ဖိလစ္ပိုင္ႏိုင္ငံရဲ႕ စစ္စခန္းသစ္ ၄ ခုကို အေမရိကန္တပ္ဖြဲ႔ေတြ အသံုးျပဳခြင့္ အေမရိကန္နဲ႔ ဖိလစ္ပိုင္ၾကား သေဘာတူညီခ်က္ ရခဲ့တဲ့အေၾကာင္း ဒီကေန႔ ႏွစ္ႏိုင္ငံလံုးက ေၾကညာပါတယ္။ ႏိုင္ငံတြင္းက မဟာဗ်ဴဟာက်တဲ့ ေနရာေတြျဖစ္တယ္လို႔ ေျပာေပမဲ့၊ ဘယ္ စစ္စခန္းေတြလည္း ဆိုတဲ့ အေသးစိတ္ကိုေတာ့ ႏွစ္ႏိုင္ငံ ပူးတြဲ ေၾကညာခ်က္မွာ ေဖာ္ျပမထားပါဘူး။
အခု သေဘာတူညီခ်က္သစ္ဟာ ႏွစ္ႏိုင္ငံ ကာကြယ္ေရး ပူးေပါင္း ေဆာင္ရြက္မႈ တိုးႁမွင့္ေရး သေဘာတူညီခ်က္ တစိတ္တပိုင္း ျဖစ္ၿပီး လက္ရွိ အသံုးျပဳခြင့္ရၿပီးသား ဖိလစ္ပိုင္ စစ္စခန္း ၅ ခုလည္း ဒီအထဲမွာ ပါ ပါတယ္။
အေမရိကန္နဲ႔ ဖိလစ္ပိုင္ႏိုင္ငံၾကား အျပန္အလွန္ကာကြယ္ေရးအတြက္ ပိုမိုခိုင္မာေအာင္ ထပ္မံသေဘာတူညီခဲ့တယ္လို႔ မနီလာၿမိဳ႕ေတာ္ကို ေရာက္ရွိေနတဲ့ အေမရိကန္ကာကြယ္ေရးဝန္ႀကီး Lloyd Austin က ေျပာၾကားခဲ့ပါတယ္။
ေတာင္တ႐ုတ္ပင္လယ္နဲ႔ အေနာက္ဖိလစ္ပိုင္ပင္လယ္ထဲမွာ ၂ ႏိုင္ငံတပ္ဖဲြ႕ေတြ၊ ပုဂၢလိကသေဘၤာေတြ၊ ေလယာဥ္ေတြ အေပၚတိ္ုက္ခိုက္လာမႈ မွန္သမွန္ကို တံု႔ျပန္ကာကြယ္သြားဖို႔နဲ႔ ၂ ႏိုင္ငံကာကြယ္ေရး သေဘာတူညီမႈေတြကို ထပ္မံခိုင္မာေအာင္ ဖိလစ္ပိုင္ကာကြယ္ေရးဝန္ႀကီးနဲ႔ ဒီေန႔ သေဘၤာတူလိုက္ေၾကာင္း အေမရိကန္ကာကြယ္ေရးဝန္ႀကီးက ေျပာၾကားခဲ့တာပါ။ အေနာက္ဖိလစ္ပိုင္ပင္လယ္ထဲမွာ တ႐ုတ္ႏိုင္ငံက ပိုင္နက္နယ္နိမိတ္ခ်ဲ႕ထြင္လာေနခ်ိန္မွာ အေမရိကန္နဲ႔ ဖိလစ္ပိုင္ စစ္ေရး ပူးေပါင္းေဆာင္ရြက္မႈေတြကို ေခတ္မွီေအာင္လုပ္ထားဖို႔ လိုအပ္တယ္လို႔ ကာကြယ္ေရးဝန္ႀကီး Lloyd Austin ကေျပာၾကားသြားခဲ့ပါတယ္။
ထိုင္၀မ္အေပၚ တ႐ုတ္က စစ္ေရးအရ ၿခိမ္းေျခာက္မႈေတြ တိုးလုပ္လာေနၿပီး ေတာင္တ႐ုတ္ ပင္လယ္ျပင္မွာလည္း ရန္လိုမႈေတြ ရွိေနတာေၾကာင့္ ႏွစ္ေပါင္းမ်ားစြာ လက္တြဲလာတဲ့ မဟာမိတ္ႏွစ္ႏိုင္ငံ ပူးေပါင္း တံု႔ျပန္ဖို႔ ႀကိဳးစားေနခ်ိန္မွာ ခုလို သေဘာတူညီခ်က္သစ္ ခ်မွတ္လိုက္တာပါ။ အေမရိကန္ရဲ႕ ရည္ရြယ္ခ်က္ကေတာ့ ဖိလစ္ပိုင္နဲ႔ ဆက္ဆံေရးကို နည္းလမ္းစံုသံုးၿပီး ပိုမို ခိုင္မာ အားေကာင္းလာေအာင္ လုပ္သြားဖို႔နဲ႔ ဖိလစ္ပိုင္ရဲ႕ စစ္ေရးစြမ္းအင္ကို တိုးျမႇင့္ႏိ္ုင္ဖို႔အတြက္ျဖစ္တယ္လို႔လည္း ဖိလစ္ပိုင္သမၼတ Ferdinand Marcos Jr. နဲ႔ေတြ႕ဆံုစဥ္မွာ အေမရိကန္ ကာကြယ္ေရး၀န္ႀကီး Lloyd Austin ကေျပာၾကားခဲ့ပါတယ္။
ဖိလစ္ပိုင္သမၼတကေတာ့ အာရွပစိတ္ဖိေဒသအတြင္း ဖိလစ္ပိုင္နဲ႔ အေမရိကန္ၾကား မိတ္ဘက္ဆက္ဆံေရးဟာ အင္မတန္ ခိုင္မာ အားေကာင္းတာနဲ႔အမွ် ဒီေဒသေတြရဲ႕ အနာဂတ္အတြက္ အေမရိကန္ရဲ႕ ပူးေပါင္းပါ၀င္မႈက အၿမဲတမ္း လိုအပ္ေနမွာျဖစ္တယ္လို႔ ေျပာၾကားခဲ့ ပါတယ္။
[Unicode]
အမေရိကန်နဲ့ ဖိလစ်ပိုင် စစ်ရေးပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်
