သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တင္းမာမႈ ျပင္းထန္ေနတဲ့ အေ႐ွ႕အလယ္ပိုင္းေဒသ ဝန္ႀကီးဘလင္ကန္ သြားမည္


Israel - Palestinians

အစၥေရးနဲ႔ ပါလက္စတိုင္းၾကား တိုက္ခိုက္မႈေတြ ပို ျပင္းထန္လာေနခ်ိန္မွာ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken အဲ့ဒီေဒသကို သြားေရာက္ဖို႔ ႐ွိေနပါတယ္။ ႏွစ္ဘက္ တင္းမာမႈေတြ ေလွ်ာ့ခ်ဖို႔ အေမရိကန္ ႏိုင္ငံျခားေရးဌာနက ေတာင္းဆိုထားၿပီး လာမယ့္တနလၤာနဲ႔ အဂၤါေန႔မွာ ႏွစ္ဘက္ေခါင္းေဆာင္ေတြနဲ႔ ဝန္ႀကီးဘလင္ကန္ ေတြ႔ဆုံမွာ ျဖစ္တယ္လို႔ ေျပာပါတယ္။

အစၥေရး သိမ္းပိုက္ထားတဲ့ ေဂ်ာ္ဒန္ျမစ္ အေနာက္ဘက္ကမ္းမွာ႐ွိတဲ့ ပါလက္စတိုင္း ဒုကၡသည္စခန္းတခုကို အစၥေရးစစ္တပ္က ဒီလ ၂၆ ရက္ေန႔က စီးနင္းဝင္ေရာက္ တိုက္ခိုက္ခဲ့တာမွာ ပါလက္စတိုင္း ၉ ဦး ေသဆုံးခဲ့ပါတယ္။ မေန႔ ေသာၾကာေန႔ ကေတာ့ ေဂ်႐ုစလင္ၿမိဳ႕ ဆင္ေျခဖုန္းမွာ႐ွိတဲ့ အစၥေရး ဘုရားေက်ာင္းတခုထဲ ပါလက္စတိုင္း ေသနတ္သမားတဦး ဝင္ေရာက္တိုက္ခိုက္လို႔ လူ ၇ ဦးထက္မနည္း ေသဆုံးခဲ့ပါတယ္။ ဒီကေန႔မွာလည္း အလားတူ ပစ္ခတ္မႈ ထပ္ျဖစ္ၿပီး ၂ ဦး ဒဏ္ရာရခဲ့ရပါတယ္။ ဒဏ္ရာရသူေတြနဲ႔ ပတ္သက္လို႔ ေနာက္ဆုံး အေျခအေန မသိရေသးေပမဲ့၊ ဒီတိုက္ခိုက္မႈေတြဟာ ႏွစ္မ်ားစြာအတြင္း အဆိုးဆုံးပါလို႔ အစၥေရးရဲေတြက ေျပာပါတယ္။

အခုလို အျပန္အလွန္ တိုက္ခိုက္မႈေတြနဲ႔ တင္းမာမႈေတြ ျပင္းထန္ေနခ်ိန္မွာ လာမယ့္ရက္ပိုင္းအတြင္း ဒီေဒသကို သြားေရာက္မယ့္ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး အေနနဲ႔ အစၥေရးဘက္က စခဲ့တဲ့အတြက္ တာဝန္႐ွိမႈကို ကိုင္တြယ္ေျဖ႐ွင္းေပးဖို႔ အေမရိကန္အေျခစိုက္ အာရပ္အဖြဲ႔အစည္း ေခါင္းေဆာင္ေတြက ခ်ီကာဂိုၿမိဳ႕မွာ မေန႔က လူကိုယ္တိုင္ ေတြ႔ဆုံၿပီး ေတာင္းဆိုထားပါတယ္။

