေတြ ေပးဖို႔ စဥ္းစားေနတာမရွိဘူးလို႔ ၀န္ႀကီးေအာ္စတင္က သမၼတ ဂ်ိဳးဘိုင္ဒန္နဲ႔ တသေဘာတည္း ထပ္ေလာင္း ေျပာၾကားခဲ့ပါတယ္။

“ေႏြဦးရာသီမွာ ျဖစ္လာဖို႔ ေမွ်ာ္လင့္ထားတဲ့ တန္ျပန္တိုက္စစ္မွာ အေထာက္အကူျပဳ အသုံးဝင္မယ့္ စြမ္းေဆာင္ရည္ေတြကို အဓိက အာ႐ုံစိုက္ၿပီး ေထာက္ပံ့ေပးေနပါတယ္” လို႔ ဗြီအိုေအရဲ႕ ေမးခြန္းကို ေျဖၾကားခဲ့ပါတယ္။

“အေျမာက္၊ ေလေၾကာင္းရန္ ကာကြယ္ေရး ကိစၥေတြ ကြၽန္ေတာ္တို႔ ေျပာဆိုေနတာ ခင္ဗ်ားတို႔ ၾကားမွာပါ၊ သံခ်ပ္ကာကားေတြ ပံ့ပိုးၿပီးလည္း တြန္းႏိုင္ခဲ့ပါတယ္” ..“ဒါေတြ အားလုံးက စ သက္ဝင္ေနပါၿပီ၊ ယူကရိန္း တပ္ဖြဲ႕ဝင္ေတြကိုလည္း စစ္ပြဲမွာ အဆင့္ျမင့္ လက္နက္ေတြ သုံးၿပီးတိုက္ပြဲဝင္ႏိုင္ဖို႔အတြက္လည္း ေလ့က်င့္ေပးေနပါတယ္။” လို႔ သူက ေျပာပါတယ္။

=== {{ UNICODE }} ===

တရုတ်ကို ရင်ဆိုင်ဖို့ ပိုမိုနီးကပ်လာနေတဲ့ အမေရိကန်နဲ့ ဖိလစ်ပိုင် ဆက်ဆံရေး

အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက် အော်စတင် မနီလာက အပြန်မှာ အမေရိကန်တပ်တွေ ဖိလစ်ပိုင် စစ်စခန်း အသစ်တွေမှာ အသုံးပြုခွင့် သဘောတူညီချက်ကို ရယူနိုင်ခဲ့ပြီး နှစ်ဖက် ခေါင်းဆောင်တွေဟာ အင်ဒို-ပစိဖိတ် ဒေသ အရေး ဘုံ အမြင် သဘောထားတွေ တည်ဆောက်နိုင်ခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံဟာ အမေရိကန် ပြည်ထောင်စုနဲ့ ဆက်ဆံရေးကို တိုးမြှင့်လိုက်ပြီး ‌ဒေသတွင်းမှာ တရုတ်နိုင်ငံရဲ့ ခြိမ်း‌ခြောက် ရန်လိုမှုတွေ ပို တိုးလာနေတာအပေါ် စိုးရိမ်ချက်နဲ့အတူ အမေရိကန်တပ်ဖွဲ့ တွေ အတွက် နောက်ထပ် စစ်စခန်း လေးခု အသုံးပြုခွင့်ကို ဖိလစ်ပိုင်က ခွင့်ပြုလိုက်ပါတယ်။ ဒီသဘောတူညီမှုကြောင့် အခုဆိုရင် ဖိလစ်ပိုင်မြေ‌ပေါ်မှာ အမေရိကန် စစ်တပ် အကူအညီယူနိုင်မယ့် စစ်စခန်း အရေအတွက်က ကိုးခု အထိ တိုးလာခဲ့ပါပြီ။

အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက် အော်စတင် (Lloyd Austin) ရဲ့ နှစ်ရက်တာ ခရီးစဉ် အတွင်းမှာ ဖိလစ်ပိုင် စစ်တပ်နဲ့ လုံခြုံရေး ဆိုင်ရာ ထိပ်တန်း အရာရှိကြီးတွေနဲ့ ဆွေး‌နွေးပွဲတွေ ဆက်တိုက် လုပ်ဆောင်ခဲ့ပြီး ရလဒ် အနေနဲ့ အခုလို သဘောတူညီမှု ရခဲ့တာပါ။