ဖိလစ်ပိုင်နိုင်ငံရဲ့ စစ်စခန်းသစ် ၄ ခုကို အမေရိကန်တပ်ဖွဲ့တွေ အသုံးပြုခွင့် အမေရိကန်နဲ့ ဖိလစ်ပိုင်ကြား သဘောတူညီချက် ရခဲ့တဲ့အကြောင်း ဒီကနေ့ နှစ်နိုင်ငံလုံးက ကြေညာပါတယ်။ နိုင်ငံတွင်းက မဟာဗျူဟာကျတဲ့ နေရာတွေဖြစ်တယ်လို့ ပြောပေမဲ့၊ ဘယ် စစ်စခန်းတွေလည်း ဆိုတဲ့ အသေးစိတ်ကိုတော့ နှစ်နိုင်ငံ ပူးတွဲ ကြေညာချက်မှာ ဖော်ပြမထားပါဘူး။
အခု သဘောတူညီချက်သစ်ဟာ နှစ်နိုင်ငံ ကာကွယ်ရေး ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေး သဘောတူညီချက် တစိတ်တပိုင်း ဖြစ်ပြီး လက်ရှိ အသုံးပြုခွင့်ရပြီးသား ဖိလစ်ပိုင် စစ်စခန်း ၅ ခုလည်း ဒီအထဲမှာ ပါ ပါတယ်။
အမေရိကန်နဲ့ ဖိလစ်ပိုင်နိုင်ငံကြား အပြန်အလှန်ကာကွယ်ရေးအတွက် ပိုမိုခိုင်မာအောင် ထပ်မံသဘောတူညီခဲ့တယ်လို့ မနီလာမြို့တော်ကို ရောက်ရှိနေတဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin က ပြောကြားခဲ့ပါတယ်။
တောင်တရုတ်ပင်လယ်နဲ့ အနောက်ဖိလစ်ပိုင်ပင်လယ်ထဲမှာ ၂ နိုင်ငံတပ်ဖွဲ့တွေ၊ ပုဂ္ဂလိကသင်္ဘောတွေ၊ လေယာဉ်တွေ အပေါ်တိုက်ခိုက်လာမှု မှန်သမှန်ကို တုံ့ပြန်ကာကွယ်သွားဖို့နဲ့ ၂ နိုင်ငံကာကွယ်ရေး သဘောတူညီမှုတွေကို ထပ်မံခိုင်မာအောင် ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးနဲ့ ဒီနေ့ သင်္ဘောတူလိုက်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့တာပါ။ အနောက်ဖိလစ်ပိုင်ပင်လယ်ထဲမှာ တရုတ်နိုင်ငံက ပိုင်နက်နယ်နိမိတ်ချဲ့ထွင်လာနေချိန်မှာ အမေရိကန်နဲ့ ဖိလစ်ပိုင် စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေကို ခေတ်မှီအောင်လုပ်ထားဖို့ လိုအပ်တယ်လို့ ကာကွယ်ရေးဝန်ကြီး Lloyd Austin ကပြောကြားသွားခဲ့ပါတယ်။
ထိုင်ဝမ်အပေါ် တရုတ်က စစ်ရေးအရ ခြိမ်းခြောက်မှုတွေ တိုးလုပ်လာနေပြီး တောင်တရုတ် ပင်လယ်ပြင်မှာလည်း ရန်လိုမှုတွေ ရှိနေတာကြောင့် နှစ်ပေါင်းများစွာ လက်တွဲလာတဲ့ မဟာမိတ်နှစ်နိုင်ငံ ပူးပေါင်း တုံ့ပြန်ဖို့ ကြိုးစားနေချိန်မှာ ခုလို သဘောတူညီချက်သစ် ချမှတ်လိုက်တာပါ။ အမေရိကန်ရဲ့ ရည်ရွယ်ချက်ကတော့ ဖိလစ်ပိုင်နဲ့ ဆက်ဆံရေးကို နည်းလမ်းစုံသုံးပြီး ပိုမို ခိုင်မာ အားကောင်းလာအောင် လုပ်သွားဖို့နဲ့ ဖိလစ်ပိုင်ရဲ့ စစ်ရေးစွမ်းအင်ကို တိုးမြှင့်နိုင်ဖို့အတွက်ဖြစ်တယ်လို့လည်း ဖိလစ်ပိုင်သမ္မတ Ferdinand Marcos Jr. နဲ့တွေ့ဆုံစဉ်မှာ အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin ကပြောကြားခဲ့ပါတယ်။
ဖိလစ်ပိုင်သမ္မတကတော့ အာရှပစိတ်ဖိဒေသအတွင်း ဖိလစ်ပိုင်နဲ့ အမေရိကန်ကြား မိတ်ဘက်ဆက်ဆံရေးဟာ အင်မတန် ခိုင်မာ အားကောင်းတာနဲ့အမျှ ဒီဒေသတွေရဲ့ အနာဂတ်အတွက် အမေရိကန်ရဲ့ ပူးပေါင်းပါဝင်မှုက အမြဲတမ်း လိုအပ်နေမှာဖြစ်တယ်လို့ ပြောကြားခဲ့ ပါတယ်။