သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အေမရိကန္ကာကြယ္ေရး မဟာဗ်ဳဟာမွာ တ႐ုတ္စိန္ေခၚမႈ ထိပ္တန္းကပါဝင္


႐ုရွားဟာ ယူကရိန္းမွာဆိုးဝါးတဲ့စစ္ပြဲ ဆက္လက္ဆင္ႏႊဲၿပီး ႀကီးမားတဲ့ၿခိမ္းေျခာက္မႈလုပ္ေနခ်ိန္မွာပဲ တ႐ုတ္ကေတာ့ အေမရိကန္ႏိုင္ငံရဲ႕ အမ်ိဳးသားလုံၿခဳံေရးအက်ိဳးစီးပြါးကို စိန္ေခၚေနတဲ့ ထိပ္ဆုံးႏိုင္ငံအျဖစ္ရွိေနဆဲပဲလို႔ ပင္တာဂြန္စစ္ဌာနခ်ဳပ္ရဲ႕ အမ်ိဳးသားကာကြယ္ေရး မဟာဗ်ဴဟာဆိုင္ရာ ထုတ္ျပန္ခ်က္မွာ ေဖၚျပထားပါတယ္။

[[ ZAWGYI / UNICODE ]]

အေမရိကန္ကာကြယ္ေရး မဟာဗ်ဳဟာမွာ တ႐ုတ္စိန္ေခၚမႈ ထိပ္တန္းကပါဝင္

႐ုရွားဟာ ယူကရိန္းမွာ ဆိုးဝါးတဲ့စစ္ပြဲ ဆက္လက္ဆင္ႏႊဲၿပီး ႀကီးမားတဲ့ ၿခိမ္းေျခာက္မႈလုပ္ေနခ်ိန္မွာပဲ တ႐ုတ္ကေတာ့ အေမရိကန္ႏိုင္ငံရဲ႕ အမ်ိဳးသားလုံၿခဳံေရး အက်ိဳးစီးပြါးကို စိန္ေခၚေနတဲ့ ထိပ္ဆုံးႏိုင္ငံအျဖစ္ ဆက္ရွိေနဆဲပဲလို႔ အေမရိကန္ပင္တာဂြန္စစ္ဌာနခ်ဳပ္ရဲ႕ အမ်ိဳးသားကာကြယ္ေရး မဟာဗ်ဴဟာဆိုင္ရာ ေနာက္ဆုံးထုတ္ျပန္ခ်က္မွာ ေဖၚျပထားပါတယ္။

တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံဟာ အေမရိကန္အတြက္ တဦးတည္းေသာ ၿပိဳင္ဘက္အေနနဲ႔ ရွိေနၿပီး အင္အားႀကီးမားဖို႔ ႀကိဳးစားေနတာနဲ႔ အတူ၊ ကမာၻ႔ႏိုင္ငံေတြၾကား တည္ရွိမႈ အေနထားကို ေျပာင္းလဲဖို႔ပါ လုပ္ခ်င္ေနတာျဖစ္ေၾကာင္း အေမရိကန္ကာကြယ္ေရးဝန္ႀကီး Lloyd Austin က ၾကာသပေတးေန႔က ပင္တာဂြန္မွာ သတင္းေထာက္ေတြကို ေျပာၾကားခဲ့တာျဖစ္ပါတယ္။

တ႐ုတ္ဟာ စစ္ေရး၊ စီးပြါးေရး၊ နည္းပညာနဲ႔ သံတမန္ေရးလို က်ယ္ျပန႔္တဲ့ က႑ေတြမွာ အေမရိကန္ျပည္ေထာင္စုကို စနစ္တက် စိန္ေခၚႏိုင္စြမ္းရွိေအာင္ ဆက္ၿပီး ႀကိဳးစားေနတယ္လို႔ အမည္မေဖၚလိုတဲ့ ကာကြယ္ေရးဝန္ႀကီးဌာန အႀကီးတန္းအရာရွိတဦးက သတင္းေထာက္ေတြကို ေျပာပါတယ္။

တ႐ုတ္ရဲ႕ စိန္ေခၚမႈေၾကာင့္ တိုက္ခိုက္ေရးက႑အားလုံး အထူးသျဖင့္ အာကာသနဲ႔ ကြန္ပ်ဴတာ cyber တိုက္ခိုက္မႈေတြမွာ စြမ္းရည္ ပိုျမင့္မားဖို႔ လုပ္လာရတယ္လို႔လည္း ဝန္ႀကီး Austin ကေျပာပါတယ္။ အေမရိကန္နဲ႔ မဟာမိတ္ေတြ မိတ္ဖက္ေတြ အားလုံးအေပၚ ရန္လိုတဲ့ လုပ္ရပ္ေတြဟာ အက်ိဳးထက္ ေပးဆပ္မႈက ပိုမ်ားတယ္ဆိုတာကိုလည္း ရန္ဖက္ ျဖစ္လာႏိုင္ေျခရွိတဲ့ သူေတြအားလုံးကို ရွင္းရွင္းလင္းလင္း သတင္းစကား ပါးလိုေၾကာင္း ေျပာခဲ့တာပါ။

