သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း- တရုတ် ပူးတွဲစစ်ရေးလေ့ကျင့်မှု အတွက် တိုက်လေယာဉ်တွေ တရုတ်စေလွှတ်


FILE - In this photo released by China's Xinhua News Agency, air force and naval aviation corps of the Eastern Theater Command of the Chinese People's Liberation Army (PLA) fly planes at an unspecified location in China, Aug. 4, 2022.
FILE - In this photo released by China's Xinhua News Agency, air force and naval aviation corps of the Eastern Theater Command of the Chinese People's Liberation Army (PLA) fly planes at an unspecified location in China, Aug. 4, 2022.

တရုတ်လေတပ်ဟာ တနင်္ဂနွေနေ့က ထိုင်းစစ်တပ်နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်ဖို့အတွက် တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲလေယာဉ်တွေကို ထိုင်းနိုင်ငံကို စေလွှတ်နေပါတယ်။ ဒီလေ့ကျင့်မှုမှာ လေကြောင်းကနေ ပံံ့ပိုးဖို့၊ မြေပြင်ပစ်မှတ်တွေကို တိုက်ခိုက်ဖို့နဲ့ တပ်ဖြန့်လေ့ကျင့်ရာမှာ အသေးစား၊ အကြီးစားအဆင့်တွေ ပါဝင်မယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုက်မှာ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

အာရှ-ပစိဖိတ်ဒေသမှာ တရုတ်ရဲ့ တိုးချဲ့စစ်ရေးလှုပ်ရှားမှုတွေဟာ အမေရိကန်နဲ့ သူ့ရဲ့မဟာမိတ်တွေကို ကို စိုးရိမ်ထိတ်လန့်စေတာပါ။ ဒါအပြင် ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံကြား တင်းမာမှုကိုကြီးထွားစေတဲ့ မဟာဗျူဟာနဲ့ စီးပွားရေးအရ ပြိုင်ဆိုင်မှုတွေထဲက ဒီစစ်ရေးလေ့ကျင့်မှုဟာ တစိတ်တပိုင်း ဖြစ်လာပါတယ်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin ကိုယ်တိုင်လည်း ဒေသတွင်းမဟာမိတ်တွေနဲ့ ဆက်ဆံရေး ခိုင်မာအားကောင်းစေဖို့ ကြိုးပမ်းမှု တစိတ်တပိုင်းအဖြစ် ထိုင်းနိုင်ငံကို ဇွန်လက သွားခဲ့တဲ့ ခရီးစဉ်မှာ အမေရိကန်အနေနဲ့ ဒေသတွင်း မဟာမိတ်တွေနဲ့ မိတ်ဖက်တွေနဲ့ ပြိုင်ဘက်ကင်းတဲ့ ကွန်ရက်ဆက်ဆံရေးကို တည်ဆောက်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

Falcon strike လို့ အမည်ပေးထားတဲ့ နှစ်စဉ်ကျင်းပတဲ့ စစ်ရေးလေ့ကျင့်မှုကို ထိုင်းနိုင်ငံမြောက်ပိုင်း လာအိုနယ်စပ်အနီး Udorn တော်ဝင်လေတပ်အခြေစိုက်စခန်းမှာ ပြုလုပ်မှာ ဖြစ်ပါတယ်။ ဒါအပြင် ထိုင်းတိုက်လေယာဉ်တွေနဲ့ ဝေဟင်ကနေ ကြိုတင်သတိပေးလေယာဉ်တွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။

=== Unicode ===





XS
SM
MD
LG