သံုးရလြယ္ကူေစသည့္ Link မ်ား

တ႐ုတ္ မိုးပ်ံပူေပါင္းေၾကာင့္ ကန္ဝန္ႀကီး တ႐ုတ္ခရီးစဥ္ ေ႐ႊ႕ဆိုင္း


(မွတ္တမ္း ဓါတ္ပုံ) အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken

=== [[ ZAWGYI ]] ===

တ႐ုတ္ မိုးပ်ံပူေပါင္းေၾကာင့္ ကန္ဝန္ႀကီး တ႐ုတ္ခရီးစဥ္ ေ႐ႊ႕ဆိုင္း

အေမရိကန္ ေဝဟင္ပိုင္နက္ အတြင္းမွာ တ႐ုတ္ မိုးပ်ံပူေပါင္းႀကီးတလုံး ပ်ံသန္းေနတာကို ေတြ႕ရွိၿပီးေနာက္မွာေတာ့ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken ရဲ႕ တ႐ုတ္ႏိုင္ငံ ေဘဂ်င္းၿမိဳ႕ေတာ္ ခရီးစဥ္ကို ဆိုင္းငံ့လိုက္ေၾကာင္း အေမရိကန္ ႏိုင္ငံျခားေရး ဌာနက ေျပာပါတယ္။

ေသာၾကာေန႔ မနက္ပိုင္းမွာဘဲ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး Blinken က တ႐ုတ္ ထိပ္တန္းသံတမန္ Wang Yi ကို ဆက္သြယ္ၿပီး အေမရိကန္ရဲ႕ စိုးရိမ္ခ်က္ေတြကို ေျပာၾကားခဲ့ပါတယ္။ "တ႐ုတ္ရဲ႕ ေၾကညာခ်က္ကို သိရွိထားပါေၾကာင္း၊ ဒါေပမဲ့ အေမရိကန္ရဲ႕ ေဝဟင္ပိုင္နက္အတြင္းမွာ ဒီမိုးပ်ံေဘာလုံးႀကီး ေရာက္လာတာဟာ အေမရိကန္ရဲ႕ အခ်ဳပ္အခ်ာအာဏာ ပိုင္မႈကို ခ်ိဳးေဖာက္မႈ ျဖစ္သလို ႏိုင္ငံတကာဥပေဒကို ခ်ိဳးေဖာက္မႈလည္း ျဖစ္တယ္၊ ဒီျဖစ္ရပ္ဟာ လက္သင့္ခံႏိုင္စရာ မရွိဘူးလို႔" အေမရိကန္ ႏိုင္ငံျခားေရးဌာန အႀကီးတန္း တာဝန္ရွိသူက ေသာၾကာေန႔မွာ ေျပာပါတယ္။

အေမရိကန္အစိုးရ ဌာနခ်င္း ေဆြးေႏြးမႈ၊ ေနာက္ လႊတ္ေတာ္နဲ႔ ေဆြးေႏြးမႈ အၿပီးမွာေတာ့ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Blinken အေနနဲ႔ အခု အေျခအေနကာလမ်ိဳးမွာ တ႐ုတ္ကို ခရီးသြားဖို႔ မသင့္ေတာ္ဘူးလို႔ အေမရိကန္က ဆုံးျဖတ္ေၾကာင္းလည္း အစိုးရ တာဝန္ရွိသူက ေျပာပါတယ္။

အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး Blinken က လာမယ့္ ရက္ပိုင္းအတြင္း တ႐ုတ္ျပည္ကို သြားေရာက္ၿပီး တ႐ုတ္ေခါင္းေဆာင္ Xi Jinping ၊ ေနာက္ တျခားေသာ ထိပ္တန္း တာဝန္ရွိသူေတြနဲ႔ ေတြ႕ဆုံေဆြးေႏြးဖို႔ ရွိေနတာပါ။ ခရီးစဥ္ ျပန္လည္သြားေရာက္မယ့္ အခ်ိန္ကိုလည္း အေမရိကန္ တာဝန္ရွိသူေတြက မေျပာပါဘူး။ အေမရိကန္ျပည္ေထာင္စု Alaska ကေန Montana ကို ဒီရက္ပိုင္းေတြ အတြင္း ပ်ံသန္းလာတဲ့ မိုးပ်ံ ပူေပါင္းႀကီးဟာ သူတို႔ပိုင္ျဖစ္ေၾကာင္း တ႐ုတ္က ေသာၾကာေန႔မွာ အတည္ျပဳပါတယ္။ ဒါေပမဲ့လည္း ဒါဟာ မိုးေလဝသ မိုးပ်ံပူေပါင္းျဖစ္ၿပီး မေတာ္တဆ လမ္းမွားသြားတာျဖစ္ေၾကာင္း တ႐ုတ္ကေျပာပါတယ္။ အေမရိကန္ ကာကြယ္ေရး ဝန္ႀကီးဌာနကေတာ့ ေထာက္လွမ္းေရး အခ်က္အလက္ စုေဆာင္းတဲ့ မိုးပ်ံပူေပါင္း ျဖစ္တယ္လို႔ ေျပာဆိုထားပါတယ္။