တ႐ုတ္နဲ႔ ႐ုရွားတို႔က အိမ္နီးခ်င္း ႏိုင္ငံေတြအေပၚ ရန္လိုမႈေတြ တိုးလာေနခ်ိန္မွာ အခုလို ကန႔္သတ္အဆင့္ သတ္မွတ္မထားတဲ့ အမ်ိဳးသားကာကြယ္ေရး မဟာဗ်ဴဟာ အစီရင္ခံစာကို ထုတ္ျပန္ခဲ့တာျဖစ္ၿပီး ကန႔္သတ္အဆင့္ထားတဲ့ အစီရင္ခံစာကိုေတာ့ ဒီႏွစ္ဆန္းပိုင္းက လႊတ္ေတာ္က ထုတ္ျပန္ခဲ့တာ ျဖစ္ပါတယ္။

==============

{{ UNICODE }}

အမေရိကန်ကာကွယ်ရေး မဟာဗျုဟာမှာ တရုတ်စိန်ခေါ်မှု ထိပ်တန်းကပါဝင်

ရုရှားဟာ ယူကရိန်းမှာ ဆိုးဝါးတဲ့စစ်ပွဲ ဆက်လက်ဆင်နွှဲပြီး ကြီးမားတဲ့ ခြိမ်းခြောက်မှုလုပ်နေချိန်မှာပဲ တရုတ်ကတော့ အမေရိကန်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေး အကျိုးစီးပွါးကို စိန်ခေါ်နေတဲ့ ထိပ်ဆုံးနိုင်ငံအဖြစ် ဆက်ရှိနေဆဲပဲလို့ အမေရိကန်ပင်တာဂွန်စစ်ဌာနချုပ်ရဲ့ အမျိုးသားကာကွယ်ရေး မဟာဗျူဟာဆိုင်ရာ နောက်ဆုံးထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံဟာ အမေရိကန်အတွက် တဦးတည်းသော ပြိုင်ဘက်အနေနဲ့ ရှိနေပြီး အင်အားကြီးမားဖို့ ကြိုးစားနေတာနဲ့ အတူ၊ ကမ္ဘာ့နိုင်ငံတွေကြား တည်ရှိမှု အနေထားကို ပြောင်းလဲဖို့ပါ လုပ်ချင်နေတာဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin က ကြာသပတေးနေ့က ပင်တာဂွန်မှာ သတင်းထောက်တွေကို ပြောကြားခဲ့တာဖြစ်ပါတယ်။

တရုတ်ဟာ စစ်ရေး၊ စီးပွါးရေး၊ နည်းပညာနဲ့ သံတမန်ရေးလို ကျယ်ပြန့်တဲ့ ကဏ္ဍတွေမှာ အမေရိကန်ပြည်ထောင်စုကို စနစ်တကျ စိန်ခေါ်နိုင်စွမ်းရှိအောင် ဆက်ပြီး ကြိုးစားနေတယ်လို့ အမည်မဖေါ်လိုတဲ့ ကာကွယ်ရေးဝန်ကြီးဌာန အကြီးတန်းအရာရှိတဦးက သတင်းထောက်တွေကို ပြောပါတယ်။

တရုတ်ရဲ့ စိန်ခေါ်မှုကြောင့် တိုက်ခိုက်ရေးကဏ္ဍအားလုံး အထူးသဖြင့် အာကာသနဲ့ ကွန်ပျူတာ cyber တိုက်ခိုက်မှုတွေမှာ စွမ်းရည် ပိုမြင့်မားဖို့ လုပ်လာရတယ်လို့လည်း ဝန်ကြီး Austin ကပြောပါတယ်။ အမေရိကန်နဲ့ မဟာမိတ်တွေ မိတ်ဖက်တွေ အားလုံးအပေါ် ရန်လိုတဲ့ လုပ်ရပ်တွေဟာ အကျိုးထက် ပေးဆပ်မှုက ပိုများတယ်ဆိုတာကိုလည်း ရန်ဖက် ဖြစ်လာနိုင်ခြေရှိတဲ့ သူတွေအားလုံးကို ရှင်းရှင်းလင်းလင်း သတင်းစကား ပါးလိုကြောင်း ပြောခဲ့တာပါ။

တရုတ်နဲ့ ရုရှားတို့က အိမ်နီးချင်း နိုင်ငံတွေအပေါ် ရန်လိုမှုတွေ တိုးလာနေချိန်မှာ အခုလို ကန့်သတ်အဆင့် သတ်မှတ်မထားတဲ့ အမျိုးသားကာကွယ်ရေး မဟာဗျူဟာ အစီရင်ခံစာကို ထုတ်ပြန်ခဲ့တာဖြစ်ပြီး ကန့်သတ်အဆင့်ထားတဲ့ အစီရင်ခံစာကိုတော့ ဒီနှစ်ဆန်းပိုင်းက လွှတ်တော်က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG