သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အေမရိကန္ေဝဟင္ထဲက ေထာက္လွမ္းေရး မိုးပ်ံပူေဖာင္းႀကီး 


အေမရိကန္ျပည္ေထာင္စု မြန္တားနားျပည္နယ္ Billings ၿမိဳ႕ေကာင္းကင္ယံမွာ ေတြ႔ရတဲ့ ထာက္လွမ္းေရး မိုးပ်ံပူေဖာင္းႀကီး (ေဖေဖာ္ဝါရီ ၁၊ ၂၀၂၃)

တ႐ုတ္ေထာက္လွမ္းေရး မိုးပ်ံပူေဖာင္းႀကီးလို႔ သံသယံရွိတဲ့ မိုးပ်ံပူေဖာင္းႀကီးတလံုး ေဝဟင္အျမင့္မွာ ရက္ေတာ္ေတာ္ၾကာ ပ်ံသန္းေနတယ္လို႔ အေမရိကန္အစိုးရဘက္က ၾကာသပေတးေန႔က ေျပာၾကားခဲ့ၿပီးေနာက္ ဒီကိစၥနဲ႔ ပတ္သက္လို႔ သတင္းအခ်က္အလက္ အတည္ျပဳႏိုင္ေအာင္ ႀကိဳးစားေနတယ္လု႔ိ တ႐ုတ္အစိုးရက တံု႔ျပန္ပါတယ္။ တ႐ုတ္ႏိုင္ငံဟာ ႏိုင္ငံတကာ ဥပေဒကို ေလးစာလိုက္နာတဲ့ တိုင္းျပည္ျဖစ္ၿပီး တျခားႏိုင္ငံရဲ႕ ေလေၾကာင္း ပိုင္နက္ကို ခ်ိဳးေဖါက္မွာ မဟုတ္တဲ့အေၾကာင္း၊ ေအးေအးေဆးေဆး တုံျပန္ၾကဖို႔ တ႐ုတ္ႏိုင္ငံျခားေရး ဝန္ႀကီးဌာန ေျပာခြင့္ရ Mao Ning က ဒီေန႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုပါတယ္။ တိုက္ခ်င္းပစ္ မစ္ဇိုင္းဒံုးက်ည္ေတြထားတဲ့ အေမရိကန္ေလတပ္အေျခစိုက္စခန္း ၁ ခုရွိတဲ့ အေမရိကန္အေနာက္ေျမာက္ပိုင္းက Montana ျပည္နယ္ ေကာင္းကင္မွာ မိုးပ်ံပုူေဖာင္းႀကီးကို ဗုဒၶဟူးေန႔က ေတ႔ြရွိခဲ့တာျဖစ္ပါတယ္။ ခရီးသည္တင္ေလယာဥ္ေတြပ်ံသန္းတဲ့ ေကာင္းကင္အျမင့္ထက္ ပိုျမင့္တဲ့ေနရာမွာ မိုးပ်ံပူေဖာင္းႀကီး ပ်ံသန္းေနတာျဖစ္တဲ့အတြက္ စစ္ေရးအရေရာ ေျမျပင္က ျပည္သူေတြအတြက္ပါ အႏၲရာယ္ မရွိႏိုင္ဘူးလို႔ Pentagon စစ္ဌာနခ်ဳပ္ေျပာခြင့္ရ ဗိုလ္မွဴးခ်ဳပ္ Patrick Ryder ကေျပာပါတယ္။

မိုးပ်ံပူေဖာင္းႀကီးဘယ္သြားေနတယ္ဆိုတာ ေျမာက္အေမရိက ေလေၾကာင္း ကာကြယ္ေရးကြပ္ကဲေရးဌာန NORAD ကေျခရာခံလိုက္ၾကည့္ေနပါတယ္။ ဒါေပမဲ့ မိုးပ်ံပူေဖာင္းႀကီး ဘယ္နားေရာက္ေနသလဲဆိုတာ တာဝန္ရွိသူေတြက မေျပာပါဘူး။ ပူေဖာင္းႀကီးကို ပစ္ခ်လိုက္ရင္ အပ်က္အစီး အပိုင္းအစေတြ ေျမျပင္ကလူေတြကို ထိခိုက္ႏိုင္တာမို႔ ဒါမ်ဳိးမဟုတ္ဖို႔ အေမရိကန္စစ္တပ္တာဝန္ရွိသူေတြ အၾကံျပဳထားပါတယ္။ ေထာက္လွမ္းေရး မိုးပ်ံပူေဖာင္းႀကီးဟာ တ႐ုတ္ႏိုင္ငံကေန Alaska ကၽြန္းေတြကို ျဖတ္ၿပီး ကေနဒါ အေနာက္ေျမာက္ပိုင္းကေန အေမရိကန္ျပည္ေထာင္စုထဲကို ေရာက္လာတာျဖစ္တယ္လု႔ိ Pentagon စစ္ဌာနခ်ဳပ္က ေျပာပါတယ္။ အေမရိကန္ နယ္နမိတ္အတြင္း အေရးႀကီးတဲ့ ေနရာေတြက သတင္းအခ်က္အလက္ေတြ ရယူေနတာလို႔ ခိုင္ခိုင္မာမာ ယုံၾကည္တဲ့အေၾကာင္း ပန္တဂြန္ စစ္ဌာနခ်ဳပ္ ထိပ္တန္းအရာရွိေတြက ေျပာဆိုေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode]

အမေရိကန်ဝေဟင်ထဲက ထောက်လှမ်းရေး မိုးပျံပူဖောင်းကြီး

တရုတ်ထောက်လှမ်းရေး မိုးပျံပူဖောင်းကြီးလို့ သံသယံရှိတဲ့ မိုးပျံပူဖောင်းကြီးတလုံး ဝေဟင်အမြင့်မှာ ရက်တော်တော်ကြာ ပျံသန်းနေတယ်လို့ အမေရိကန်အစိုးရဘက်က ကြာသပတေးနေ့က ပြောကြားခဲ့ပြီးနောက် ဒီကိစ္စနဲ့ ပတ်သက်လို့ သတင်းအချက်အလက် အတည်ပြုနိုင်အောင် ကြိုးစားနေတယ်လု့ိ တရုတ်အစိုးရက တုံ့ပြန်ပါတယ်။ တရုတ်နိုင်ငံဟာ နိုင်ငံတကာ ဥပဒေကို လေးစာလိုက်နာတဲ့ တိုင်းပြည်ဖြစ်ပြီး တခြားနိုင်ငံရဲ့ လေကြောင်း ပိုင်နက်ကို ချိုးဖေါက်မှာ မဟုတ်တဲ့အကြောင်း၊ အေးအေးဆေးဆေး တုံပြန်ကြဖို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Mao Ning က ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။ တိုက်ချင်းပစ် မစ်ဇိုင်းဒုံးကျည်တွေထားတဲ့ အမေရိကန်လေတပ်အခြေစိုက်စခန်း ၁ ခုရှိတဲ့ အမေရိကန်အနောက်မြောက်ပိုင်းက Montana ပြည်နယ် ကောင်းကင်မှာ မိုးပျံပုူဖောင်းကြီးကို ဗုဒ္ဓဟူးနေ့က တေ့ွရှိခဲ့တာဖြစ်ပါတယ်။ ခရီးသည်တင်လေယာဉ်တွေပျံသန်းတဲ့ ကောင်းကင်အမြင့်ထက် ပိုမြင့်တဲ့နေရာမှာ မိုးပျံပူဖောင်းကြီး ပျံသန်းနေတာဖြစ်တဲ့အတွက် စစ်ရေးအရရော မြေပြင်က ပြည်သူတွေအတွက်ပါ အန္တရာယ် မရှိနိုင်ဘူးလို့ Pentagon စစ်ဌာနချုပ်ပြောခွင့်ရ ဗိုလ်မှူးချုပ် Patrick Ryder ကပြောပါတယ်။

မိုးပျံပူဖောင်းကြီးဘယ်သွားနေတယ်ဆိုတာ မြောက်အမေရိက လေကြောင်း ကာကွယ်ရေးကွပ်ကဲရေးဌာန NORAD ကခြေရာခံလိုက်ကြည့်နေပါတယ်။ ဒါပေမဲ့ မိုးပျံပူဖောင်းကြီး ဘယ်နားရောက်နေသလဲဆိုတာ တာဝန်ရှိသူတွေက မပြောပါဘူး။ ပူဖောင်းကြီးကို ပစ်ချလိုက်ရင် အပျက်အစီး အပိုင်းအစတွေ မြေပြင်ကလူတွေကို ထိခိုက်နိုင်တာမို့ ဒါမျိုးမဟုတ်ဖို့ အမေရိကန်စစ်တပ်တာဝန်ရှိသူတွေ အကြံပြုထားပါတယ်။ ထောက်လှမ်းရေး မိုးပျံပူဖောင်းကြီးဟာ တရုတ်နိုင်ငံကနေ Alaska ကျွန်းတွေကို ဖြတ်ပြီး ကနေဒါ အနောက်မြောက်ပိုင်းကနေ အမေရိကန်ပြည်ထောင်စုထဲကို ရောက်လာတာဖြစ်တယ်လု့ိ Pentagon စစ်ဌာနချုပ်က ပြောပါတယ်။ အမေရိကန် နယ်နမိတ်အတွင်း အရေးကြီးတဲ့ နေရာတွေက သတင်းအချက်အလက်တွေ ရယူနေတာလို့ ခိုင်ခိုင်မာမာ ယုံကြည်တဲ့အကြောင်း ပန်တဂွန် စစ်ဌာနချုပ် ထိပ်တန်းအရာရှိတွေက ပြောဆိုနေ ပါတယ်။

XS
SM
MD
LG