=== {{ UNICODE }} ===

တရုတ် မိုးပျံပူပေါင်းကြောင့် ကန်ဝန်ကြီး တရုတ်ခရီးစဉ် ရွှေ့ဆိုင်း

အမေရိကန် ဝေဟင်ပိုင်နက် အတွင်းမှာ တရုတ် မိုးပျံပူပေါင်းကြီးတလုံး ပျံသန်းနေတာကို တွေ့ရှိပြီးနောက်မှာတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ရဲ့ တရုတ်နိုင်ငံ ဘေဂျင်းမြို့တော် ခရီးစဉ်ကို ဆိုင်းငံ့လိုက်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဌာနက ပြောပါတယ်။

သောကြာနေ့ မနက်ပိုင်းမှာဘဲ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Blinken က တရုတ် ထိပ်တန်းသံတမန် Wang Yi ကို ဆက်သွယ်ပြီး အမေရိကန်ရဲ့ စိုးရိမ်ချက်တွေကို ပြောကြားခဲ့ပါတယ်။ "တရုတ်ရဲ့ ကြေညာချက်ကို သိရှိထားပါကြောင်း၊ ဒါပေမဲ့ အမေရိကန်ရဲ့ ဝေဟင်ပိုင်နက်အတွင်းမှာ ဒီမိုးပျံဘောလုံးကြီး ရောက်လာတာဟာ အမေရိကန်ရဲ့ အချုပ်အချာအာဏာ ပိုင်မှုကို ချိုးဖောက်မှု ဖြစ်သလို နိုင်ငံတကာဥပဒေကို ချိုးဖောက်မှုလည်း ဖြစ်တယ်၊ ဒီဖြစ်ရပ်ဟာ လက်သင့်ခံနိုင်စရာ မရှိဘူးလို့" အမေရိကန် နိုင်ငံခြားရေးဌာန အကြီးတန်း တာဝန်ရှိသူက သောကြာနေ့မှာ ပြောပါတယ်။

အမေရိကန်အစိုးရ ဌာနချင်း ဆွေးနွေးမှု၊ နောက် လွှတ်တော်နဲ့ ဆွေးနွေးမှု အပြီးမှာတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Blinken အနေနဲ့ အခု အခြေအနေကာလမျိုးမှာ တရုတ်ကို ခရီးသွားဖို့ မသင့်တော်ဘူးလို့ အမေရိကန်က ဆုံးဖြတ်ကြောင်းလည်း အစိုးရ တာဝန်ရှိသူက ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Blinken က လာမယ့် ရက်ပိုင်းအတွင်း တရုတ်ပြည်ကို သွားရောက်ပြီး တရုတ်ခေါင်းဆောင် Xi Jinping ၊ နောက် တခြားသော ထိပ်တန်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိနေတာပါ။ ခရီးစဉ် ပြန်လည်သွားရောက်မယ့် အချိန်ကိုလည်း အမေရိကန် တာဝန်ရှိသူတွေက မပြောပါဘူး။ အမေရိကန်ပြည်ထောင်စု Alaska ကနေ Montana ကို ဒီရက်ပိုင်းတွေ အတွင်း ပျံသန်းလာတဲ့ မိုးပျံ ပူပေါင်းကြီးဟာ သူတို့ပိုင်ဖြစ်ကြောင်း တရုတ်က သောကြာနေ့မှာ အတည်ပြုပါတယ်။ ဒါပေမဲ့လည်း ဒါဟာ မိုးလေဝသ မိုးပျံပူပေါင်းဖြစ်ပြီး မတော်တဆ လမ်းမှားသွားတာဖြစ်ကြောင်း တရုတ်ကပြောပါတယ်။ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနကတော့ ထောက်လှမ်းရေး အချက်အလက် စုဆောင်းတဲ့ မိုးပျံပူပေါင်း ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

XS
SM
MD
LG