ကြာသပတေးနေ့မှာ ထွက်လာတဲ့ အမေရိကန်-ဖိလစ်ပိုင် ပူးတွဲ သတင်းထုတ်ပြန်ချက်မှာ စစ်စခန်း လေးခုရဲ့ နေရာ နာမည်တွေကို ဖော်ပြမထားပါဘူး။ ဒါပေမယ့် ဒီနေရာတွေကနေ “ဖိလစ်ပိုင် မှာ ရာသီဥတု ဆိုင်ရာ သဘာဝကပ်ဘေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပေးဖို့ ပိုပြီး လျင်လျင်မြန်မြန် ဆောင်ရွက် နိုင်မှာဖြစ်ပြီး နှစ်နိုင်ငံကြားက ဘုံရင်ဆိုင်နေရတဲ့ စိန်ခေါ်မှု အခက်အခဲတွေကိုလည်း တုံ့ပြန်နိုင်မယ်” လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အမေရိကန်နဲ့ ဖိလစ်ပိုင်ဟာ နှစ်နိုင်ငံကြားက ဆက်ဆံ‌ရေး ပို ကောင်းမွန်မွန်လာဖို့ နှစ်ဖက် အဆင်မြင့် ဆွေးနွေးပွဲတွေကို လပေါင်း အတန်ကြာ ပြုလုပ်ခဲ့ရပြီး ရလဒ် အဖြစ် အခုလို အော်စတင်ရဲ့ ခရီးစဉ် ဖြစ်ခဲ့သလို ဒီသဘောတူညီမှုလည်း ရခဲ့တာပါ။

တောင်တရုတ် ပင်လယ်ပြင်မှာ ဖိလစ်ပိုင်ဘက်က ရေပြင်ပိုင်နက် တောင်းဆိုနေတာ အ‌ပေါ် တရုတ် ဘက်က ရန်လိုတဲ့ တုံ့ပြန်မှုတွေ တိုးလာနေပြီး ဒါကို ရင်ဆိုင် ဖြေရှင်းနိုင်ဖို့ အတွက်လည်း ဖိလစ်ပိုင်နဲ့ အမေရိကန် က ရည်ရွယ်ထားကြပါတယ်။

ဖိလစ်ပိုင် သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ Ferdinand Marcos Jr. ကတော့ တရုတ်နိုင်ငံကို အမည်တပ် ပြောမသွားဘဲ ဒေသတွင်း တင်းမာမှု အခြေအနေတွေက “အင်မတန် ရှုပ်ထွေးတယ်” လို့ ကြာသပတေးနေ့က ပြောပါတယ်။ “ကျွန်တော်တို့ရဲ့ မိတ်ဆွေတွေ၊ မဟာမိတ်တွေရဲ့ အကူအညီနဲ့သာ လမ်းကြောင်းမှန် အတိုင်း ကောင်းကောင်းမွန်မွန် သွားနိုင်မယ့် ကိစ္စပါ။”

“ဖိလစ်ပိုင်ရဲ့ အနာဂတ်နဲ့ အာရှပစိဖိတ်‌ဒေသကြီးရဲ့ အရေးကိစ္စမှာ အမေရိကန်က အမြဲပါဝင်နေဦးမယ်လို့ ကျွန်တော်ကတော့ ယူဆထားပါတယ်၊ ဘာကြောင့်လဲဆိုတော့ မိတ်ဖက် ပူးပေါင်းဆောင်ရွက်မှုက သိပ်ကို ခိုင်မြဲနေပြီး သမိုင်းအစဉ် အဆက် မှာလည်း ဘုံတူညီတဲ့ စိတ်ဓာတ်ခံယူချက်တွေ ထပ်တူ သက်သေထူခဲ့ပြီးပါပြီ” လို့ သမ္မတ အိမ်တော်မှာ ဝန်ကြီးအော်စတင်ကို ကြိုဆိုနှုတ်ခွန်းဆက် မိန့်ခွန်း ပြောရာမှာ မားကို့စ်ဂျူနီယာက ထည့်သွင်း ပြောကြားခဲ့ပါတယ်။

၂၀၁၄ ခုနှစ်တုန်းက ကာကွယ်ရေး တိုးချဲ့ ပူး‌ပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက် တရပ်ကို ဖိလစ်ပိုင်နဲ့ ချုပ်ဆိုနိုင်ခဲ့ပြီးနောက်မှာ အမေရိကန်ဟာ ဖိလစ်ပိုင်က ရှိပြီး စစ်အခြေစိုက်စခန်း ၅ ခုရဲ့ အခြေခံ အဆောက်အအုံတွေ တိုးတက်ဖွံ့ဖြိုးရေး အတွက် ဒေါ်လာ ၈၂ သန်း သုံးထားပြီး ဖြစ်ပါတယ်။ အဲဒီစခန်းတွေကတော့ ဖို့ဒ်မက်ဆေးဆေး စစ်စခန်း၊ လန်ဘီယာ လေတပ် အခြေစိုက်စခန်း၊ အန်ထိုနီယို ဘာတီစတာ လေတပ် အခြေစိုက်စခန်း၊ မာတန်ဘနီတို အဗျူအန် လေတပ် အခြေစိုက် စခန်းတွေ ဖြစ်ပါတယ်။

ဖိလစ်ပိုင်မှာ အမေရိကန်တပ်သား ၅၀၀ ဝန်းကျင်လည်း တပ်ချထားတာပါ။ အဲဒီထဲက တပ်သား ၁၅၀ ဟာ ဖိလစ်ပိုင် တောင်ပိုင်း မင်ဒါနိုးကျွန်းပေါ်က ဇမ်ဘိုအမ်ဂါ မြို့မှာ အခြေစိုက်ပါတယ်။ အဲဒီဒေသဟာ အစ္စလာမ္မစ်နိုင်ငံ အကြမ်းဖက် အဖွဲ့ရဲ့ အရှေ့အာရှ မဟာမိတ်အဖွဲ့နဲ့ ဆက်နွယ်နေသူတွေ အပါအဝင် အကြမ်းဖက်သမားတွေရဲ့ မကြာခဏ တိုက်ခိုက်တာကို ခံနေရတဲ့ ဒေသလည်း ဖြစ်ပါတယ်။

စိန်ခေါ်မှု အသစ်တွေကို ရင်ဆိုင်နိုင်ဖို့ နှစ်နိုင်ငံ စစ်ရေးအရ ပူးပေါင်းမှုကို တိုးချဲ့ရာမှာ အကြမ်းဖက်တိုက်ဖျက်ရေး အတွက် နှစ်ပေါင်း နှစ်ဆယ်ကျော်ကြာ ပူး‌ပေါင်ဆောင်ရွက်ခဲ့မှုနဲ့ အဲဒီကရခဲ့တဲ့ သင်ခန်းစားတွေက ဆက်လက် သယ်ဆောင် လမ်းညွှန်ပေးသွာနိုင်ဖို့ အမေရိကန် ထိပ်တန်း အရာရှိတွေကတော့ မျှော်လင့်နေကြပါတယ်။

“နှစ်နိုင်ငံဆက်ဆံ‌ရေး ခိုင်မာပါတယ်၊ ဒါကို ပိုအားကောင်းသထက် ကောင်းအောင်လို့လည်း ဆက်လက်ပြီးကြိုးစားသွားဖို့ရှိတယ်” လို့ ကြာသပတေးနေ့က ဖိလစ်ပိုင် ယာယီ ကာကွန်ရေးဝန်ကြီး ကာလီတို ဂဲလ်ဗက်ဇ် ဂျူနီယာနဲ့ တွေ့ဆုံအပြီး ကြာသပတေးနေ့မှာ ဝန်ကြီး အော်စတင်က ပြောပါတယ်။

ဖိလစ်ပိုင်မှာ နောက်ထပ် စစ်စခန်း လေးခုကို အမေရိကန် အသုံးပြုခွင့်ရတာက လူသားချင်း စာနထောက်ထားမှု ဆိုင်ရာ အရေးပေါ် အခြေအနေတွေနဲ့ လေ့ကျင့်ရေး၊ စစ်တပ်ခေတ်မီ‌တိုးတက်ရေး အတွက် အ‌ထောက်အကူ ဖြစ်တယ်လို့ လည်း ပြောပါတယ်။

“ဒါက ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်နဲ့ ပူး‌ပေါင်း ဆောင်ရွက်နိုင်မှုကို တိုးမြှင့်နိုင်ဖို့ အခွင့်အလမ်းကောင်း တခုပါ” လို့ ဗွီအိုအေရဲ့ မေးခွန်းကို အော်စတင်က ပြန်လည် ဖြေကြားခဲ့ပါတယ်။ “ဒါက အမြဲတမ်း တပ်စွဲထားမှာ မဟုတ်ပါဘူး၊ ဒါပေမယ့် ဒါက အရေးပါ ပါတယ်၊ တကယ့်ကို အရေးပါ ပါတယ်” လို့ ဝန်ကြီးက ပြောပါတယ်။