ဝန္ႀကီး Blinken ခရီးစဥ္မတိုင္ခင္ CIA အေမရိကန္ ဗဟိုေထာက္လွမ္းေရးေအဂ်င္စီ အႀကီးအကဲ William Burns က ေရွ ႔ေျပးအျဖစ္ ၿပီးခဲ့တဲ့ရက္ကိုင္းကတည္းက အစၥေရးကို ေရာက္႐ွိေနပါတယ္။ ႏိုင္ငံေတာ္လုံျခဳံေရး အၾကံေပး Jake Sullivan လည္း ၿပီးခဲ့တဲ့သီတင္းပတ္က အစၥေရး သြားခဲ့ပါေသးတယ္။

==== Unicode ===

အစ္စရေးနဲ့ ပါလက်စတိုင်းကြား တိုက်ခိုက်မှုတွေ ပို ပြင်းထန်လာနေချိန်မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken အဲ့ဒီဒေသကို သွားရောက်ဖို့ ရှိနေပါတယ်။ နှစ်ဘက် တင်းမာမှုတွေ လျှော့ချဖို့ အမေရိကန် နိုင်ငံခြားရေးဌာနက တောင်းဆိုထားပြီး လာမယ့်တနင်္လာနဲ့ အင်္ဂါနေ့မှာ နှစ်ဘက်ခေါင်းဆောင်တွေနဲ့ ဝန်ကြီးဘလင်ကန် တွေ့ဆုံမှာ ဖြစ်တယ်လို့ ပြောပါတယ်။

အစ္စရေး သိမ်းပိုက်ထားတဲ့ ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းမှာရှိတဲ့ ပါလက်စတိုင်း ဒုက္ခသည်စခန်းတခုကို အစ္စရေးစစ်တပ်က ဒီလ ၂၆ ရက်နေ့က စီးနင်းဝင်ရောက် တိုက်ခိုက်ခဲ့တာမှာ ပါလက်စတိုင်း ၉ ဦး သေဆုံးခဲ့ပါတယ်။ မနေ့ သောကြာနေ့ ကတော့ ဂျေရုစလင်မြို့ ဆင်ခြေဖုန်းမှာရှိတဲ့ အစ္စရေး ဘုရားကျောင်းတခုထဲ ပါလက်စတိုင်း သေနတ်သမားတဦး ဝင်ရောက်တိုက်ခိုက်လို့ လူ ၇ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ ဒီကနေ့မှာလည်း အလားတူ ပစ်ခတ်မှု ထပ်ဖြစ်ပြီး ၂ ဦး ဒဏ်ရာရခဲ့ရပါတယ်။ ဒဏ်ရာရသူတွေနဲ့ ပတ်သက်လို့ နောက်ဆုံး အခြေအနေ မသိရသေးပေမဲ့၊ ဒီတိုက်ခိုက်မှုတွေဟာ နှစ်များစွာအတွင်း အဆိုးဆုံးပါလို့ အစ္စရေးရဲတွေက ပြောပါတယ်။

အခုလို အပြန်အလှန် တိုက်ခိုက်မှုတွေနဲ့ တင်းမာမှုတွေ ပြင်းထန်နေချိန်မှာ လာမယ့်ရက်ပိုင်းအတွင်း ဒီဒေသကို သွားရောက်မယ့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အနေနဲ့ အစ္စရေးဘက်က စခဲ့တဲ့အတွက် တာဝန်ရှိမှုကို ကိုင်တွယ်ဖြေရှင်းပေးဖို့ အမေရိကန်အခြေစိုက် အာရပ်အဖွဲ့အစည်း ခေါင်းဆောင်တွေက ချီကာဂိုမြို့မှာ မနေ့က လူကိုယ်တိုင် တွေ့ဆုံပြီး တောင်းဆိုထားပါတယ်။

ဝန်ကြီး Blinken ခရီးစဉ်မတိုင်ခင် CIA အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ အကြီးအကဲ William Burns က ရှေ့ပြေးအဖြစ် ပြီးခဲ့တဲ့ရက်ကိုင်းကတည်းက အစ္စရေးကို ရောက်ရှိနေပါတယ်။ နိုင်ငံတော်လုံခြုံရေး အကြံပေး Jake Sullivan လည်း ပြီးခဲ့တဲ့သီတင်းပတ်က အစ္စရေး သွားခဲ့ပါသေးတယ်။

XS
SM
MD
LG