သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အေမရိကန္ Groundhog ေန႔မွာ ေဆာင္းရာသီကုန္ဖို႔ခန္႔မွန္း


Phil The Groundhog makes his prediction on how long winter will last, in Punxsutawney

အေမရိကန္ျပည္ေထာင္စု ပန္ဆယ္လ္ေဗးနီးယားျပည္နယ္ အေနာက္ပိုင္းၿမိဳ႕ေလးက Groundhog ေန႔ အခမ္းအနားမွာေတာ့ Groundhog ေပြးေကာင္ေလးက ေဆာင္းရာသီဟာ သီတင္းပတ္ ၆ ခု ပိုၿပီး ရွည္လ်ားမယ္လို႔ ခန္႔မွန္းလိုက္ပါတယ္။ Punxsutawney Phil လို႔ နာမည္ေပးထားတဲ႔ ေပြးေကာင္ေလးကို သစ္ေခါင္းထဲက ေခၚထုတ္ၿပီး ေမးျမန္းေလ့လာၾကတာပါ။

=== [[ ZAWGYI ]] ===

အေမရိကန္ Groundhog ေန႔မွာ ေဆာင္းရာသီကုန္ဖို႔ခန္႔မွန္း

အေမရိကန္ ျပည္ေထာင္စု ပန္ဆယ္လ္ေဗးနီးယား ျပည္နယ္ အေနာက္ပိုင္း ၿမိဳ႕ေလးက Groundhog ေန႔ အခမ္းအနားမွာေတာ့ Groundhog ေပြးေကာင္ေလးက ေဆာင္းရာသီဟာ သီတင္းပတ္ ၆ ခု ပိုၿပီး ရွည္လ်ားမယ္လို႔ ခန္႔မွန္းလိုက္ပါတယ္။

ႏွစ္စဥ္ Groundhog ေန႔ က်င္းပရာ Gobbler’s Knob မွာ ၾကာသပေတးေန႔မွာ လူေတြ စုေ၀း ေရာက္ရွိခဲ႔ၾကၿပီး Punxsutawney Phil လို႔ နာမည္ေပးထားတဲ႔ အဲဒီ ေပြးေကာင္ေလးကို အခမ္းအနား စီစဥ္သူေတြက မနက္ခင္း အာရုဏ္ဦးမွာ သူ႔ကို သစ္ေခါင္းထဲကေန ေခၚထုတ္ၿပီး သူ႔အရိပ္ကို သူျပန္ျမင္သလားဆိုတာကို ေလ႔လာၾကတာမွာ သူ႔အရိပ္ကို သူျပန္ျမင္တယ္လို႔ ေျပာၾကပါတယ္။

အစဥ္အဆက္ ဆိုရိုး အရေတာ့ ရွဥ့္ကေလးက သူ႔အရိပ္ကို သူျပန္ျမင္တယ္ဆိုရင္ ေဆာင္းကာလက သီတင္းပတ္ ၆ ခု ပိုၿပီး ရွည္မွာ ျဖစ္ၿပီး သူ႔အရိပ္ကို သူ ျပန္မျမင္ဘူးဆိုရင္ေတာ့ ေႏြဦးရာသီ ေစာၿပီး က်ေရာက္တာလို႔ ဆိုၾကပါတယ္။ ေပြးေကာင္ေလးကိုေတာ့ ေဒသခံ ဂုဏ္သေရရွိ ပုဂၢိဳလ္ေတြက ေကြ်းေမြးေစာင့္ေရွာက္ထားၿပီး Groundhog ေန႔ က်င္းပေရး တာ၀န္ယူၾကပါတယ္။

ပန္ဆယ္္ေဗးနီးယား ျပည္နယ္ Pittsburgh ၿမိဳ႕ရဲ႕ အေရွ႕ေျမာက္ဘက္ ၆၅ မိုင္ေလာက္မွာ ရွိတဲ႔ Punxsutawney မွာ ႏွစ္စဥ္ က်င္းပတဲ႔ Groundhog ေန႔ အခမ္းအနားကေတာ့ ဂ်ာမန္ ဒဏၰာရီလာ အေမြးပြ ရွဥ္႔မ်ိဳးစိတ္၀င္ တိရိစာၦန္ေလး တေကာင္ အေၾကာင္းကေန ဆင္းသက္လာတာပါ။ ဒီအခမ္းအနားကိုေတာ့ ႏွစ္စဥ္ လူေပါင္း ေထာင္ခ်ီ တက္ေရာက္ၾကပါတယ္။

အေမရိကန္ ေတာင္ပိုင္း တလႊားမွာ ေရခဲေတြ၊ ႏွင္းမိုးေတြနဲ႔ ဆီးႏွင္းက်တာေတြ ဆက္တိုက္ ျဖစ္ေနတဲ႔ သီတင္းပတ္ အတြင္းမွာဘဲ ေပြးေကာင္ေလး Phil က ဒီႏွစ္ အတြက္ အခုလို ခန္႔မွန္းလိုက္တာ ျဖစ္ပါတယ္။ ၁၈၈၇ ခုႏွစ္က စလို႔ မွတ္တမ္းေတြ အရ ဆိုရင္ေတာ့ ေပြးေကာင္ေလး Phil က ေဆာင္းရာသီကို အႀကိမ္ ၁၀၀ ေက်ာ္ ခန္႔မွန္းခဲ႔ပါတယ္။ ဒါေပမဲ႔ မွတ္တမ္းေတြ မသိမ္းခဲ႔တာေၾကာင့္ ဆယ္ႏွစ္တာ ကာလ အတြက္ေတာ့ ေပ်ာက္ဆံုးေနတယ္လို႔ စီစဥ္သူေတြက ေျပာပါတယ္။ ၂၀၂၁ ခုႏွစ္နဲ႔ ၂၀၂၂ ခုႏွစ္ အတြက္လည္း ေဆာင္းရာသီဟာ သီတင္းပတ္ ၆ ခုပိုၿပီး ရွည္လ်ားမယ္လို႔ ခန္႔မွန္းခဲ႔ပါတယ္။

အေမရိကန္ သမုဒၵရာနဲ႔ ေလထုဆုိင္ရာ ႀကီးၾကပ္ေရးဌာန (NOAA) ကေတာ့ ေပြးေကာင္ေလး Punxsutawney Phil ရဲ႕ ၿပီးခဲ႔တဲ႔ ၁၀ ႏွစ္တာ အတြင္း ခန္႔မွန္းခ်က္ေတြက အၾကမ္းဖ်ဥ္း ၄၀ ရာခိုင္ႏႈန္းေလာက္ဘဲ မွန္တယ္လို႔ အစီရင္ခံထားပါတယ္။

=== {{ UNICODE }} ===

အမေရိကန် Groundhog နေ့မှာ ဆောင်းရာသီကုန်ဖို့ခန့်မှန်း

အမေရိကန် ပြည်ထောင်စု ပန်ဆယ်လ်ဗေးနီးယား ပြည်နယ် အနောက်ပိုင်း မြို့လေးက Groundhog နေ့ အခမ်းအနားမှာတော့ Groundhog ပွေးကောင်လေးက ဆောင်းရာသီဟာ သီတင်းပတ် ၆ ခု ပိုပြီး ရှည်လျားမယ်လို့ ခန့်မှန်းလိုက်ပါတယ်။

နှစ်စဉ် Groundhog နေ့ ကျင်းပရာ Gobbler’s Knob မှာ ကြာသပတေးနေ့မှာ လူတွေ စုဝေး ရောက်ရှိခဲ့ကြပြီး Punxsutawney Phil လို့ နာမည်ပေးထားတဲ့ အဲဒီ ပွေးကောင်လေးကို အခမ်းအနား စီစဉ်သူတွေက မနက်ခင်း အာရုဏ်ဦးမှာ သူ့ကို သစ်ခေါင်းထဲကနေ ခေါ်ထုတ်ပြီး သူ့အရိပ်ကို သူပြန်မြင်သလားဆိုတာကို လေ့လာကြတာမှာ သူ့အရိပ်ကို သူပြန်မြင်တယ်လို့ ပြောကြပါတယ်။