အမေရိကန်တပ်တွေ ဖိလစ်ပိုင် စစ်စခန်းတွေမှာ နောက်ထပ် အသုံးပြုခွင့်ရတဲ့ သဘောတူညီချက်နဲ့ တိုက်ရိုက်မသက်ဆိုင်ဘူးလို့ ပြောပေမယ့် တရုတ်ရဲ့ သဘောထား အပြုအမူကို ဥပေက္ခာပြုထားလို့တော့ မရဘူးလို့ နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးတွေက ဆိုပါတယ်။

“ခိုင်မာတဲ့ လုပ်ဆောင်ချက်တွေ ‌ဆွေးနွေးခဲ့ကြတယ်” လို့ ဂဲလ်ဗက်ဇ်နဲ့ ဆွေး‌နွေးပွဲနဲ့ ပတ်သက်ပြီး ဝန်ကြီးအာ်စတင်က ပြောပါတယ်။ “တရုတ်ပြည်သူ့သမ္မတနိုင်ငံက ဖိလစ်ပိုင်မြောက်ပိုင်း (တောင်တရုတ်) ပင်လယ် ကို ပိုင်နက်အဖြစ် တရားမဝင် ဆက်ပြီး တောင်းဆိုနေတာနဲ့ အတူ ကျွန်တော်တို့ရဲ့ အခု အားထုတ်ကြိုးပမ်းမှုက အထူးသဖြင့် အရေးကြီးလာပါတယ်” လို့ လည်း ပြောပါတယ်။

အင်ဒို-ပစိဖိတ် ဒေသ အားလုံးပါဝင်နိုင်မှု၊ ပွင့်လင်းမြင်သာမှု၊ တရားဥပဒေ စိုးမိုးမှုနဲ့ တည်ငြိမ်ရေး အတွက် အမေရိကန်ရဲ့ အမြင်သဘောထားနဲ့ တထပ်တည်းပဲ လို့ ဖိလစ်ပိုင်ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်လို့ ဂဲလ်ဗက်ဇ်က ပြောပါတယ်။

“အမေရိကန်နဲ့ ပူး‌တွဲ ဆောင်ရွက်ဖို့ မျှော်လင့်ထားတဲ့ ဒီနည်းလမ်းဟာ ကာကွယ်ရေးဝန်ကြီးဌာနကို သမ္မတ ဖာဒီနန် မားကို့စ် ညွန်ကြားထားတဲ့ ကိုယ့်နယ်နိမိတ် ပိုင်နက် တလက်မမှ မဆုံးရှုံးစေရ ဆိုတဲ့ လမ်းညွှန်ချက်နဲ့လည်း ကိုက်ညီနေပါတယ်” လို့ ဂဲလ်ဗက်ဇ်က ပြောပါတယ်။ အမေရိကန် ကာကွယ်ရေးဝန်ကြီးရဲ့ အခုခရီးစဉ်ဟာ အမေရိကန်က အမြဲတမ်း ကျွန်တော်တို့ အတွက် အဆင်သင့် ရှိနေတယ်ဆိုတဲ့ ပြယုဂ် ဖြစ်တယ်လို့လည်း ဂဲလ်ဗက်ဇ်က ဖြည့်စွက်ပြောသွားခဲ့ပါတယ်။

ဒါပေမယ့် အလုပ်တွေ အများကြီး ဆက်လုပ်ဖို့ ကျန်ရှိနေသေးတယ်ဆိုတာကိုတော့ နှစ်နိုင်ငံ ကာကွယ်ရေး ဆိုင်ရာ ခေါင်းဆောင်တွေ ကလက်ခံကြပါတယ်။ မနီလာ အစိုးရ အနေနဲ့ ဝါရှင်တန် အစိုးရ ကို နောက်ထပ် စစ်စခန်း လေးခု ခေတ်မီတိုးတက်အောင် လုပ်ဆောင်ခွင့်ပေးလိုက်ပြီ ဖြစ်ပေမယ့် ဘယ်စခန်းတွေကို ရွေးချယ်မလဲ ဆိုတာကတော့ မဆုံးဖြတ်ရသေးပါဘူး။

ဖြစ်နိုင်ခြေရှိတဲ့ စစ်စခန်းတွေမှာ စစ်ဆေးရေးနဲ့ အရည်အသွေး အကဲဖြတ်ရေး လုပ်ငန်းစဉ်တွေ ဆောင်ရွက်နေဆဲလို့ ဂဲလ်ဗက်ဇ်က ပြောပါတယ်။ ဒါ့အပြင် နောက်ဆုံး ဆုံးဖြတ်ချက် မချတင်မီ သက်ဆိုင်ရာ ဒေသ အာဏာပိုင်အစိုးရတွေနဲ့လည်း တိုင်ပင်ဆွေးနွေးဖို့ ရည်ရွယ်ထားတယ်လို့ သူက ဆိုပါတယ်။