အစဉ်အဆက် ဆိုရိုး အရတော့ ရှဉ့်ကလေးက သူ့အရိပ်ကို သူပြန်မြင်တယ်ဆိုရင် ဆောင်းကာလက သီတင်းပတ် ၆ ခု ပိုပြီး ရှည်မှာ ဖြစ်ပြီး သူ့အရိပ်ကို သူ ပြန်မမြင်ဘူးဆိုရင်တော့ နွေဦးရာသီ စောပြီး ကျရောက်တာလို့ ဆိုကြပါတယ်။ ပွေးကောင်လေးကိုတော့ ဒေသခံ ဂုဏ်သရေရှိ ပုဂ္ဂိုလ်တွေက ကျွေးမွေးစောင့်ရှောက်ထားပြီး Groundhog နေ့ ကျင်းပရေး တာဝန်ယူကြပါတယ်။ ပန်ဆယ််ဗေးနီးယား ပြည်နယ် Pittsburgh မြို့ရဲ့ အရှေ့မြောက်ဘက် ၆၅ မိုင်လောက်မှာ ရှိတဲ့ Punxsutawney မှာ နှစ်စဉ် ကျင်းပတဲ့ Groundhog နေ့ အခမ်းအနားကတော့ ဂျာမန် ဒဏ္ဏာရီလာ အမွေးပွ ရှဉ့်မျိုးစိတ်ဝင် တိရိစ္ဆာန်လေး တကောင် အကြောင်းကနေ ဆင်းသက်လာတာပါ။ ဒီအခမ်းအနားကိုတော့ နှစ်စဉ် လူပေါင်း ထောင်ချီ တက်ရောက်ကြပါတယ်။

အမေရိကန် တောင်ပိုင်း တလွှားမှာ ရေခဲတွေ၊ နှင်းမိုးတွေနဲ့ ဆီးနှင်းကျတာတွေ ဆက်တိုက် ဖြစ်နေတဲ့ သီတင်းပတ် အတွင်းမှာဘဲ ပွေးကောင်လေး Phil က ဒီနှစ် အတွက် အခုလို ခန့်မှန်းလိုက်တာ ဖြစ်ပါတယ်။ ၁၈၈၇ ခုနှစ်က စလို့ မှတ်တမ်းတွေ အရ ဆိုရင်တော့ ပွေးကောင်လေး Phil က ဆောင်းရာသီကို အကြိမ် ၁၀၀ ကျော် ခန့်မှန်းခဲ့ပါတယ်။ ဒါပေမဲ့ မှတ်တမ်းတွေ မသိမ်းခဲ့တာကြောင့် ဆယ်နှစ်တာ ကာလ အတွက်တော့ ပျောက်ဆုံးနေတယ်လို့ စီစဉ်သူတွေက ပြောပါတယ်။ ၂၀၂၁ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ် အတွက်လည်း ဆောင်းရာသီဟာ သီတင်းပတ် ၆ ခုပိုပြီး ရှည်လျားမယ်လို့ ခန့်မှန်းခဲ့ပါတယ်။

အမေရိကန် သမုဒ္ဒရာနဲ့ လေထုဆိုင်ရာ ကြီးကြပ်ရေးဌာန (NOAA) ကတော့ ပွေးကောင်လေး Punxsutawney Phil ရဲ့ ပြီးခဲ့တဲ့ ၁၀ နှစ်တာ အတွင်း ခန့်မှန်းချက်တွေက အကြမ်းဖျဉ်း ၄၀ ရာခိုင်နှုန်းလောက်ဘဲ မှန်တယ်လို့ အစီရင်ခံထားပါတယ်။

XS
SM
MD
LG