ရာသီဥတု ပြောင်းလဲမှုဒဏ် ခြိမ်းခြောက်ခံနေရတဲ့ စစ်စခန်းတွေကို ဦးစားပေးနိုင်တယ်လို့လည်း ဂဲလ်ဗက်ဇ်က ပြောပါတယ်။

လေ့ကျင့်ရေးနဲ့ ခေတ်မီတိုးတက်တဲ့ တပ်မတော်ဖြစ်ရေး အကူအညီပေးဖို့ အအတွက် ဖိလစ်ပိုင်ကို အမေရိကန်တပ်သား နောက်ထပ် ဘယ်လောက်များများ အလှည့်ကျစနစ်နဲ့ စေလွှတ်မလဲ ဆိုတာကလည်း သဲသဲကွဲကွဲ မသိရသေးပါဘူး။

ကာကွယ်ရေး တိုးချဲ့ ပူး‌ပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်အရ လုပ်ဆောင်နေတဲ့ မူလ စစ်စခန်း ငါးခု ရဲ့ အခြေခံ အဆောက်အအုံ တည်ဆောက်ရေးမှာ အများစု အလုပ်တွေကို ‌ဒေသစီးပွားရေးတိုးတက်ဖို့အတွက် ဖိလစ်ပိုင် အခြေစိုက် ကုမ္ပဏီတွေကို အလုပ်အပ်ပေးတယ်လို့လည်း အဆင့်မြင့် အမေရိကန် ကာကွယ်ရေး အရာရှိတွေက ပြောပါတယ်။

ယူကရိန်း ကျူးကျော်စစ်နဲ့ - အက်ဖ် ၁၆

တောင်ကိုရီးယားနဲ့ ဖိလစ်ပိုင် ငါးရက်တာ ခရီးစဉ် အတွင်းမှာ တရုတ် အရေး အဓိက လွှမ်းမိုးခဲ့ပေမယ့် ယူကရိန်း က အခြေအနေတွေက စိုးရိမ်စရာ ဖြစ်လျက်ပဲလို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီး က မနီလာမြို့တော်မှာ ကြာသပတေးနေ့က ပြောခဲ့ပါတယ်။

ယူကရိန်းကို အမေရိကန်လုပ် အက်ဖ် ၁၆ တိုက်လေယာဉ်ပျံတွေ ပံ့ပိုးပေးဖို့ အမေရိကန်ရဲ့ မဟာမိတ်တွေက ပွင့်ပွင့်လင်းလင်း တောင်းဆိုမှုတွေ တိုးလာနေပေမယ့်လည်း အမေရိကန်အနေနဲ့ ယူကရိန်းကို ဂျက်လေယာဉ် တွေ ပေးဖို့ စဉ်းစားနေတာမရှိဘူးလို့ ၀န်ကြီးအော်စတင်က သမ္မတ ဂျိုးဘိုင်ဒန်နဲ့ တသဘောတည်း ထပ်လောင်း ပြောကြားခဲ့ပါတယ်။

“နွေဦးရာသီမှာ ဖြစ်လာဖို့ မျှော်လင့်ထားတဲ့ တန်ပြန်တိုက်စစ်မှာ အထောက်အကူပြု အသုံးဝင်မယ့် စွမ်းဆောင်ရည်တွေကို အဓိက အာရုံစိုက်ပြီး ထောက်ပံ့ပေးနေပါတယ်” လို့ ဗွီအိုအေရဲ့ မေးခွန်းကို ဖြေကြားခဲ့ပါတယ်။

“အမြောက်၊ လေကြောင်းရန် ကာကွယ်ရေး ကိစ္စတွေ ကျွန်တော်တို့ ပြောဆိုနေတာ ခင်ဗျားတို့ ကြားမှာပါ၊ သံချပ်ကာကားတွေ ပံ့ပိုးပြီးလည်း တွန်းနိုင်ခဲ့ပါတယ်” ..“ဒါတွေ အားလုံးက စ သက်ဝင်နေပါပြီ၊ ယူကရိန်း တပ်ဖွဲ့ဝင်တွေကိုလည်း စစ်ပွဲမှာ အဆင့်မြင့် လက်နက်တွေ သုံးပြီးတိုက်ပွဲဝင်နိုင်ဖို့အတွက်လည်း လေ့ကျင့်ပေးနေပါတယ်။” လို့ သူက ပြောပါတယ်။

XS
SM
MD
LG